23. ထို့အပြင်ကိုယ်တော်သည်မိမိကရုဏာထား တော်မူသောငါတို့အား မိမိ၏ကြွယ်ဝသော ဘုန်းအသရေတော်ကိုဖူးမြင်စေရန်လည်း အလိုရှိတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေ တော်ကိုခံစားခွင့်ရစေရန်ကိုယ်တော်ပြင်ဆင် ထားသူများဖြစ်ကြသော ငါတို့အားထို ကြွယ်ဝသောဘုန်းအသရေကိုခံစားစေ တော်မူ၏။-
24. ငါတို့သည်ကိုယ်တော်ခေါ်ယူတော်မူသော သူများဖြစ်ကြ၏။ ကိုယ်တော်သည်ငါတို့ကို ခေါ်ယူရာတွင်ယုဒအမျိုးသားများအထဲ မှသာမက လူမျိုးခြားများအထဲမှ လည်းခေါ်ယူတော်မူသတည်း။
25. ဟောရှေကျမ်းတွင်ကိုယ်တော်ကငါ၏လူစုတော်မဟုတ်သူတို့ကို `ငါ၏လူစုတော်' ဟုငါခေါ်မည်။ငါမချစ်သောလူမျိုးကိုငါချစ်သောလူမျိုး ဟုငါခေါ်မည်။
26. မည်သည့်အရပ်၌မဆိုသင်တို့သည် `ငါ၏ လူစုတော်မဟုတ်' ဟုအခေါ်ခံရသောသူတို့သည်`အသက်ရှင်တော်မူသောဘုရားသခင်၏ သားများ' ဟုအခေါ်ခံရကြလိမ့်မည်''ဟူ၍မိန့်တော်မူပေသည်။-
27. ဣသရေလလူမျိုးနှင့်ပတ်သက်၍ဟေရှာယ က ``ဣသရေလအမျိုးသားတို့သည်ပင်လယ် ကမ်းခြေရှိသဲလုံးနှင့်အမျှများပြားစေကာ မူ သူတို့အထဲမှလူနည်းစုသာလျှင်ကယ်တင် ခြင်းကိုခံရကြလိမ့်မည်။-
28. အဘယ်ကြောင့်ဆိုသော်ဘုရားရှင်သည်ကမ္ဘာ ပေါ်ရှိလူအပေါင်းတို့ကိုမဆိုင်းမတွဘဲ အလျင်အမြန်တရားစီရင်တော်မူမည်ဖြစ် သောကြောင့်တည်း'' ဟုကြွေးကြော်ခဲ့၏။-
29. ထို့အပြင် ``အနန္တတန်ခိုးရှင်ထာဝရဘုရား သည်ငါတို့လူမျိုးမပျောက်ကွယ်သွားစေရန် ငါတို့သားမြေးအချို့တို့ကိုချမ်းသာပေး တော်မမူခဲ့လျှင် ငါတို့သည်သောဒုံမြို့နှင့် ဂေါမောရမြို့တို့၏ကံကြမ္မာနှင့်တွေ့ကြုံ ကြလိမ့်မည်'' ဟုယခင်ကဟေရှာယဖော်ပြ ခဲ့သည့်အတိုင်းပင်ဖြစ်ပေသည်။
30. ငါတို့ဆိုလိုသည်မှာဤသို့တည်း။ ဘုရား သခင်နှင့်မှန်ကန်စွာဆက်ဆံနိုင်ရန်မကြိုး ပမ်းသောလူမျိုးခြားတို့သည် ယုံကြည်ခြင်း အားဖြင့် ကိုယ်တော်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိကြ၏။-
31. သို့ရာတွင်ရွေးကောက်တော်မူခြင်းကိုခံရ သောလူစုတော်သည်ဘုရားသခင်နှင့်မှန်ကန် စွာဆက်သွယ်စေမည့်တရားဥပဒေကိုရှာ သော်လည်းမတွေ့ရှိကြ။-