ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 5:4-10 Common Language Bible (BCL)

4. ခံ​နိုင်​ရည်​သည်​ဘု​ရား​သ​ခင်​၏​နှစ်​သက်​မှု​ကို လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​နှစ်​သက်​မှု​သည် မျှော်​လင့်​ခြင်း​ကို​လည်း​ကောင်း ပြု​စု​၍​ပေး တတ်​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။-

5. ဤ​မျှော်​လင့်​ခြင်း​သည်​ငါ​တို့​အား​စိတ်​ပျက် စေ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ပေး​သ​နား တော်​မူ​သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား ဖြင့် ငါ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့​မေတ္တာ​တော်​ကို သွန်း​လောင်း​တော်​မူ​သော​ကြောင့်​တည်း။

6. ငါ​တို့​သည်​ခို​ကိုး​ရာ​မဲ့​ဖြစ်​လျက်​ရှိ​နေ​ကြ စဉ် ခ​ရစ်​တော်​သည်​ဘု​ရား​သ​ခင်​သတ်​မှတ်​တော် မူ​ရာ​နေ့​ရက်​ကာ​လ​၌​ဆိုး​ယုတ်​သူ​တို့ အ​တွက်​အ​သေ​ခံ​တော်​မူ​၏။-

7. ဖြောင့်​မတ်​သူ​တစ်​ယောက်​အ​တွက်​အသေ​ခံ​မည့် သူ​ရှိ​ရန်​ခဲ​ယဉ်း​၏။ သူ​တော်​ကောင်း​တစ်​ယောက် အ​တွက်​အ​သေ​ခံ​ဝံ့​သူ​ရှိ​ကောင်း​ရှိ​မည်။-

8. သို့​ရာ​တွင်​ငါ​တို့​သည်​အ​ပြစ်​ကူး​လျက်​ရှိ​နေ ကြ​စဉ်​ပင် ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက်​အ​သေ ခံ​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​အ​ဘယ်​မျှ​ချစ်​တော်​မူ​ကြောင်း​ကို ထင်​ရှား​စွာ​ပြ​တော်​မူ​၏။-

9. ခ​ရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် ငါ တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ ခွင့်​ကို​ရ​ရှိ​သည်​ဖြစ်​ရာ အ​မျက်​တော်​မှ​ခ​ရစ် တော်​အား​ဖြင့်​ပို​၍​ကယ်​တင်​ခြင်း​ကို​ရ​ရှိ​ကြ လိမ့်​မည်။-

10. ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရန်​သူ​ဖြစ်​ကြ သော်​လည်း​ကိုယ်​တော်​သည် သား​တော်​ကို​အ​သေ​ခံ စေ​တော်​မူ​ခြင်း​အား​ဖြင့်​ငါ​တို့​အား​မိတ်​ဆွေ ဖြစ်​စေ​တော်​မူ​၏။ ယ​ခု​ငါ​တို့​သည်​ဘု​ရား​သ​ခင် ၏​မိတ်​ဆွေ​ဖြစ်​လာ​ကြ​ပြီ​ဖြစ်​ရာ ခ​ရစ်​တော် အ​သက်​ရှင်​တော်​မူ​ခြင်း​အား​ဖြင့်​ကယ်​တင်​ခြင်း ကို​ပို​၍​ခံ​ရ​ကြ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 5