ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 4:4-18 Common Language Bible (BCL)

4. လူ​တစ်​စုံ​တစ်​ယောက်​သည်​အ​လုပ်​လုပ်​၍ အ​ခ​ကြေး​ငွေ​ကို​ရ​ရှိ​သော​အ​ခါ ထို​ကြေး ငွေ​သည်​လက်​ဆောင်​အ​ဖြစ်​ရ​သော​အ​ရာ မ​ဟုတ်​ဘဲ​မိ​မိ​အ​လုပ်​လုပ်​၍​ရ​သော​အ​ရာ ဖြစ်​၏။-

5. သို့​ရာ​တွင်​သူ​သည်​မိ​မိ​၏​အ​ကျင့်​သီ​လ ကို​အား​မ​ကိုး​ဘဲ​ယုံ​ကြည်​ခြင်း​ကို​အား​ကိုး လျှင် ဘု​ရား​သ​ခင်​သည်​သူ​၏​ယုံ​ကြည်​မှု​ကို ထောက်​ရှု​လျက် သူ့​အား​အ​ပြစ်​မ​ရှိ​ဟု​စီ​ရင် ချက်​ချ​မှတ်​တော်​မူ​သည်။ သူ​၏​ယုံ​ကြည်​ခြင်း ကြောင့်​ဘု​ရား​သ​ခင်​သည်​သူ့​ကို​မိ​မိ​နှင့် မှန်​ကန်​စွာ​ဆက်​ဆံ​စေ​တော်​မူ​၏။-

6. အ​ကျင့်​သီ​လ​ကို​မ​ထောက်​ဘဲ​ဘု​ရား​သ​ခင် သည်​ဖြောင့်​မတ်​သော​သူ​အ​ဖြစ်​လက်​ခံ​တော်​မူ ခြင်း​ကို ခံ​ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​ကြောင်း ဖော်​ပြ​ရာ​၌​ဒါ​ဝိဒ်​မင်း​က၊

7. ``အ​ပြစ်​ပြေ​လွတ်​ခွင့်​နှင့်​အ​ပြစ်​ဒု​စ​ရိုက်​အ​တွက်လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ကို​ရ​သော​သူ​သည် မင်္ဂလာ​ရှိ​၏။

8. မိမိ​၏​အ​ပြစ်​များ​ကို​ထာ​ဝ​ရ​ဘု​ရား​မှတ်​တော်​မူ ခြင်း​ကို၊ မ​ခံ​ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​၏''ဟု​မြွက်​ဆို​လေ​သည်။

9. ဒါ​ဝိဒ်​မင်း​ဖော်​ပြ​သော​မင်္ဂလာ​ကို​အ​ရေ​ဖျား လှီး​ခြင်း​ခံ​သူ​တို့​သာ​လျှင်​ရ​ရှိ​ကြ​သ​လော။ အ​ရေ​ဖျား​လှီး​ခြင်း​မ​ခံ​သူ​တို့​လည်း​ရ​ရှိ ကြ​ပေ​သည်။ ငါ​တို့​ဖော်​ပြ​ခဲ့​သော​ကျမ်း​စာ အ​ရ``အာ​ဗြ​ဟံ​သည်​ဘုရား​သခင်​ကို​ယုံ​ကြည် သ​ဖြင့်​ဘု​ရား​သ​ခင်​သည်​သူ့​အား​ဖြောင့်​မတ် သော​သူ​အ​ဖြစ်​လက်​ခံ​တော်​မူ​၏။-''

10. ဤ​သို့​အာ​ဗြ​ဟံ​အား​ဖြောင့်​မတ်​သော​သူ အ​ဖြစ်​ဘု​ရား​သ​ခင်​လက်​ခံ​တော်​မူ​သည့် အ​ချိန်​မှာ အာ​ဗြ​ဟံ​အ​ရေ​ဖျား​လှီး​မင်္ဂလာ ခံ​ပြီး​မှ​လော။ မ​ခံ​ရ​သေး​မီ​က​လော။ ခံ​ပြီး မှ​မ​ဟုတ်။ မ​ခံ​ရ​သေး​မီ​က​ဖြစ်​၏။-

11. သူ့​အား​ဘု​ရား​သ​ခင်​ယင်း​သို့​လက်​ခံ​တော်​မူ ပြီး​မှ​အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ ခံ​ရ​၏။ ထို​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကား​ဘု​ရား သ​ခင်​သည်​အာ​ဗြ​ဟံ​၏​ယုံ​ကြည်​မှု​ကို​ထောက် လျက် အ​ရေ​ဖျား​လှီး​မင်္ဂလာ​မ​ခံ​မီ​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​ကြောင်း​ကို​သက်​သေ​ပြ သော​အ​မှတ်​လက္ခ​ဏာ​ပင်​ဖြစ်​၏။ သို့​ဖြစ်​၍ အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကို မ​ခံ​သော်​လည်း​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သူ​အ​ဖြစ်​ကိုယ်​တော် လက်​ခံ​သူ​အ​ပေါင်း​တို့​၏​အ​ဖ​ဖြစ်​လာ ၏။-

