7. ခရစ်တော်နှင့်အတူသေသောသူသည်အပြစ် တရား၏လက်အောက်ခံမဟုတ်တော့ပေ။-
8. ငါတို့သည်ခရစ်တော်နှင့်အတူသေကြပြီ ဖြစ်၍ကိုယ်တော်နှင့်အတူအသက်ရှင်ရ ကြမည်ကိုယုံကြည်ကြ၏။-
9. ခရစ်တော်သည်သေခြင်းမှရှင်ပြန်ထမြောက် တော်မူသဖြင့် နောင်အစဉ်သေခြင်းတရားနှင့် ကင်းလွတ်တော်မူကြောင်းကိုငါတို့သိကြ၏။ သေခြင်းတရားသည်ကိုယ်တော်ကိုအစိုးမရ တော့ပေ။-
10. သို့ဖြစ်၍ကိုယ်တော်အသေခံတော်မူသော ကြောင့်အပြစ်တရားသည်ကိုယ်တော်ကိုအစိုး မရတော့ချေ။ ယခုကိုယ်တော်သည်ဘုရား သခင်နှင့်မိတ်သဟာယဖွဲ့လျက်အသက် ရှင်တော်မူ၏။-
11. ထိုနည်းတူသင်တို့သည်လည်းအပြစ်တရား နှင့်လုံးဝအဆက်ပြတ်၍ခရစ်တော်ယေရှု အားဖြင့် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ လျက်ရှိနေသည်ဟုမှတ်ယူရကြမည်။
12. ထို့ကြောင့်သင်တို့သည် မိမိတို့ကိုယ်ခန္ဓာ၏ အလိုဆန္ဒသို့မလိုက်စေရန်အပြစ်တရား က သင်တို့၏သေတတ်သောကိုယ်ခန္ဓာကိုအစိုး မရစေနှင့်။-
13. သင်တို့ကိုယ်အင်္ဂါများကိုလည်းဒုစရိုက်အတွက် အသုံးမပြုကြနှင့်။ ယင်းသို့ပြုမည့်အစား သင်တို့သည်သေရာမှရှင်ပြန်သူများအဖြစ် ဖြင့်လည်းကောင်း၊ သုစရိုက်အတွက်အသုံးတော် ခံရန်လည်းကောင်း၊ မိမိတို့ကိုယ်ကိုဘုရား သခင်အားဆက်သကြလော့။-
14. အပြစ်တရားသည်သင်တို့အားအစိုးမရစေ နှင့်။ အဘယ်ကြောင့်ဆိုသော်သင်တို့သည်ပညတ် တရားလက်အောက်၌မရှိ။ ဘုရားသခင်၏ ကျေးဇူးတရားလက်အောက်၌ရှိကြသော ကြောင့်တည်း။
15. သို့ဖြစ်၍ငါတို့သည်ပညတ်တရား၏လက် အောက်၌မရှိတော့ဘဲ ကျေးဇူးတရား၏လက် အောက်၌ရှိကြသဖြင့်အပြစ်ကူးကြကုန် အံ့ဟုဆိုကြမည်လော။ ထိုသို့မဆိုရ။-
16. လူတစ်စုံတစ်ယောက်၏စေစားမှုကိုခံသော သူသည် စေစားသူ၏ကျွန်ဖြစ်ကြောင်းသင်တို့ ကောင်းစွာသိကြ၏။ အကယ်၍သင်တို့သည် အပြစ်တရား၏စေစားမှုကိုခံကြပါမူ သင် တို့ခံစားရမည့်အကျိုးဆက်ကားသေခြင်း ပင်ဖြစ်၏။ အကယ်၍သင်တို့သည်ဘုရားသခင် ၏စကားကိုနာခံကြမည်ဆိုပါကကိုယ်တော် နှင့်မှန်ကန်စွာဆက်သွယ်မှုကိုရရှိကြလိမ့်မည်။-
17. သင်တို့သည်အခါတစ်ပါးကအပြစ်တရား ၏ကျွန်ဖြစ်ခဲ့ဖူးသော်လည်းယခုအခါ၌ မိမိ တို့ခံယူယုံကြည်သည့်ဘာသာတရားတော်ကို အကြွင်းမဲ့လိုက်နာကျင့်သုံးကြသည့်အတွက် ငါသည်ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်း၏။-
18. သင်တို့သည်အပြစ်တရား၏ကျွန်ဘဝမှ လွတ်မြောက်ကြသောအခါဖြောင့်မတ်ခြင်း တရား၏ကျွန်ဖြစ်လာကြ၏။-
19. (သင်တို့၏ဇာတိသဘောအရအားနည်းမှု ကြောင့် လူတို့နားလည်နိုင်သောဝေါဟာရကို ငါသုံးခြင်းဖြစ်သည်။) အခါတစ်ပါးက သင်တို့သည်ဆိုးယုတ်မှုအမျိုးမျိုးကိုပြု ကျင့်နိုင်ရန် မိမိတို့ကိုယ်ကိုညစ်ညမ်းဆိုးယုတ် မှု၏လက်သို့ကျွန်အဖြစ်ဖြင့်လုံးဝအပ်နှံ ခဲ့ကြ၏။ ထိုနည်းတူစွာသင်တို့သည်ယခု အခါ၌သန့်ရှင်းမြင့်မြတ်သည့်အမှုကို ပြုကျင့်နိုင်ရန် မိမိတို့၏ကိုယ်ကိုဖြောင့်မတ် ခြင်းတရား၏လက်သို့ကျွန်အဖြစ်ဖြင့်လုံးဝ အပ်နှံကြလော့။