ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 9:19-33 Common Language Bible (BCL)

19. ``ထို​သို့​ဖြစ်​ပါ​မူ​ဘု​ရား​သ​ခင်​သည်​လူ​တို့ ကို​အ​ဘယ်​သို့​လျှင်​အ​ပြစ်​တင်​နိုင်​ပါ​မည်​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​အ​လို​တော်​ကို ဆန့်​ကျင်​ဘက်​ပြု​နိုင်​ပါ​မည်​နည်း'' ဟူ​၍​မေး မြန်း​လို​သူ​ရှိ​လိမ့်​မည်။-

20. မိတ်​ဆွေ၊ သင်​သည်​အ​ဘယ်​သူ​ဖြစ်​၍​ဘု​ရား သ​ခင်​အား​ဤ​သို့​လျှောက်​ထား​နိုင်​သ​နည်း။ အ​ဖန်​ဆင်း​ခံ​က​ဖန်​ဆင်း​တော်​မူ​ရှင်​အား``အ​ရှင် သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား​ဤ​သို့ ဖန်​ဆင်း​တော်​မူ​ပါ​သ​နည်း'' ဟု​မေး​နိုင်​မည် လော။-

21. အိုး​ထိန်း​သည်​၌​ရွှံ့​စေး​ကို​မိ​မိ​အ​လို​ဆန္ဒ အ​တိုင်း​ပြု​လုပ်​ပိုင်​ခွင့်​ရှိ​သည်​မ​ဟုတ်​လော။ သူ​သည်​ရွှံ့​တုံး​တစ်​ခု​တည်း​မှ​အိုး​ကောင်း အိုး​ညံ့​ကို​ပြု​လုပ်​ပိုင်​သည်​မ​ဟုတ်​လော။

22. ဘု​ရား​သ​ခင်​သည်​လည်း​ဤ​နည်း​အ​တိုင်း​ပင်​ပြု တော်​မူ​သည်။ ကိုယ်​တော်​သည်​အ​မျက်​တော်​ကို​ပြ ရန်​နှင့် တန်​ခိုး​တော်​ကို​ထင်​ရှား​စေ​ရန်​အ​လို​ရှိ တော်​မူ​၏။ သို့​ရာ​တွင်​အ​မျက်​တော်​သင့်​၍​ပျက်​စီး ဆုံး​ရှုံး​ထိုက်​သူ​တို့​အား​အ​လွန်​သည်း​ခံ​တော် မူ​၏။-

23. ထို့​အ​ပြင်​ကိုယ်​တော်​သည်​မိ​မိ​က​ရု​ဏာ​ထား တော်​မူ​သော​ငါ​တို့​အား မိ​မိ​၏​ကြွယ်​ဝ​သော ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​စေ​ရန်​လည်း အ​လို​ရှိ​တော်​မူ​၏။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ တော်​ကို​ခံ​စား​ခွင့်​ရ​စေ​ရန်​ကိုယ်​တော်​ပြင်​ဆင် ထား​သူ​များ​ဖြစ်​ကြ​သော ငါ​တို့​အား​ထို ကြွယ်​ဝ​သော​ဘုန်း​အ​သ​ရေ​ကို​ခံ​စား​စေ တော်​မူ​၏။-

24. ငါ​တို့​သည်​ကိုယ်​တော်​ခေါ်​ယူ​တော်​မူ​သော သူ​များ​ဖြစ်​ကြ​၏။ ကိုယ်​တော်​သည်​ငါ​တို့​ကို ခေါ်​ယူ​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​များ​အ​ထဲ မှ​သာ​မ​က လူ​မျိုး​ခြား​များ​အ​ထဲ​မှ လည်း​ခေါ်​ယူ​တော်​မူ​သ​တည်း။

25. ဟော​ရှေ​ကျမ်း​တွင်​ကိုယ်​တော်​ကငါ​၏​လူ​စု​တော်​မ​ဟုတ်​သူ​တို့​ကို `ငါ​၏​လူ​စု​တော်' ဟု​ငါ​ခေါ်​မည်။ငါ​မ​ချစ်​သော​လူ​မျိုး​ကို​ငါ​ချစ်​သော​လူ​မျိုး ဟု​ငါ​ခေါ်​မည်။

