ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 8:1-15 Common Language Bible (BCL)

1. သို့​ဖြစ်​၍​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​အ​ပြစ် ဒဏ်​စီ​ရင်​ခြင်း​နှင့်​ယ​ခု​ကင်း​လွတ်​ကြ​၏။-

2. အ​ဘယ်​ကြောင့်​ဆို​သော်​ခရစ်​တော်​ယေ​ရှု​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​သည့် ဝိ​ညာဉ်​တော်​နှင့် ဆိုင်​သော​တ​ရား​သည်​သေ​ခြင်း​တ​ရား​နှင့် အ​ပြစ် တ​ရား​၏​လက်​မှ​ငါ​တို့​ကို​လွတ်​မြောက်​စေ​သော ကြောင့်​တည်း။-

3. လူ့​ဇာ​တိ​သ​ဘော​အား​နည်း​မှု​ကြောင့်​ပ​ညတ် တ​ရား​က မ​ဆောင်​ရွက်​ပေး​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​က​ဆောင်​ရွက်​ပေး​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ့​ဇာ​တိ​သ​ဘော​တွင်​သက် ရှင်​လှုပ်​ရှား​သည့်​အ​ပြစ်​တ​ရား​ကို​အ​ပြစ် ဒဏ်​စီ​ရင်​ရန် မိ​မိ​၏​သား​တော်​အား​လော​က သို့​စေ​လွှတ်​တော်​မူ​၏။ သား​တော်​သည်​အ​ပြစ် တ​ရား​ကို​ဖျက်​ဆီး​ပစ်​ရန်​လူ့​ဇာ​တိ​ကို ခံ​ယူ​တော်​မူ​သည်။-

4. ဤ​သို့​ဘု​ရား​သ​ခင်​အ​ရေး​ယူ​ဆောင်​ရွက်​တော် မူ​ရ​ခြင်း​မှာ ငါ​တို့​သည်​လူ့​ဇာ​တိ​သ​ဘော​နှင့် အ​ညီ​မ​ဟုတ်​ဘဲ၊ ဝိ​ညာဉ်​တော်​၏​အ​လို​တော် နှင့်​အ​ညီ​အ​သက်​ရှင်​ကြ​သော​ငါ​တို့​သည် ပ​ညတ်​တ​ရား​ပြ​ဋ္ဌာန်း​သည့်​အ​ကျင့်​များ ကို​လိုက်​နာ​ကျင့်​သုံး​ကြ​စေ​ရန်​ဖြစ်​သည်။-

5. လူ့​ဇာ​တိ​သ​ဘော​၏​စေ​ခိုင်း​မှု​အ​ရ​အ​သက် ရှင်​သူ​တို့​သည် လူ့​ဇာ​တိ​သ​ဘော​နှင့်​ဆိုင်​သော အ​ရာ​များ​ကို​သာ​စိတ်​စွဲ​လမ်း​ကြ​၏။ သို့​ရာ တွင်​ဝိ​ညာဉ်​တော်​၏​ညွှန်​ကြား​ချက်​အ​ရ အ​သက်​ရှင်​သူ​တို့​မူ​ကား ဝိ​ညာဉ်​တော်​အ​လို ရှိ​သော​အ​ရာ​များ​ကို​စိတ်​စွဲ​လမ်း​ကြ​၏။-

6. ဇာတိ​သ​ဘော​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​စိတ် စွဲ​လမ်း​သူ​သည်​အ​သက်​သေ​လိမ့်​မည်။ ဝိ​ညာဉ် တော်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​စိတ်​စွဲ​လမ်း သူ​ကား အ​သက်​ရှင်​သန်​၍​ငြိမ်​သက်​ခြင်း​ကို ရ​ရှိ​လိမ့်​မည်။-

7. ဇာ​တိ​သ​ဘော​ဆိုင်​ရာ​အ​ရာ​များ​ကို​စိတ်​စွဲ လမ်း​သူ​သည် ဘု​ရား​သ​ခင်​အား​ရန်​ဖက်​ပြု​သူ ဖြစ်​၏။ ထို​သို့​စိတ်​စွဲ​လမ်း​သူ​သည်​ဘု​ရား​သ​ခင် ၏​တ​ရား​တော်​ကို​မ​လိုက်​လျှောက်။ အ​ကယ်​ပင် မ​လိုက်​လျှောက်​နိုင်။-

