ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 7:3-10 Common Language Bible (BCL)

3. သို့​ဖြစ်​၍​သူ​သည်​မိ​မိ​ခင်​ပွန်း​အ​သက်​ရှင်​လျက် ရှိ​စဉ်​အ​ခြား​လူ​တစ်​ယောက်​နှင့်​ပေါင်း​သင်း​နေ ထိုင်​ပါ​မူ မျောက်​မ​ထား​သူ​ဟု​အ​ခေါ်​ခံ​ရ​မည် ဖြစ်​သော်​လည်း ခင်​ပွန်း​သေ​ဆုံး​လျှင်​မူ​ကား တ​ရား​ဥ​ပ​ဒေ​နှင့်​ကင်း​လွတ်​သွား​ပြီ​ဖြစ်​၍ အ​ခြား​လူ​တစ်​ယောက်​နှင့်​ထိမ်း​မြား​စုံ​ဖက်​လျှင် မျောက်​မ​ထား​သူ​မ​ဖြစ်​တော့​ပေ။-

4. ညီ​အစ်​ကို​တို့၊ ဤ​အ​ချက်​သည်​သင်​တို့​နှင့် လည်း​သက်​ဆိုင်​ပေ​သည်။ သင်​တို့​သည်​ခ​ရစ်​တော် ၏​ကိုယ်​အင်္ဂါ​ဖြစ်​သ​ဖြင့် ပ​ညတ်​တ​ရား​အောက် တွင်​ရှင်​သော​ဘ​ဝ​ကို​စွန့်​လွှတ်​ခဲ့​ကြ​လေ​ပြီ။ ဘု​ရား​သ​ခင်​အ​တွက်​အ​သုံး​ဝင်​သူ​များ ဖြစ်​လာ​ကြ​စေ​ရန် သင်​တို့​သည်​သေ​ခြင်း​မှ ဘု​ရား​သ​ခင်​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ သော​ခ​ရစ်​တော်​၏​ဘက်​တော်​သား​များ​ဖြစ် ကြ​လေ​ပြီ။-

5. ငါ​တို့​သည်​လူ့​ဇာ​တိ​သ​ဘော​ကို​လိုက်​လျော ၍ အ​သက်​ရှင်​ကြ​စဉ်​အ​ခါ​က​ပ​ညတ်​တ​ရား ၏​လှုံ့​ဆော်​ချက်​အ​ရ​အ​ပြစ်​ကူး​လို​စိတ်​သည် ငါ​တို့​ကိုယ်​ခန္ဓာ​အ​တွင်း​၌​ထ​ကြွ​လှုပ်​ရှား ကာ​ငါ​တို့​ပြု​သ​မျှ​သည်​သေ​မင်း​အ​ဖို့ ဖြစ်​ခဲ့​၏။-

6. ပ​ညတ်​တ​ရား​သည်​အ​ခါ​တစ်​ပါး​က​ငါ​တို့ အား​ချုပ်​နှောင်​ခဲ့​၏။ ယင်း​သို့​ချုပ်​နှောင်​ခြင်း​ခံ​ရ သော​ဘ​ဝ​ကို​စွန့်​လွှတ်​ခဲ့​ပြီ​ဖြစ်​၍ ယ​ခု​အ​ခါ မှာ​မူ​ငါ​တို့​သည်​ပ​ညတ်​တ​ရား​၏​လက်​အောက် မှ​လွတ်​မြောက်​ကြ​ပြီ။ ယ​ခု​အ​ခါ​၌​ငါ​တို့ သည်​အက္ခ​ရာ​တင်​ထား​သည့်​တ​ရား​ဥ​ပ​ဒေ လမ်း​စဉ်​ဟောင်း​အ​ရ​မ​ဟုတ်​တော့​ဘဲ ဝိ​ညာဉ် တော်​၏​လမ်း​စဉ်​သစ်​အ​ရ​အ​မှု​ဆောင်​ရွက် ကြ​ပေ​သည်။

7. သို့​ဖြစ်​လျှင်​ငါ​တို့​မည်​သို့​ဆို​ရ​မည်​နည်း။ ပ​ညတ်​တ​ရား​သည်​ဆိုး​ယုတ်​သည့်​အ​ရာ​ဖြစ် သည်​ဟု​ဆို​ရ​မည်​လော။ သို့​ရာ​တွင်​အ​ပြစ်​ဟူ သည်​မှာ​အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို ငါ့​အား ပ​ညတ်​တ​ရား​က​သိ​ရှိ​စေ​၏။ အ​ကယ်​၍ ပ​ညတ်​တော်​က ``လော​ဘ​လွန်​ကူး​ခြင်း​မ​ရှိ နှင့်'' ဟု​မ​ဆို​လျှင်​လော​ဘ​လွန်​ကူး​ခြင်း ဟူ​သည်​မှာ​အ​ဘယ်​အ​ရာ​ဖြစ်​ကြောင်း​ကို ငါ​သိ​ရှိ​လိမ့်​မည်​မ​ဟုတ်။-

8. အ​ပြစ်​တ​ရား​သည်​ငါ​တို့​အား​ထို​ပ​ညတ် တော်​ကို​သ​တိ​ရ​စေ​ကာ ငါ​တို့​၏​စိတ်​အ​တွင်း ၌​တစ်​ကိုယ်​ကောင်း​ကြံ​စည်​မှု​အ​မျိုး​မျိုး​တို့ ကို​ဖြစ်​ပေါ်​စေ​၏။ တ​ရား​ဥ​ပ​ဒေ​သာ​မ​ရှိ လျှင်​အ​ပြစ်​တ​ရား​သည်​သေ​လျက်​နေ​၏။-

9. ငါ​သည်​တရား​ဥ​ပ​ဒေ​နှင့်​ကင်း​လျက်​အ​သက် ရှင်​ခဲ့​သည့်​အ​ချိန်​ရှိ​ခဲ့​ဖူး​၏။ သို့​သော်​ပ​ညတ် တော်​ကို​ငါ​သိ​ရှိ​လာ​သည်​နှင့်​တစ်​ပြိုင်​နက် အ​ပြစ်​တ​ရား​သည်​ရှင်​သန်​လာ​၏။-

10. ထို့​နောက်​ငါ​သည်​သေ​ရ​၏။ ငါ့​အား​အ​သက်​ရှင် စေ​ရန်​ပေး​အပ်​သည့်​ပ​ညတ်​တော်​က​ပင်​လျှင် ငါ​၏​အ​သက်​ကို​သေ​စေ​လေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 7