ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 7:2-6 Common Language Bible (BCL)

2. ဥ​ပ​မာ​ပေး​ရ​သော်​အိမ်​ထောင်​သည်​အ​မျိုး သ​မီး​တစ်​ယောက်​သည် မိ​မိ​၏​ခင်​ပွန်း​အ​သက် ရှင်​စဉ်​လက်​ထပ်​ထိမ်း​မြား​ခြင်း​ဆိုင်​ရာ​တ​ရား ဥ​ပ​ဒေ​အောက်​တွင်​နေ​ရ​၏။-

3. သို့​ဖြစ်​၍​သူ​သည်​မိ​မိ​ခင်​ပွန်း​အ​သက်​ရှင်​လျက် ရှိ​စဉ်​အ​ခြား​လူ​တစ်​ယောက်​နှင့်​ပေါင်း​သင်း​နေ ထိုင်​ပါ​မူ မျောက်​မ​ထား​သူ​ဟု​အ​ခေါ်​ခံ​ရ​မည် ဖြစ်​သော်​လည်း ခင်​ပွန်း​သေ​ဆုံး​လျှင်​မူ​ကား တ​ရား​ဥ​ပ​ဒေ​နှင့်​ကင်း​လွတ်​သွား​ပြီ​ဖြစ်​၍ အ​ခြား​လူ​တစ်​ယောက်​နှင့်​ထိမ်း​မြား​စုံ​ဖက်​လျှင် မျောက်​မ​ထား​သူ​မ​ဖြစ်​တော့​ပေ။-

4. ညီ​အစ်​ကို​တို့၊ ဤ​အ​ချက်​သည်​သင်​တို့​နှင့် လည်း​သက်​ဆိုင်​ပေ​သည်။ သင်​တို့​သည်​ခ​ရစ်​တော် ၏​ကိုယ်​အင်္ဂါ​ဖြစ်​သ​ဖြင့် ပ​ညတ်​တ​ရား​အောက် တွင်​ရှင်​သော​ဘ​ဝ​ကို​စွန့်​လွှတ်​ခဲ့​ကြ​လေ​ပြီ။ ဘု​ရား​သ​ခင်​အ​တွက်​အ​သုံး​ဝင်​သူ​များ ဖြစ်​လာ​ကြ​စေ​ရန် သင်​တို့​သည်​သေ​ခြင်း​မှ ဘု​ရား​သ​ခင်​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ သော​ခ​ရစ်​တော်​၏​ဘက်​တော်​သား​များ​ဖြစ် ကြ​လေ​ပြီ။-

5. ငါ​တို့​သည်​လူ့​ဇာ​တိ​သ​ဘော​ကို​လိုက်​လျော ၍ အ​သက်​ရှင်​ကြ​စဉ်​အ​ခါ​က​ပ​ညတ်​တ​ရား ၏​လှုံ့​ဆော်​ချက်​အ​ရ​အ​ပြစ်​ကူး​လို​စိတ်​သည် ငါ​တို့​ကိုယ်​ခန္ဓာ​အ​တွင်း​၌​ထ​ကြွ​လှုပ်​ရှား ကာ​ငါ​တို့​ပြု​သ​မျှ​သည်​သေ​မင်း​အ​ဖို့ ဖြစ်​ခဲ့​၏။-

6. ပ​ညတ်​တ​ရား​သည်​အ​ခါ​တစ်​ပါး​က​ငါ​တို့ အား​ချုပ်​နှောင်​ခဲ့​၏။ ယင်း​သို့​ချုပ်​နှောင်​ခြင်း​ခံ​ရ သော​ဘ​ဝ​ကို​စွန့်​လွှတ်​ခဲ့​ပြီ​ဖြစ်​၍ ယ​ခု​အ​ခါ မှာ​မူ​ငါ​တို့​သည်​ပ​ညတ်​တ​ရား​၏​လက်​အောက် မှ​လွတ်​မြောက်​ကြ​ပြီ။ ယ​ခု​အ​ခါ​၌​ငါ​တို့ သည်​အက္ခ​ရာ​တင်​ထား​သည့်​တ​ရား​ဥ​ပ​ဒေ လမ်း​စဉ်​ဟောင်း​အ​ရ​မ​ဟုတ်​တော့​ဘဲ ဝိ​ညာဉ် တော်​၏​လမ်း​စဉ်​သစ်​အ​ရ​အ​မှု​ဆောင်​ရွက် ကြ​ပေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 7