ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 6:1-7 Common Language Bible (BCL)

1. သို့​ဖြစ်​လျှင်​အ​ဘယ်​သို့​ဆို​ရ​မည်​နည်း။ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ပို​မို​ခံ​စား​ရ​စေ ရန် အ​ပြစ်​ထဲ​၌​ဆက်​လက်​၍​ကျင်​လည်​ရ​မည် လော။-

2. ထို​သို့​မ​ဆို​လို​ပါ။ အ​ပြစ်​ဒု​စ​ရိုက်​နှင့်​လုံး​ဝ အ​ဆက်​ဖြတ်​ပြီး​သော ငါ​တို့​သည်​အ​ဘယ် ကြောင့်​အ​ပြစ်​ထဲ​၌​ပြန်​၍​ကျင်​လည်​ရ​ကြ ပါ​မည်​နည်း။-

3. ငါ​တို့​သည်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ရန်​ဗတ္တိ​ဇံ​မင်္ဂလာ​ခံ​ကြ​သော အ​ခါ တစ်​ချိန်​တည်း​မှာ​ပင်​ကိုယ်​တော်​နှင့်​အ​တူ အ​သေ​ခံ​ကြ​ကြောင်း​ကို​သင်​တို့​အ​မှန်​ပင် သိ​ကြ​၏။-

4. သို့​ဖြစ်​၍​ငါ​တို့​သည်​ဗတ္တိ​ဇံ​အား​ဖြင့်​ခ​ရစ်​တော် နှင့်​အ​တူ မြှုပ်​နှံ​ခြင်း​ကို​ခံ​သ​ဖြင့်​ကိုယ်​တော် နှင့်​အ​တူ​အ​သေ​ခံ​ကြ​၏။ ကိုယ်​တော်​နှင့်​အ​တူ အ​သေ​ခံ​ရ​သည့်​အ​ကြောင်း​မှာ​ခ​မည်း​တော် သည်​ဘုန်း​တန်​ခိုး​တော်​အား​ဖြင့် ကိုယ်​တော်​အား သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သည် နည်း​တူ​ငါ​တို့​အား​လည်း​ဘ​ဝ​သစ်​၌​ကျင် လည်​ရ​ကြ​စေ​ရန်​ဖြစ်​သ​တည်း။

5. အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​လျက်​သေ​ကြ​ပါ​မူ ကိုယ်​တော် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သ​ကဲ့​သို့ ငါ​တို့​သည်​ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​လျက် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ကြ မည်​ဖြစ်​သော​ကြောင့်​တည်း။-

6. ငါ​တို့​၏​ဇာ​တိ​စိတ်​ဟောင်း​ကို​ခရစ်​တော်​နှင့် အ​တူ လက်​ဝါး​ကပ်​တိုင်​တွင်​အ​သေ​သတ်​ခြင်း ခံ​စေ​ခဲ့​၏။ ဤ​သို့​အ​သေ​သတ်​ခြင်း​ခံ​စေ​ရ ခြင်း​မှာ​အ​ပြစ်​နှင့်​ပြည့်​ဝ​သည့်​ဇာ​တိ​စိတ် ကို​ဖျက်​ဆီး​ခြင်း​အား​ဖြင့် ငါ​တို့​သည်​အ​ပြစ် ၏​ကျွန်​ဘ​ဝ​မှ​လွတ်​မြောက်​ကြ​စေ​ရန်​ပင် ဖြစ်​ကြောင်း​ငါ​တို့​သိ​ကြ​၏။-

7. ခ​ရစ်​တော်​နှင့်​အ​တူ​သေ​သော​သူ​သည်​အ​ပြစ် တ​ရား​၏​လက်​အောက်​ခံ​မ​ဟုတ်​တော့​ပေ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 6