12. သူ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ခံ​သူ​တို့​၏ အ​ဖ​လည်း​ဖြစ်​ပေ​သည်။ တစ်​နည်း​ကား​သူ သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကို​ခံ​ကြ​ရုံ​မ​က ငါ​တို့​အ​ဖ​အာ​ဗြ​ဟံ​အ​ရေ​ဖျား​လှီး​မင်္ဂလာ ကို​မ​ခံ​မီ​က ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ခြင်း စံ​န​မူ​နာ​ကို​လိုက်​သူ​တို့​၏​အ​ဖ​လည်း​ဖြစ် သည်။

13. ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​နှင့်​သား​မြေး​တို့ အား​ကမ္ဘာ​လော​က​ကို ပိုင်​စေ​တော်​မူ​မည်​ဟု​က​တိ ထား​တော်​မူ​ခဲ့​၏။ ဤ​သို့​က​တိ​ထား​တော်​မူ​ခြင်း မှာ​အာ​ဗြ​ဟံ​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သော​ကြောင့်​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် သ​ဖြင့်​သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ်​ကိုယ်​တော် လက်​ခံ​တော်​မူ​သော​ကြောင့်​ဖြစ်​၏။-

14. အ​ကယ်​၍​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ကြ သူ​များ​သာ​လျှင် က​တိ​တော်​ကို​ခံ​စား​ရ​ကြ မည်​ဆို​လျှင်​ဘု​ရား​သ​ခင်​အား​ယုံ​ကြည်​မှု သည်​အ​ချည်း​နှီး​ဖြစ်​၍​က​တိ​တော်​သည် လည်း​အဋ္ဌိ​ပ္ပါယ်​မ​ရှိ​တော့​ပေ။-

15. ပ​ညတ်​တ​ရား​သည်​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​ကို​ဖြစ်​ပွား​စေ​၏။ သို့​ရာ​တွင်​တ​ရား ဥ​ပ​ဒေ​မ​ရှိ​လျှင်​တ​ရား​ဥ​ပ​ဒေ​ကို​ချိုး ဖောက်​ခြင်း​လည်း​မ​ရှိ​နိုင်။

16. သို့​ဖြစ်​၍​အာ​ဗြ​ဟံ​သား​မြေး​အ​ပေါင်း​တို့ သည်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​ကို​အ​ခ​မဲ့ ခံ​စား​ခွင့်​ရှိ​ကြောင်း အာ​မ​ခံ​ချက်​ရှိ​စေ​ရန် ကိုယ်​တော်​သည်​အာ​ဗြ​ဟံ​၏​ယုံ​ကြည်​မှု​အ​ပေါ် တွင်​အ​ခြေ​ခံ​၍​က​တိ​ထား​တော်​မူ​၏။ ထို က​တိ​တော်​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သူ​များ​အ​တွက်​သာ​လျှင်​မ​ဟုတ်။ အာ​ဗြ​ဟံ ကဲ့​သို့​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​တို့ အ​တွက်​လည်း​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် အာ​ဗြ​ဟံ​သည်​ငါ​တို့​အား​လုံး​၏​အ​ဖ​ဖြစ် သော​ကြောင့်​တည်း။-

17. ``ငါ​သည်​သင့်​အား​လူ​မျိုး​အ​မြောက်​အ​မြား​တို့ ၏​အ​ဖ​ဖြစ်​စေ​ပြီ'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော်​ပြ သည်​နှင့်​အ​ညီ​ဖြစ်​သည်။ သို့​ဖြစ်​၍​ဘု​ရား​သခင် ၏​ရှေ့​တော်​၌​ထို​က​တိ​တော်​တည်​ရ​၏။ ဘု​ရား သ​ခင်​သည်​အာ​ဗြ​ဟံ​ယုံ​ကြည်​သော​ဘု​ရား၊ သူ သေ​တို့​ကို​အ​သက်​ရှင်​စေ​သော​ဘု​ရား၊ ယ​ခင် က​မ​ဖြစ်​ဘူး​သည့်​အ​ရာ​များ​ကို​ဖြစ်​ပေါ် စေ​ရန်​အ​မိန့်​ပေး​တော်​မူ​သော​ဘု​ရား​ဖြစ် တော်​မူ​၏။-

18. အာ​ဗြ​ဟံ​သည်​မျှော်​လင့်​စ​ရာ​မဲ့​သော​အ​ခြေ အ​နေ​၌​ပင်​လျှင်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် ခဲ့​၏။ သို့​ဖြစ်​၍​သူ​သည်​လူ​မျိုး​အ​မြောက်​အ​မြား တို့​၏​အ​ဖ​ဖြစ်​လာ​၏။ ကျမ်း​စာ​တော်​တွင်``သင် ၏​အ​မျိုး​အ​နွယ်​တို့​သည်​ကြယ်​ကဲ့​သို့​များ ပြား​လိမ့်​မည်'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း ဖြစ်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 4