ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 5:2-13 Common Language Bible (BCL)

2. ထို​အ​ရှင်​သည်​ငါ​တို့​အား​ယုံ​ကြည်​ခြင်း​ကြောင့် ဤ​ကဲ့​သို့​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ခံ စား​စေ​တော်​မူ​၏။ ထို​ကျေး​ဇူး​တော်​ကို​ယ​ခု​ငါ တို့​ခံ​စား​လျက်​ရှိ​ကြ​၏။ သို့​ဖြစ်​၍​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ခံ​စား ရန်​မျှော်​လင့်​ခြင်း​အ​တွက်​ဝါ​ကြွား​ဝမ်း​မြောက် ကြ​၏။-

3. ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​လည်း​ငါ​တို့​ဝါ​ကြွား ဝမ်း​မြောက်​ကြ​ပေ​သည်။ ဆင်း​ရဲ​ဒုက္ခ​သည်​ခံ​နိုင် ရည်​ကို​လည်း​ကောင်း၊-

4. ခံ​နိုင်​ရည်​သည်​ဘု​ရား​သ​ခင်​၏​နှစ်​သက်​မှု​ကို လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​နှစ်​သက်​မှု​သည် မျှော်​လင့်​ခြင်း​ကို​လည်း​ကောင်း ပြု​စု​၍​ပေး တတ်​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။-

5. ဤ​မျှော်​လင့်​ခြင်း​သည်​ငါ​တို့​အား​စိတ်​ပျက် စေ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ပေး​သ​နား တော်​မူ​သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား ဖြင့် ငါ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့​မေတ္တာ​တော်​ကို သွန်း​လောင်း​တော်​မူ​သော​ကြောင့်​တည်း။

6. ငါ​တို့​သည်​ခို​ကိုး​ရာ​မဲ့​ဖြစ်​လျက်​ရှိ​နေ​ကြ စဉ် ခ​ရစ်​တော်​သည်​ဘု​ရား​သ​ခင်​သတ်​မှတ်​တော် မူ​ရာ​နေ့​ရက်​ကာ​လ​၌​ဆိုး​ယုတ်​သူ​တို့ အ​တွက်​အ​သေ​ခံ​တော်​မူ​၏။-

7. ဖြောင့်​မတ်​သူ​တစ်​ယောက်​အ​တွက်​အသေ​ခံ​မည့် သူ​ရှိ​ရန်​ခဲ​ယဉ်း​၏။ သူ​တော်​ကောင်း​တစ်​ယောက် အ​တွက်​အ​သေ​ခံ​ဝံ့​သူ​ရှိ​ကောင်း​ရှိ​မည်။-

8. သို့​ရာ​တွင်​ငါ​တို့​သည်​အ​ပြစ်​ကူး​လျက်​ရှိ​နေ ကြ​စဉ်​ပင် ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက်​အ​သေ ခံ​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​အ​ဘယ်​မျှ​ချစ်​တော်​မူ​ကြောင်း​ကို ထင်​ရှား​စွာ​ပြ​တော်​မူ​၏။-

9. ခ​ရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် ငါ တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ ခွင့်​ကို​ရ​ရှိ​သည်​ဖြစ်​ရာ အ​မျက်​တော်​မှ​ခ​ရစ် တော်​အား​ဖြင့်​ပို​၍​ကယ်​တင်​ခြင်း​ကို​ရ​ရှိ​ကြ လိမ့်​မည်။-

10. ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရန်​သူ​ဖြစ်​ကြ သော်​လည်း​ကိုယ်​တော်​သည် သား​တော်​ကို​အ​သေ​ခံ စေ​တော်​မူ​ခြင်း​အား​ဖြင့်​ငါ​တို့​အား​မိတ်​ဆွေ ဖြစ်​စေ​တော်​မူ​၏။ ယ​ခု​ငါ​တို့​သည်​ဘု​ရား​သ​ခင် ၏​မိတ်​ဆွေ​ဖြစ်​လာ​ကြ​ပြီ​ဖြစ်​ရာ ခ​ရစ်​တော် အ​သက်​ရှင်​တော်​မူ​ခြင်း​အား​ဖြင့်​ကယ်​တင်​ခြင်း ကို​ပို​၍​ခံ​ရ​ကြ​လိမ့်​မည်။-

11. ဤ​မျှ​သာ​မ​က၊ ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား ကိုယ်​တော်​၏​မိတ်​ဆွေ​ဖြစ်​စေ​တော်​မူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ပြု​တော်​မူ​သော အ​မှု​ကြောင့်​ငါ​တို့​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​၏။

12. အ​ပြစ်​တ​ရား​သည်​လူ​တစ်​ယောက်​ကြောင့်​ဤ ကမ္ဘာ​လော​က​သို့​သက်​ရောက်​လာ​၏။ ထို​သူ​၏ အ​ပြစ်​ကြောင့်​သေ​ခြင်း​တ​ရား​ပေါ်​ပေါက်​လာ ရ​၏။ သို့​ဖြစ်​၍​လူ​အ​ပေါင်း​တို့​သည်​အ​ပြစ် ကူး​လွန်​ကြ​သ​ဖြင့်​သေ​ရ​ကြ​ကုန်​၏။-

13. ပ​ညတ်​တ​ရား​မ​ပေါ်​မီ​အ​ခါ​က​လူ​တို့​သည် အ​ပြစ်​ကူး​ခဲ့​ကြ​၏။ သို့​သော်​ထို​စဉ်​အ​ခါ​က တ​ရား​ဥ​ပ​ဒေ​မ​ရှိ​သ​ဖြင့်​လူ​တို့​၏​အ​ပြစ် များ​ကို​မှတ်​သား​ထား​ခြင်း​မ​ရှိ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 5