ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 7:13-24 Common Language Bible (BCL)

13. သို့​ဖြစ်​လျှင်​ကောင်း​မြတ်​သည့်​အ​ရာ​က​ငါ့​အား သေ​စေ​သ​လော။ မ​သေ​စေ​နိုင်​ရာ။ ငါ့​အား​သေ​စေ သော​အ​ရာ​မှာ​အ​ပြစ်​တ​ရား​ဖြစ်​ပေ​သည်။ အ​ပြစ် တ​ရား​သည် ၎င်း​၏​ပင်​ကို​သ​ဘော​သ​ဘာ​ဝ​ကို ပေါ်​လွင်​ထင်​ရှား​စေ​ရန် ကောင်း​မြတ်​သည့်​အ​ရာ ကို​အ​သုံး​ပြု​၍​ငါ့​ကို​သေ​စေ​ခြင်း​သာ​ဖြစ်​၏။ သို့​ဖြစ်​၍​အ​ပြစ်​တ​ရား​သည်​မည်​မျှ​ဆိုး​ရွား ကြောင်း​ကို​ပ​ညတ်​တော်​အား​ဖြင့်​သိ​ရ​၏။

14. ပ​ညတ်​တ​ရား​သည်​ဝိ​ညာဉ်​ရေး​နှင့်​ဆိုင်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည်​အ​ပြစ် တ​ရား​၏​ကျွန်​ဖြစ်​သည့်​လူ​သား​ဖြစ်​၏။-

15. မိ​မိ​ကိုယ်​တိုင်​ပြု​သည့်​အ​မှု​ကို​ပင်​နား​မ​လည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မိ​မိ​ပြု​ကျင့်​လို​သည့် အ​တိုင်း​မ​ပြု​ကျင့်​ဘဲ မိ​မိ​ရွံ​မုန်း​သည့်​အ​မှု ကို​သာ​ပြု​သော​ကြောင့်​ဖြစ်​၏။-

16. ငါ​သည်​မိ​မိ​မ​ပြု​ကျင့်​လို​သော​အ​မှု​ကို​ပြု ကျင့်​၏။ သို့​ဖြစ်​၍​ပ​ညတ်​တ​ရား​မှန်​ကန်​ကြောင်း ကို​ငါ​ဝန်​ခံ​၏။-

17. ထို့​ကြောင့်​ငါ​ပြု​သော​အ​မှု​ကို​ပြု​သော​သူ​သည် စင်​စစ်​အား​ဖြင့်​ငါ​မ​ဟုတ်၊ ငါ​၏​စိတ်​နှ​လုံး အ​တွင်း​၌​ရှင်​သန်​လျက်​ရှိ​သည့်​အ​ပြစ်​တ​ရား ပင်​ဖြစ်​ပေ​သည်။-

18. ငါ​၏​လူ့​ဇာ​တိ​၌​ကောင်း​သော​အ​ရာ​မ​ရှိ​ကြောင်း ငါ​သိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ့​မှာ​အ​ကျင့် ကောင်း​ကို ပြု​ကျင့်​လို​သော​စိတ်​ရှိ​သော်​လည်း​ပြု ကျင့်​နိုင်​စွမ်း​ကား​မ​ရှိ​သော​ကြောင့်​ဖြစ်​၏။-

19. ငါ​သည်​အ​ကျင့်​ကောင်း​ကို​ပြု​ကျင့်​လို​သော်​လည်း မ​ပြု​ကျင့်​ဘဲ​မ​ကျင့်​လို​သော​အ​ကျင့်​ဆိုး​ကို သာ​ကျင့်​၏။-

20. မိ​မိ​မ​ကျင့်​လို​သော​အ​ကျင့်​ကို​ကျင့်​သော​သူ ကား​ငါ​မ​ဟုတ်၊ ငါ​၏​စိတ်​နှ​လုံး​အ​တွင်း​၌​ရှင် သန်​လျက်​ရှိ​သော​အ​ပြစ်​တ​ရား​ပင်​ဖြစ်​၏။

21. သို့​ဖြစ်​၍​ငါ​တွေ့​ရှိ​ရ​သော​သ​ဘော​တ​ရား​မှာ ငါ​သည်​အ​ကျင့်​ကောင်း​ကို​ကျင့်​လို​သော​အ​ခါ အ​ကျင့်​ဆိုး​ကို​သာ​ကျင့်​နိုင်​ခြင်း​ဖြစ်​သည်။-

22. ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား​တော်​ကို ငါ​၏ စိတ်​နှ​လုံး​က​နှစ်​သက်​ဝမ်း​မြောက်​စွာ​လက်​ခံ ၏။-

23. သို့​သော်​ငါ​၏​ကိုယ်​ခန္ဓာ​အ​တွင်း​၌ ငါ​၏​စိတ်​က နှစ်​သက်​သည့်​သ​ဘော​တ​ရား​နှင့်​ဆိုင်​ပြိုင်​တိုက် ခိုက်​လျက်​နေ​သည့်​အ​ခြား​သ​ဘော​တ​ရား​တစ်​ခု ရှိ​၏။ ထို​သ​ဘော​တ​ရား​သည်​ငါ​၏​အ​တွင်း​၌ ထ​ကြွ​လှုပ်​ရှား​၍ ငါ့​အား​အ​ပြစ်​တ​ရား​၏ လက်​သို့​အပ်​နှံ​သည်​ကို​ငါ​မြင်​ရ​၏။-

24. သြော် ဒုက္ခ​ပါ​တ​ကား။ သေ​စေ​သည့်​ဤ​ကိုယ်​ခန္ဓာ မှ​အ​ဘယ်​သူ​သည်​ငါ့​ကို​ကယ်​ဆယ်​မည်​နည်း။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 7