ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 4:1-12 Common Language Bible (BCL)

1. သို့​ဖြစ်​၍​ငါ​တို့​လူ​မျိုး​၏​အ​ဖ​ဖြစ်​သူ အာ​ဗြ​ဟံ​၏​အ​ကြောင်း​ကို​စဉ်း​စား​ကြည့် ကြ​စို့။ သူ​၏​အ​တွေ့​အ​ကြုံ​ကား​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။-

2. အ​ကယ်​၍​အာ​ဗြ​ဟံ​သည်​မိ​မိ​၏​အ​ကျင့် သီ​လ​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​ပါ​မူ သူ့​မှာ​ဂုဏ်​ယူ​ဝါ ကြွား​စ​ရာ​အ​ကြောင်း​ရှိ​ပေ​သည်။ သို့​ရာ​တွင် သူ​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​တွင် ထို​သို့​ဂုဏ်​ယူ​ဝါ​ကြွား​မှု​ကို​မ​ပြု​နိုင်။-

3. ကျမ်း​စာ​တော်​က``အာ​ဗြ​ဟံ​သည်​ဘု​ရား သ​ခင်​ကို​ယုံ​ကြည်​သ​ဖြင့် ဘု​ရား​သ​ခင် သည်​သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ်​လက်​ခံ တော်​မူ​၏'' ဟု​ဆို​သည်။-

4. လူ​တစ်​စုံ​တစ်​ယောက်​သည်​အ​လုပ်​လုပ်​၍ အ​ခ​ကြေး​ငွေ​ကို​ရ​ရှိ​သော​အ​ခါ ထို​ကြေး ငွေ​သည်​လက်​ဆောင်​အ​ဖြစ်​ရ​သော​အ​ရာ မ​ဟုတ်​ဘဲ​မိ​မိ​အ​လုပ်​လုပ်​၍​ရ​သော​အ​ရာ ဖြစ်​၏။-

5. သို့​ရာ​တွင်​သူ​သည်​မိ​မိ​၏​အ​ကျင့်​သီ​လ ကို​အား​မ​ကိုး​ဘဲ​ယုံ​ကြည်​ခြင်း​ကို​အား​ကိုး လျှင် ဘု​ရား​သ​ခင်​သည်​သူ​၏​ယုံ​ကြည်​မှု​ကို ထောက်​ရှု​လျက် သူ့​အား​အ​ပြစ်​မ​ရှိ​ဟု​စီ​ရင် ချက်​ချ​မှတ်​တော်​မူ​သည်။ သူ​၏​ယုံ​ကြည်​ခြင်း ကြောင့်​ဘု​ရား​သ​ခင်​သည်​သူ့​ကို​မိ​မိ​နှင့် မှန်​ကန်​စွာ​ဆက်​ဆံ​စေ​တော်​မူ​၏။-

6. အ​ကျင့်​သီ​လ​ကို​မ​ထောက်​ဘဲ​ဘု​ရား​သ​ခင် သည်​ဖြောင့်​မတ်​သော​သူ​အ​ဖြစ်​လက်​ခံ​တော်​မူ ခြင်း​ကို ခံ​ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​ကြောင်း ဖော်​ပြ​ရာ​၌​ဒါ​ဝိဒ်​မင်း​က၊

7. ``အ​ပြစ်​ပြေ​လွတ်​ခွင့်​နှင့်​အ​ပြစ်​ဒု​စ​ရိုက်​အ​တွက်လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ကို​ရ​သော​သူ​သည် မင်္ဂလာ​ရှိ​၏။

8. မိမိ​၏​အ​ပြစ်​များ​ကို​ထာ​ဝ​ရ​ဘု​ရား​မှတ်​တော်​မူ ခြင်း​ကို၊ မ​ခံ​ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​၏''ဟု​မြွက်​ဆို​လေ​သည်။

9. ဒါ​ဝိဒ်​မင်း​ဖော်​ပြ​သော​မင်္ဂလာ​ကို​အ​ရေ​ဖျား လှီး​ခြင်း​ခံ​သူ​တို့​သာ​လျှင်​ရ​ရှိ​ကြ​သ​လော။ အ​ရေ​ဖျား​လှီး​ခြင်း​မ​ခံ​သူ​တို့​လည်း​ရ​ရှိ ကြ​ပေ​သည်။ ငါ​တို့​ဖော်​ပြ​ခဲ့​သော​ကျမ်း​စာ အ​ရ``အာ​ဗြ​ဟံ​သည်​ဘုရား​သခင်​ကို​ယုံ​ကြည် သ​ဖြင့်​ဘု​ရား​သ​ခင်​သည်​သူ့​အား​ဖြောင့်​မတ် သော​သူ​အ​ဖြစ်​လက်​ခံ​တော်​မူ​၏။-''

10. ဤ​သို့​အာ​ဗြ​ဟံ​အား​ဖြောင့်​မတ်​သော​သူ အ​ဖြစ်​ဘု​ရား​သ​ခင်​လက်​ခံ​တော်​မူ​သည့် အ​ချိန်​မှာ အာ​ဗြ​ဟံ​အ​ရေ​ဖျား​လှီး​မင်္ဂလာ ခံ​ပြီး​မှ​လော။ မ​ခံ​ရ​သေး​မီ​က​လော။ ခံ​ပြီး မှ​မ​ဟုတ်။ မ​ခံ​ရ​သေး​မီ​က​ဖြစ်​၏။-

11. သူ့​အား​ဘု​ရား​သ​ခင်​ယင်း​သို့​လက်​ခံ​တော်​မူ ပြီး​မှ​အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ ခံ​ရ​၏။ ထို​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကား​ဘု​ရား သ​ခင်​သည်​အာ​ဗြ​ဟံ​၏​ယုံ​ကြည်​မှု​ကို​ထောက် လျက် အ​ရေ​ဖျား​လှီး​မင်္ဂလာ​မ​ခံ​မီ​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​ကြောင်း​ကို​သက်​သေ​ပြ သော​အ​မှတ်​လက္ခ​ဏာ​ပင်​ဖြစ်​၏။ သို့​ဖြစ်​၍ အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကို မ​ခံ​သော်​လည်း​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သူ​အ​ဖြစ်​ကိုယ်​တော် လက်​ခံ​သူ​အ​ပေါင်း​တို့​၏​အ​ဖ​ဖြစ်​လာ ၏။-

12. သူ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ခံ​သူ​တို့​၏ အ​ဖ​လည်း​ဖြစ်​ပေ​သည်။ တစ်​နည်း​ကား​သူ သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကို​ခံ​ကြ​ရုံ​မ​က ငါ​တို့​အ​ဖ​အာ​ဗြ​ဟံ​အ​ရေ​ဖျား​လှီး​မင်္ဂလာ ကို​မ​ခံ​မီ​က ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ခြင်း စံ​န​မူ​နာ​ကို​လိုက်​သူ​တို့​၏​အ​ဖ​လည်း​ဖြစ် သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 4