8. မိ​မိ​တို့​ဇာ​တိ​သ​ဘော​အ​လို​အ​တိုင်း​ပြု ကျင့်​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​စိတ်​တော် နှင့်​မ​တွေ့​နိုင်။

9. သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ​၌​အ​ကယ်​ပင်​ကျိန်း​ဝပ်​တော်​မူ လျှင် သင်​တို့​သည်​ဇာ​တိ​သ​ဘော​လှုံ့​ဆော်​သည့် အ​တိုင်း​မ​ဟုတ်​ဘဲ​ဝိ​ညာဉ်​တော်​သွန်​သင်​သည့် အ​တိုင်း​ပြု​မူ​ကျင့်​ကြံ​၏။ ခ​ရစ်​တော်​၏​ဝိ​ညာဉ် တော်​မ​ကျိန်း​ဝပ်​သော​သူ​သည်​ခ​ရစ်​တော်​နှင့် မည်​သို့​မျှ​မ​သက်​ဆိုင်။-

10. သို့​သော်​သင်​တို့​တွင်​ခ​ရစ်​တော်​ကျိန်း​ဝပ်​တော် မူ​လျှင်​အ​ပြစ်​တ​ရား​ကြောင့် သင်​တို့​၏​ကိုယ်​ခန္ဓာ သေ​ရ​မည်​ဖြစ်​သော်​လည်း​သင်​တို့​၏​ဝိ​ညာဉ်​မူ ကား​ရှင်​လျက်​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သင် တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် ခွင့်​ကို​ရ​ရှိ​ပြီး​သော​ကြောင့်​တည်း။-

11. သ​ခင်​ယေ​ရှု​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် သည်​သင်​တို့​အ​ထဲ​၌​ကျိန်း​ဝပ်​တော်​မူ​လျှင် ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​အ​ရှင်​သည်​သင်​တို့​အ​ထဲ​၌ ကျိန်း​ဝပ်​သော မိ​မိ​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် သေ​တတ်​သော​သင်​တို့​၏​ကိုယ်​ခန္ဓာ​ကို​လည်း ရှင်​စေ​တော်​မူ​လိမ့်​မည်။

12. ထို့​ကြောင့်​ညီ​အစ်​ကို​တို့၊ ငါ​တို့​၌​တာ​ဝန်​ရှိ သော်​လည်း ယင်း​တာ​ဝန်​မှာ​လူ့​ဇာ​တိ​အ​လို သို့​လိုက်​၍​ပြု​မူ​ကျင့်​ကြံ​ရန်​မ​ဟုတ်။-

13. အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည် မိ​မိ​တို့ ၏​လူ့​ဇာ​တိ​အ​လို​သို့​လိုက်​၍​ပြု​မူ​ကျင့်​ကြံ ပါ​က​သေ​ရ​ကြ​မည်။ သို့​သော်​မိ​မိ​တို့​၏ အ​ကျင့်​ဆိုး​များ​ကို​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ဆက်​ဖြတ်​ကြ​မည်​ဆို​လျှင်​မူ​ကား အ​သက်​ရှင်​ကြ​လိမ့်​မည်။-

14. ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ရှေ့​ဆောင်​လမ်း​ပြ မှု​ကို​ခံ​ယူ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏ သား​များ​ဖြစ်​ကြ​၏။-

15. ဘု​ရား​သ​ခင်​ထံ​တော်​မှ​သင်​တို့​ခံ​ယူ​ရ​ရှိ သည့်​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ကျွန်​ဖြစ် စေ​သည်​မ​ဟုတ်။ ကြောက်​စိတ်​ကို​လည်း​ရှိ​စေ သည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​စေ တော်​မူ​သ​ဖြင့် ငါ​တို့​သည်​ဝိ​ညာဉ်​တော်​၏ တန်​ခိုး​ဖြင့်​ဘု​ရား​သခင်​အား``အဗ္ဗ၊ အဖ'' ဟု ခေါ်​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 8