ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 4:13-22 Common Language Bible (BCL)

13. ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​နှင့်​သား​မြေး​တို့ အား​ကမ္ဘာ​လော​က​ကို ပိုင်​စေ​တော်​မူ​မည်​ဟု​က​တိ ထား​တော်​မူ​ခဲ့​၏။ ဤ​သို့​က​တိ​ထား​တော်​မူ​ခြင်း မှာ​အာ​ဗြ​ဟံ​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သော​ကြောင့်​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် သ​ဖြင့်​သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ်​ကိုယ်​တော် လက်​ခံ​တော်​မူ​သော​ကြောင့်​ဖြစ်​၏။-

14. အ​ကယ်​၍​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ကြ သူ​များ​သာ​လျှင် က​တိ​တော်​ကို​ခံ​စား​ရ​ကြ မည်​ဆို​လျှင်​ဘု​ရား​သ​ခင်​အား​ယုံ​ကြည်​မှု သည်​အ​ချည်း​နှီး​ဖြစ်​၍​က​တိ​တော်​သည် လည်း​အဋ္ဌိ​ပ္ပါယ်​မ​ရှိ​တော့​ပေ။-

15. ပ​ညတ်​တ​ရား​သည်​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​ကို​ဖြစ်​ပွား​စေ​၏။ သို့​ရာ​တွင်​တ​ရား ဥ​ပ​ဒေ​မ​ရှိ​လျှင်​တ​ရား​ဥ​ပ​ဒေ​ကို​ချိုး ဖောက်​ခြင်း​လည်း​မ​ရှိ​နိုင်။

16. သို့​ဖြစ်​၍​အာ​ဗြ​ဟံ​သား​မြေး​အ​ပေါင်း​တို့ သည်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​ကို​အ​ခ​မဲ့ ခံ​စား​ခွင့်​ရှိ​ကြောင်း အာ​မ​ခံ​ချက်​ရှိ​စေ​ရန် ကိုယ်​တော်​သည်​အာ​ဗြ​ဟံ​၏​ယုံ​ကြည်​မှု​အ​ပေါ် တွင်​အ​ခြေ​ခံ​၍​က​တိ​ထား​တော်​မူ​၏။ ထို က​တိ​တော်​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သူ​များ​အ​တွက်​သာ​လျှင်​မ​ဟုတ်။ အာ​ဗြ​ဟံ ကဲ့​သို့​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​တို့ အ​တွက်​လည်း​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် အာ​ဗြ​ဟံ​သည်​ငါ​တို့​အား​လုံး​၏​အ​ဖ​ဖြစ် သော​ကြောင့်​တည်း။-

17. ``ငါ​သည်​သင့်​အား​လူ​မျိုး​အ​မြောက်​အ​မြား​တို့ ၏​အ​ဖ​ဖြစ်​စေ​ပြီ'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော်​ပြ သည်​နှင့်​အ​ညီ​ဖြစ်​သည်။ သို့​ဖြစ်​၍​ဘု​ရား​သခင် ၏​ရှေ့​တော်​၌​ထို​က​တိ​တော်​တည်​ရ​၏။ ဘု​ရား သ​ခင်​သည်​အာ​ဗြ​ဟံ​ယုံ​ကြည်​သော​ဘု​ရား၊ သူ သေ​တို့​ကို​အ​သက်​ရှင်​စေ​သော​ဘု​ရား၊ ယ​ခင် က​မ​ဖြစ်​ဘူး​သည့်​အ​ရာ​များ​ကို​ဖြစ်​ပေါ် စေ​ရန်​အ​မိန့်​ပေး​တော်​မူ​သော​ဘု​ရား​ဖြစ် တော်​မူ​၏။-

18. အာ​ဗြ​ဟံ​သည်​မျှော်​လင့်​စ​ရာ​မဲ့​သော​အ​ခြေ အ​နေ​၌​ပင်​လျှင်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် ခဲ့​၏။ သို့​ဖြစ်​၍​သူ​သည်​လူ​မျိုး​အ​မြောက်​အ​မြား တို့​၏​အ​ဖ​ဖြစ်​လာ​၏။ ကျမ်း​စာ​တော်​တွင်``သင် ၏​အ​မျိုး​အ​နွယ်​တို့​သည်​ကြယ်​ကဲ့​သို့​များ ပြား​လိမ့်​မည်'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း ဖြစ်​၏။-

19. ထို​အ​ချိန်​၌​အာ​ဗြ​ဟံ​သည်​အ​သက်​တစ်​ရာ ခန့်​ပင်​ရှိ​၍ မိ​မိ​၏​ကိုယ်​ခန္ဓာ​သည်​အ​သေ​ကဲ့​သို့ ဖြစ်​လျက်​နေ​ကြောင်း​ကို​လည်း​ကောင်း၊ စာ​ရာ သည်​လည်း​က​လေး​မ​ရ​နိုင်​ကြောင်း​ကို​လည်း ကောင်း​သိ​သော်​လည်း ဘု​ရား​သ​ခင်​အ​ပေါ်​တွင် ယုံ​ကြည်​မှု​ခိုင်​မြဲ​လျက်​ရှိ​၏။-

20. သူ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဘု​ရား​သ​ခင် ၏​က​တိ​တော်​ကို​ယုံ​မှား​သံ​သ​ယ​မ​ဖြစ်။ ကိုယ်​တော့်​အ​ပေါ်​ယုံ​ကြည်​မှု​ကို​လည်း​မ​စွန့် လွှတ်။ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သည်​ဖြစ်​၍ ခွန်​အား​ပြည့်​ဝ​လာ​၏။ ထို့​ကြောင့်​သူ​သည် ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ပေ သည်။-

21. ဘု​ရား​သ​ခင်​သည်​မိမိ​က​တိ​ထား​တော်​မူ​သည့် အ​တိုင်း​ပြု​တော်​မူ​နိုင်​ကြောင်း​အာ​ဗြ​ဟံ​သည် အ​ကြွင်း​မဲ့​ယုံ​ကြည်​၏။-

22. ထို​သို့​ယုံ​ကြည်​မှု​ကြောင့်​ဘု​ရား​သ​ခင်​သည် သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ်​လက်​ခံ​တော် မူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 4