ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 8:26-36 Common Language Bible (BCL)

26. ထို​နည်း​အ​တိုင်း​ပင်​ဝိ​ညာဉ်​တော်​သည်​လည်း အား​နည်း​သော ငါ​တို့​အား​ကူ​မ​ရန်​ကြွ​လာ တော်​မူ​၏။ ငါ​တို့​သည်​အ​ဘယ်​သို့​ဆု​တောင်း ရ​မည်​ကို​မ​သိ​ကြ။ နှုတ်​ဖြင့်​မြွက်​ဆို​ဖော်​ပြ ရန်​မ​ဖြစ်​နိုင်​သော​ညည်း​တွား​သံ​ဖြင့် ဝိ​ညာဉ် တော်​ကိုယ်​တိုင်​ပင်​လျှင်​ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​ထံ​အ​သ​နား​ခံ​တော်​မူ​၏။-

27. လူ​တို့​စိတ်​နှ​လုံး​ကို​သိ​မြင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​ဝိ​ညာဉ်​တော်​၏​စိတ် သ​ဘော​ကို​လည်း​သိ​တော်​မူ​၏။ အ​ဘယ် ကြောင့်​ဆို​သော်​ဝိ​ညာဉ်​တော်​သည်​ဘု​ရား သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ ကိုယ်​တော် ၏​လူ​စု​တော်​အ​တွက်​အ​သ​နား​ခံ​တော် မူ​သော​ကြောင့်​ဖြစ်​၏။

28. ဘု​ရား​သ​ခင်​အား​ချစ်​မြတ်​နိုး​၍​ကိုယ်​တော် ၏​အ​ကြံ​တော်​နှင့်​အ​ညီ ခေါ်​ယူ​ရွေး​ကောက်​ခြင်း ကို​ခံ​ရ​သော​သူ​တို့​တွေ့​ကြုံ​ခံ​စား​ရ​သော အ​မှု​ခပ်​သိမ်း​တို့​မှ အ​ကျိုး​ပေါ်​ထွက်​လာ​စေ ရန်​ကိုယ်​တော်​သည်​သူ​တို့​နှင့်​အ​တူ​လုပ်​ဆောင် တော်​မူ​ကြောင်း​ငါ​တို့​သိ​ကြ​၏။-

29. ဘု​ရား​သ​ခင်​သည်​မိ​မိ​ရွေး​ချယ်​ထား​သူ​တို့ အား မိ​မိ​၏​သား​တော်​ကဲ့​သို့​ဖြစ်​လာ​ကြ​စေ ရန်​သီး​သန့်​ထား​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ ခြင်း​မှာ​သား​တော်​အား​ညီ​အ​မြောက်​အ​မြား ထဲ​တွင်​နောင်​တော်​ကြီး​ဖြစ်​စေ​ရန်​ပင်​တည်း။-

30. သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​သီး​သန့်​ထား​သူ တို့​ကို​ခေါ်​ယူ​တော်​မူ​၏။ ယင်း​သို့​ခေါ်​ယူ​တော် မူ​သော​သူ​တို့​အား မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ စေ​တော်​မူ​ပြီး​လျှင်​မိ​မိ​၏​ဘုန်း​အ​သ​ရေ တော်​ကို​ခံ​စား​ခွင့်​ပေး​တော်​မူ​၏။

31. အ​ထက်​ပါ​အ​ချက်​များ​ကို​ထောက်​၍​မည်​သို့ ဆို​ရ​အံ့​နည်း။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဘက် ၌​ရှိ​တော်​မူ​လျှင်​အ​ဘယ်​သူ​မျှ​ငါ​တို့​အား ဆန့်​ကျင်​နိုင်​မည်​မ​ဟုတ်။-

32. မိ​မိ​၏​သား​တော်​ရင်း​ကို​ပင်​မ​နှ​မြော​ဘဲ​ငါ တို့​ရှိ​သ​မျှ​အ​တွက် ယဇ်​အ​ဖြစ်​ပူ​ဇော်​တော် မူ​သော​ဘု​ရား​သ​ခင်​သည်​ဆန့်​ကျင်​မည်​မ​ဟုတ်။ ငါ​တို့​အ​တွက်​သား​တော်​ကို​ပူ​ဇော်​သော​အ​ရှင် သည်​အ​ရာ​ခပ်​သိမ်း​ကို ငါ​တို့​အား​မ​ပေး​ဘဲ အ​ဘယ်​သို့​နေ​တော်​မူ​မည်​နည်း။-

33. ဘု​ရား​သ​ခင်​ရွေး​ချယ်​ထား​တော်​မူ​သော​လူ တို့​အား အ​ဘယ်​သူ​သည်​ပြစ်​တင်​စွပ်​စွဲ​မည်​နည်း။ သူ​တို့​၌​အ​ပြစ်​မ​ရှိ​ကြောင်း​ဘု​ရား​သ​ခင် ကိုယ်​တော်​တိုင်​ထုတ်​ဖော်​ကြေ​ညာ​တော်​မူ​ပြီ။-

34. သို့​ဖြစ်​၍​သူ​တို့​အား​အ​ဘယ်​သူ​ပြစ်​ဒဏ် စီ​ရင်​မည်​နည်း။ ခ​ရစ်​တော်​စီ​ရင်​မည်​မ​ဟုတ်။ အ​သေ​ခံ​တော်​မူ​သည်​သာ​မ​က သေ​ခြင်း​မှ ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော​ခ​ရစ်​တော် ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​တွင်​ထိုင်​တော်​မူ​ကာ ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​အား​အ​သ​နား​ခံ​လျက်​နေ တော်​မူ​၏။-

35. သို့​ဖြစ်​၍​အ​ဘယ်​သူ​သည်​ငါ​တို့​အား​ခ​ရစ် တော်​၏​မေတ္တာ​တော်​နှင့်​ကွဲ​ကွာ​စေ​နိုင်​မည်​နည်း။ ဒုက္ခ​ရောက်​ခြင်း၊ ကျဉ်း​ကျပ်​ခြင်း၊ အ​ညှဉ်း​ပန်း ခံ​ရ​ခြင်း၊ ငတ်​မွတ်​ခြင်း၊ ဆင်း​ရဲ​နွမ်း​ပါး​ခြင်း၊ ဘေး​အန္တ​ရာယ်​နှင့်​တွေ့​ခြင်း၊ ကွပ်​မျက်​ခံ​ရ​ခြင်း တို့​သည်​ကိုယ်​တော်​၏​မေတ္တာ​တော်​နှင့်​ငါ​တို့​ကို ကွဲ​ကွာ​စေ​နိုင်​မည်​လော။

36. ``ကိုယ်​တော်​၏​အ​တွက်​အ​ကျွန်ုပ်​တို့​သည်တစ်​နေ့​လုံး​ပင်​သေ​ဘေး​နှင့်​ရင်​ဆိုင်​လျက် နေ​ကြ​ပါ​၏။သတ်​ရန်​လျာ​ထား​သော​သိုး​များ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို​သူ​တစ်​ပါး​မှတ်​တတ်​ကြ​ပါ​၏'' ဟူ​သော​ကျမ်း​စ​ကား​အ​တိုင်း​ဖြစ်​ပေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 8