ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 3:9-28 Common Language Bible (BCL)

9. သို့​ဖြစ်​ပါ​မူ​ငါ​တို့​ယု​ဒ​လူ​မျိုး​သည်​လူ မျိုး​ခြား​တို့​ထက်​အ​ဘယ်​သို့​လျှင် သာ​လွန် ကောင်း​မွန်​သည့်​အ​ခြေ​အ​နေ​တွင်​ရှိ​ကြ သ​နည်း။ မည်​သို့​မျှ​သာ​လွန်​ကောင်း​မွန်​သည့် အ​ခြေ​အ​နေ​တွင်​မ​ရှိ​ကြ။ ယု​ဒ​လူ​မျိုး ရော​လူ​မျိုး​ခြား​ပါ​အ​ပြစ်​၏​အာ​ဏာ​စက် အောက်​တွင်​ရှိ​ကြ​ကြောင်း​ငါ​အ​ထက်​က ဖော်​ပြ​ခဲ့​ပြီး​ဖြစ်​၏။-

10. ကျမ်း​စာ​တော်​တွင်၊``ဖြောင့်​မတ်​သူ​ဟူ​၍ တစ်​ယောက်​မျှ​မ​ရှိ။

11. ပ​ညာ​ရှိ​သူ​ဟူ​၍​မ​ရှိ။ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သူ တစ်​ယောက်​မျှ​မ​ရှိ။

12. လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို ကျော​ခိုင်း​သွား​ကြ​လေ​ပြီ။သူ​တို့​အား​လုံး​ပင်​လမ်း​လွဲ​ကြ​လေ​ပြီ။အ​မှန်​တ​ရား​ကို​ပြု​ကျင့်​သူ​ဟူ​၍​မ​ရှိ။ တစ်​ယောက်​မျှ​မ​ရှိ။

13. သူ​တို့​သည်​ကြောက်​မက်​ဖွယ်​ကောင်း​သော စ​ကား​များ​ကို​ပြော​ဆို​ကြ​၏။သူ​တို့​သည်​မိ​မိ​တို့​လျှာ​ဖြင့်​လိမ်​လည်​လှည့် စား​ကြ​၏။မြွေ​ဆိုး​ကဲ့​သို့​သူ​တို့​၏​နှုတ်​ခမ်း​တွင် အ​ဆိပ်​အ​တောက်​ရှိ​၏။

14. သူ​တို့​၏​ခံ​တွင်း​သည်​ခါး​သီး​စွာ​ကျိန်​စာ သင့်​သော စ​ကား​နှင့်​ပြည့်​ဝ​လျက်​ရှိ​၏။

15. သူ​တို့​သည်​လူ့​အ​သက်​ကို​သတ်​ရန်​လက်​မ​နှေး ကြ။

16. သူ​တို့​ရောက်​လေ​ရာ​တွင်​သူ​တို့​လက်​ချက်​ဖြင့် ပျက်​စီး​ဆုံး​ရှုံး​မှု​ရှိ​၏။

17. သူ​တို့​သည်​ငြိမ်း​ချမ်း​ရေး​လမ်း​စဉ်​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​လိုက်​ကြ။

18. သူ​တို့​တွင်​ဘု​ရား​သ​ခင်​အား​ကြောက်​ရွံ့​သော စိတ်​မ​ရှိ​ကြ''ဟူ​၍​ပါ​ရှိ​သည့်​အ​တိုင်း​ဖြစ်​သ​တည်း။

19. ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​မှန် သ​မျှ​သည် ပ​ညတ်​တ​ရား​စိုး​မိုး​မှု​လက်​အောက် တွင်​ရှိ​နေ​သူ​များ​အ​တွက်​ဖြစ်​ကြောင်း​ယ​ခု ငါ​တို့​သိ​ကြ​၏။ ဤ​သို့​ဖြစ်​ရ​ခြင်း​အ​ကြောင်း မှာ​လူ​တို့​၏​ဆင်​ခြေ​ဆင်​လက်​မှန်​သ​မျှ​ကို ရပ်​စဲ​စေ​ရန်​နှင့် လူ​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ကို​ခံ​စေ​ရန်​ဖြစ်​ပေ​သည်။-

20. ပ​ညတ်​တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​ကို​စောင့် ထိန်း​ခြင်း​အား​ဖြင့် အ​ဘယ်​သူ​မျှ​ဘုရား​သ​ခင် နှင့်​မှန်​ကန်​စွာ​မ​ဆက်​ဆံ​နိုင်။ ပ​ညတ်​တ​ရား ၏​ဆောင်​ရွက်​ချက်​မှာ​လူ​တို့​သည် မိ​မိ​တို့ အ​ပြစ်​ကူး​လွန်​သူ​များ​ဖြစ်​ကြောင်း​ကို သိ​ရှိ​လာ​စေ​ရန်​ပင်​ဖြစ်​၏။

21. သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​သည် လူ​သား​အား​မိ​မိ​နှင့်​အ​ဘယ်​နည်း​ဖြင့် မှန်​ကန် စွာ​ဆက်​ဆံ​စေ​ကြောင်း​သိ​သာ​ထင်​ရှား​လာ ပေ​ပြီ။ ဤ​နည်း​သည်​တ​ရား​ဥ​ပ​ဒေ​နှင့်​လုံး​ဝ မ​သက်​ဆိုင်။ သို့​ရာ​တွင်​ဤ​အ​ကြောင်း​ကို မော​ရှေ​၏​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း များ​က​သက်​သေ​ခံ​ကြ​၏။-

22. လူ​တို့​အား​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​နိုင်​သော​နည်း​လမ်း​မှာ​ယေ​ရှု​ခ​ရစ် ကို​ယုံ​ကြည်​ခြင်း​ဖြစ်​သည်။ လူ​တို့​သည်​ခြား နား​ခြင်း​မ​ရှိ။-

23. လူ​မှန်​သ​မျှ​သည်​အ​ပြစ်​ကူး​သူ​များ​ဖြစ် ကြ​၍​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​မှ​ဝေး ကွာ​စွာ​နေ​ရ​ကြ​၏။-

24. လူ​တို့​အား​အ​ပြစ်​မှ​လွတ်​မြောက်​စေ​တော်​မူ သော​ခ​ရစ်​တော်​ယေ​ရှု​ကို​အ​ကြောင်း​ပြု​၍ ဘု​ရား​သ​ခင်​သည်​အ​ခ​မဲ့​ကျေး​ဇူး​တော် အား​ဖြင့်​လူ​တို့​အား​မိ​မိ​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​စေ​တော်​မူ​၏။-

25-26. ခရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် လူ​တို့​သည်​အ​ပြစ်​များ​မှ​ပြေ​လွတ်​နိုင်​ကြ စေ​ရန် ဘု​ရား​သ​ခင်​သည်​ထို​အ​ရှင်​ကို​ပူ​ဇော် သကာ​အ​ဖြစ်​သတ်​မှတ်​တော်​မူ​၏။ လူ​တို့​သည် ခရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​ဖြင့်​အ​ပြစ်​များ မှ​ပြေ​လွတ်​ခြင်း​ကို​ခံ​စား​ရ​ကြ​၏။ ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​ကို​ပူ​ဇော်​သ​ကာ အ​ဖြစ်​သတ်​မှတ်​တော်​မူ​ရ​ခြင်း​မှာ ကိုယ် တော်​သည်​ဖြောင့်​မတ်​တော်​မူ​သော​အ​ရှင်​ဖြစ် ကြောင်း​ကို​ပြ​သ​ရန်​ဖြစ်​၏။ ယ​ခု​ခေတ် ကာ​လ​အ​ထိ​ဘု​ရား​သ​ခင်​သည်​စိတ်​ရှည် သည်း​ခံ​တော်​မူ​ပြီး​လျှင် လူ​တို့​ကူး​လွန်​ခဲ့ သည့်​အ​ပြစ်​များ​ကို​အ​ရေး​ယူ​တော်​မ​မူ။ သို့​ရာ​တွင်​ယ​ခု​ခေတ်​ကာ​လ​၌​ကိုယ်​တော် သည် မိ​မိ​၏​ဖြောင့်​မတ်​ခြင်း​ကို​ပြ​သ​ရန် လူ​တို့​၏​အ​ပြစ်​များ​ကို​အ​ရေး​ယူ​တော် မူ​၏။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​သည် မိ​မိ​ကိုယ်​တိုင်​ပင်​ဖြောင့်​မတ်​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​အား​ယုံ​ကြည်​သူ​အ​ပေါင်း​တို့ ကို မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ​တော်​မူ ကြောင်း​ကို​လည်း​ကောင်း​ဖော်​ပြ​တော်​မူ​၏။

27. သို့​ဖြစ်​၍​ငါ​တို့​ဝါ​ကြွား​စ​ရာ​အ​ကြောင်း အ​ဘယ်​မှာ​ရှိ​တော့​အံ့​နည်း။ ငါ​တို့​ဝါ​ကြွား စ​ရာ​အ​ကြောင်း​မ​ရှိ။ အ​ဘယ်​ကြောင့်​နည်း။ ပ​ညတ်​တ​ရား​ကို​ငါ​တို့​လိုက်​နာ​ကျင့်​သုံး ကြ​သည့်​အ​တွက်​ကြောင့်​လော။ မ​ဟုတ်​ပါ။ ယုံ​ကြည်​သည့်​အ​တွက်​ကြောင့်​ဖြစ်​၏။-

28. ယုံ​ကြည်​ခြင်း​အား​ဖြင့်​သာ​လျှင်​ကိုယ်​တော် နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ကြောင်း၊ ပ​ညတ်​တ​ရား​ကို​ကျင့်​သုံး​ခြင်း​အား​ဖြင့် မ​ရ​ရှိ​နိုင်​ကြောင်း​ငါ​တို့​ယ​ခု​သိ​ကြ​ပြီ ဖြစ်​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 3