ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 7:8-15 Common Language Bible (BCL)

8. အ​ပြစ်​တ​ရား​သည်​ငါ​တို့​အား​ထို​ပ​ညတ် တော်​ကို​သ​တိ​ရ​စေ​ကာ ငါ​တို့​၏​စိတ်​အ​တွင်း ၌​တစ်​ကိုယ်​ကောင်း​ကြံ​စည်​မှု​အ​မျိုး​မျိုး​တို့ ကို​ဖြစ်​ပေါ်​စေ​၏။ တ​ရား​ဥ​ပ​ဒေ​သာ​မ​ရှိ လျှင်​အ​ပြစ်​တ​ရား​သည်​သေ​လျက်​နေ​၏။-

9. ငါ​သည်​တရား​ဥ​ပ​ဒေ​နှင့်​ကင်း​လျက်​အ​သက် ရှင်​ခဲ့​သည့်​အ​ချိန်​ရှိ​ခဲ့​ဖူး​၏။ သို့​သော်​ပ​ညတ် တော်​ကို​ငါ​သိ​ရှိ​လာ​သည်​နှင့်​တစ်​ပြိုင်​နက် အ​ပြစ်​တ​ရား​သည်​ရှင်​သန်​လာ​၏။-

10. ထို့​နောက်​ငါ​သည်​သေ​ရ​၏။ ငါ့​အား​အ​သက်​ရှင် စေ​ရန်​ပေး​အပ်​သည့်​ပ​ညတ်​တော်​က​ပင်​လျှင် ငါ​၏​အ​သက်​ကို​သေ​စေ​လေ​သည်။-

11. အ​ပြစ်​တရား​သည်​အ​ခွင့်​ရ​ကာ​ပ​ညတ်​တော် အား​ဖြင့် ငါ့​ကို​လှည့်​စား​၍​ငါ့​အား​သေ​စေ ၏။

12. ထို့​ကြောင့်​ပ​ညတ်​တ​ရား​သည်​မြင့်​မြတ်​သန့်​ရှင်း ၏။ ပ​ညတ်​တော်​သည်​လည်း​မြင့်​မြတ်​သန့်​ရှင်း မှန်​ကန်​ကောင်း​မြတ်​၏။-

13. သို့​ဖြစ်​လျှင်​ကောင်း​မြတ်​သည့်​အ​ရာ​က​ငါ့​အား သေ​စေ​သ​လော။ မ​သေ​စေ​နိုင်​ရာ။ ငါ့​အား​သေ​စေ သော​အ​ရာ​မှာ​အ​ပြစ်​တ​ရား​ဖြစ်​ပေ​သည်။ အ​ပြစ် တ​ရား​သည် ၎င်း​၏​ပင်​ကို​သ​ဘော​သ​ဘာ​ဝ​ကို ပေါ်​လွင်​ထင်​ရှား​စေ​ရန် ကောင်း​မြတ်​သည့်​အ​ရာ ကို​အ​သုံး​ပြု​၍​ငါ့​ကို​သေ​စေ​ခြင်း​သာ​ဖြစ်​၏။ သို့​ဖြစ်​၍​အ​ပြစ်​တ​ရား​သည်​မည်​မျှ​ဆိုး​ရွား ကြောင်း​ကို​ပ​ညတ်​တော်​အား​ဖြင့်​သိ​ရ​၏။

14. ပ​ညတ်​တ​ရား​သည်​ဝိ​ညာဉ်​ရေး​နှင့်​ဆိုင်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည်​အ​ပြစ် တ​ရား​၏​ကျွန်​ဖြစ်​သည့်​လူ​သား​ဖြစ်​၏။-

15. မိ​မိ​ကိုယ်​တိုင်​ပြု​သည့်​အ​မှု​ကို​ပင်​နား​မ​လည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မိ​မိ​ပြု​ကျင့်​လို​သည့် အ​တိုင်း​မ​ပြု​ကျင့်​ဘဲ မိ​မိ​ရွံ​မုန်း​သည့်​အ​မှု ကို​သာ​ပြု​သော​ကြောင့်​ဖြစ်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 7