26. မည်​သည့်​အ​ရပ်​၌​မ​ဆို​သင်​တို့​သည် `ငါ​၏ လူ​စု​တော်​မ​ဟုတ်' ဟု​အ​ခေါ်​ခံ​ရ​သော​သူ​တို့​သည်`အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ သား​များ' ဟု​အ​ခေါ်​ခံ​ရ​ကြ​လိမ့်​မည်''ဟူ​၍​မိန့်​တော်​မူ​ပေ​သည်။-

27. ဣသ​ရေ​လ​လူ​မျိုး​နှင့်​ပတ်​သက်​၍​ဟေ​ရှာ​ယ က ``ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပင်​လယ် ကမ်း​ခြေ​ရှိ​သဲ​လုံး​နှင့်​အ​မျှ​များ​ပြား​စေ​ကာ မူ သူ​တို့​အ​ထဲ​မှ​လူ​နည်း​စု​သာ​လျှင်​ကယ်​တင် ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။-

28. အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​ရှင်​သည်​ကမ္ဘာ ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​ကို​မ​ဆိုင်း​မ​တွ​ဘဲ အ​လျင်​အ​မြန်​တ​ရား​စီ​ရင်​တော်​မူ​မည်​ဖြစ် သော​ကြောင့်​တည်း'' ဟု​ကြွေး​ကြော်​ခဲ့​၏။-

29. ထို့​အ​ပြင် ``အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​ငါ​တို့​လူ​မျိုး​မ​ပျောက်​ကွယ်​သွား​စေ​ရန် ငါ​တို့​သား​မြေး​အ​ချို့​တို့​ကို​ချမ်း​သာ​ပေး တော်​မ​မူ​ခဲ့​လျှင် ငါ​တို့​သည်​သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​တို့​၏​ကံ​ကြမ္မာ​နှင့်​တွေ့​ကြုံ ကြ​လိမ့်​မည်'' ဟု​ယ​ခင်​က​ဟေ​ရှာ​ယ​ဖော်​ပြ ခဲ့​သည့်​အ​တိုင်း​ပင်​ဖြစ်​ပေ​သည်။

30. ငါ​တို့​ဆို​လို​သည်​မှာ​ဤ​သို့​တည်း။ ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​နိုင်​ရန်​မ​ကြိုး ပမ်း​သော​လူ​မျိုး​ခြား​တို့​သည် ယုံ​ကြည်​ခြင်း အား​ဖြင့် ကိုယ်​တော်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် ခွင့်​ကို​ရ​ရှိ​ကြ​၏။-

31. သို့​ရာ​တွင်​ရွေး​ကောက်​တော်​မူ​ခြင်း​ကို​ခံ​ရ သော​လူ​စု​တော်​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန် စွာ​ဆက်​သွယ်​စေ​မည့်​တ​ရား​ဥ​ပ​ဒေ​ကို​ရှာ သော်​လည်း​မ​တွေ့​ရှိ​ကြ။-

32. အ​ဘယ်​ကြောင့်​နည်း။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​၏​လုပ်​ဆောင်​ချက်​သည်​ဘု​ရား​သ​ခင် အား​ယုံ​ကြည်​မှု​အ​ပေါ်​၌​အ​ခြေ​မ​ပြု​ဘဲ မိ​မိ​တို့​၏​အ​ကျင့်​သီ​လ​အ​ပေါ်​၌​အ​ခြေ ပြု​သော​ကြောင့်​ဖြစ်​၏။ သို့​ဖြစ်​၍​ကျမ်း​စာ​တော် တွင်​ဖော်​ပြ​သည့်​ကျောက်​ကို​တိုက်​မိ​၍​လဲ ကြ​၏။-

33. ကျမ်း​စာ​တော်​တွင်၊``ကြည့်​လော့။လူ​တို့​တိုက်​မိ​၍​လဲ​စေ​ရန်​ကျောက်​တစ်​လုံး​ကို ဇိ​အုန်​တောင်​ပေါ်​မှာ​ငါ​ချထား​မည်။ထို​ကျောက်​ကို​လူ​တို့​တိုက်​မိ​၍​လဲ​ကြ​လိမ့်​မည်။သို့​ရာ​တွင်​ကိုယ်​တော်​ကို​ယုံ​ကြည်​သူ​သည် အ​ဘယ်​အ​ခါ​၌​မျှ​စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်''ဟု​ဖော်​ပြ​ပါ​ရှိ​သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 9