ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 8:10-21 Common Language Bible (BCL)

10. သို့​သော်​သင်​တို့​တွင်​ခ​ရစ်​တော်​ကျိန်း​ဝပ်​တော် မူ​လျှင်​အ​ပြစ်​တ​ရား​ကြောင့် သင်​တို့​၏​ကိုယ်​ခန္ဓာ သေ​ရ​မည်​ဖြစ်​သော်​လည်း​သင်​တို့​၏​ဝိ​ညာဉ်​မူ ကား​ရှင်​လျက်​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သင် တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် ခွင့်​ကို​ရ​ရှိ​ပြီး​သော​ကြောင့်​တည်း။-

11. သ​ခင်​ယေ​ရှု​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် သည်​သင်​တို့​အ​ထဲ​၌​ကျိန်း​ဝပ်​တော်​မူ​လျှင် ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​အ​ရှင်​သည်​သင်​တို့​အ​ထဲ​၌ ကျိန်း​ဝပ်​သော မိ​မိ​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် သေ​တတ်​သော​သင်​တို့​၏​ကိုယ်​ခန္ဓာ​ကို​လည်း ရှင်​စေ​တော်​မူ​လိမ့်​မည်။

12. ထို့​ကြောင့်​ညီ​အစ်​ကို​တို့၊ ငါ​တို့​၌​တာ​ဝန်​ရှိ သော်​လည်း ယင်း​တာ​ဝန်​မှာ​လူ့​ဇာ​တိ​အ​လို သို့​လိုက်​၍​ပြု​မူ​ကျင့်​ကြံ​ရန်​မ​ဟုတ်။-

13. အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည် မိ​မိ​တို့ ၏​လူ့​ဇာ​တိ​အ​လို​သို့​လိုက်​၍​ပြု​မူ​ကျင့်​ကြံ ပါ​က​သေ​ရ​ကြ​မည်။ သို့​သော်​မိ​မိ​တို့​၏ အ​ကျင့်​ဆိုး​များ​ကို​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ဆက်​ဖြတ်​ကြ​မည်​ဆို​လျှင်​မူ​ကား အ​သက်​ရှင်​ကြ​လိမ့်​မည်။-

14. ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ရှေ့​ဆောင်​လမ်း​ပြ မှု​ကို​ခံ​ယူ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏ သား​များ​ဖြစ်​ကြ​၏။-

15. ဘု​ရား​သ​ခင်​ထံ​တော်​မှ​သင်​တို့​ခံ​ယူ​ရ​ရှိ သည့်​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ကျွန်​ဖြစ် စေ​သည်​မ​ဟုတ်။ ကြောက်​စိတ်​ကို​လည်း​ရှိ​စေ သည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​စေ တော်​မူ​သ​ဖြင့် ငါ​တို့​သည်​ဝိ​ညာဉ်​တော်​၏ တန်​ခိုး​ဖြင့်​ဘု​ရား​သခင်​အား``အဗ္ဗ၊ အဖ'' ဟု ခေါ်​ကြ​၏။-

16. ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ် ကြ​ကြောင်း​ကို​ဝိ​ညာဉ်​တော်​ကိုယ်​တိုင်​ပင်​လျှင် ငါ​တို့​၏​ဝိ​ညာဉ်​နှင့်​အ​တူ​သက်​သေ​ခံ​တော် မူ​၏။-

17. ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ ဖြစ်​သ​ဖြင့်​ကိုယ်​တော်​၏​လူ​စု​တော်​အ​တွက် ကိုယ်​တော်​လျာ​ထား​တော်​မူ​သော​ကောင်း​ချီး မင်္ဂလာ​များ​ကို​ခံ​စား​ရ​ကြ​မည်။ ခ​ရစ်​တော် အ​တွက်​ဘု​ရား​သ​ခင်​လျာ​ထား​တော်​မူ သည့်​ဂုဏ်​အ​သ​ရေ​ကို​လည်း​ခံ​စား​ရ​ကြ မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ​ဝေ​ဒ​နာ​ခံ​စား​ကြ လျှင် ကိုယ်​တော်​နှင့်​အ​တူ​ဘုန်း​အ​သ​ရေ တော်​ခံ​စား​ရ​ကြ​မည်​ဖြစ်​သော​ကြောင့် တည်း။

18. ယ​ခု​မျက်​မှောက်​ကာ​လ​၌​ငါ​တို့​ခံ​ရ​ကြ​သည့် ဒုက္ခ​ဆင်း​ရဲ​ကို​နောင်​အ​ခါ​၌ ငါ​တို့​အား​ပေါ် လွင်​ထင်​ရှား​မည့်​ဘုန်း​အ​သ​ရေ​တော်​နှင့်​နှိုင်း ယှဉ်​၍​မ​ရ​ဟု​ငါ​ယုံ​ကြည်​၏။-

19. ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​သား​များ​ကို​ပေါ် လွင်​ထင်​ရှား​စေ​မည့်​အ​ခြင်း​အ​ရာ​ကို အ​ဖန် ဆင်း​ခံ​ကမ္ဘာ​လော​က​တစ်​ခု​လုံး​က​အ​လွန် တောင့်​တ​စောင့်​မျှော်​လျက်​ရှိ​၏။-

20. ဘု​ရား​သ​ခင်​သည်​ထို​အ​ဖန်​ဆင်း​ခံ​ကမ္ဘာ လော​က​ကို​အ​နတ္တ​ဖြစ်​စေ​ရန်​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​၏။ ထို​သို့​ဖြစ်​စေ​ခြင်း​မှာ​ကမ္ဘာ လော​က​၏​အ​လို​ဆန္ဒ​ကြောင့်​မ​ဟုတ်။ ဘု​ရား သ​ခင်​၏​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ချက်​ကြောင့် ဖြစ်​၏။ သို့​ရာ​တွင်​မျှော်​လင့်​ချက်​ရှိ​၏။-

21. ထို​မျှော်​လင့်​ချက်​မှာ​တစ်​နေ့​သော​အ​ခါ​၌ အ​ဖန်​ဆင်း​ခံ​ကမ္ဘာ​လော​က​သည်​ဖောက်​ပြန် ပျက်​စီး​ခြင်း​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​၍ ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​နှင့်​အ​တူ လွတ်​လပ်​မှု​ဘုန်း​အ​သ​ရေ​ကို​ခံ​စား​ခွင့် ရ​ရှိ​လိမ့်​မည်​ဖြစ်​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 8