ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 3:19-25-26 Common Language Bible (BCL)

19. ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​မှန် သ​မျှ​သည် ပ​ညတ်​တ​ရား​စိုး​မိုး​မှု​လက်​အောက် တွင်​ရှိ​နေ​သူ​များ​အ​တွက်​ဖြစ်​ကြောင်း​ယ​ခု ငါ​တို့​သိ​ကြ​၏။ ဤ​သို့​ဖြစ်​ရ​ခြင်း​အ​ကြောင်း မှာ​လူ​တို့​၏​ဆင်​ခြေ​ဆင်​လက်​မှန်​သ​မျှ​ကို ရပ်​စဲ​စေ​ရန်​နှင့် လူ​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ကို​ခံ​စေ​ရန်​ဖြစ်​ပေ​သည်။-

20. ပ​ညတ်​တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​ကို​စောင့် ထိန်း​ခြင်း​အား​ဖြင့် အ​ဘယ်​သူ​မျှ​ဘုရား​သ​ခင် နှင့်​မှန်​ကန်​စွာ​မ​ဆက်​ဆံ​နိုင်။ ပ​ညတ်​တ​ရား ၏​ဆောင်​ရွက်​ချက်​မှာ​လူ​တို့​သည် မိ​မိ​တို့ အ​ပြစ်​ကူး​လွန်​သူ​များ​ဖြစ်​ကြောင်း​ကို သိ​ရှိ​လာ​စေ​ရန်​ပင်​ဖြစ်​၏။

21. သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​သည် လူ​သား​အား​မိ​မိ​နှင့်​အ​ဘယ်​နည်း​ဖြင့် မှန်​ကန် စွာ​ဆက်​ဆံ​စေ​ကြောင်း​သိ​သာ​ထင်​ရှား​လာ ပေ​ပြီ။ ဤ​နည်း​သည်​တ​ရား​ဥ​ပ​ဒေ​နှင့်​လုံး​ဝ မ​သက်​ဆိုင်။ သို့​ရာ​တွင်​ဤ​အ​ကြောင်း​ကို မော​ရှေ​၏​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း များ​က​သက်​သေ​ခံ​ကြ​၏။-

22. လူ​တို့​အား​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​နိုင်​သော​နည်း​လမ်း​မှာ​ယေ​ရှု​ခ​ရစ် ကို​ယုံ​ကြည်​ခြင်း​ဖြစ်​သည်။ လူ​တို့​သည်​ခြား နား​ခြင်း​မ​ရှိ။-

23. လူ​မှန်​သ​မျှ​သည်​အ​ပြစ်​ကူး​သူ​များ​ဖြစ် ကြ​၍​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​မှ​ဝေး ကွာ​စွာ​နေ​ရ​ကြ​၏။-

24. လူ​တို့​အား​အ​ပြစ်​မှ​လွတ်​မြောက်​စေ​တော်​မူ သော​ခ​ရစ်​တော်​ယေ​ရှု​ကို​အ​ကြောင်း​ပြု​၍ ဘု​ရား​သ​ခင်​သည်​အ​ခ​မဲ့​ကျေး​ဇူး​တော် အား​ဖြင့်​လူ​တို့​အား​မိ​မိ​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​စေ​တော်​မူ​၏။-

25-26. ခရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် လူ​တို့​သည်​အ​ပြစ်​များ​မှ​ပြေ​လွတ်​နိုင်​ကြ စေ​ရန် ဘု​ရား​သ​ခင်​သည်​ထို​အ​ရှင်​ကို​ပူ​ဇော် သကာ​အ​ဖြစ်​သတ်​မှတ်​တော်​မူ​၏။ လူ​တို့​သည် ခရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​ဖြင့်​အ​ပြစ်​များ မှ​ပြေ​လွတ်​ခြင်း​ကို​ခံ​စား​ရ​ကြ​၏။ ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​ကို​ပူ​ဇော်​သ​ကာ အ​ဖြစ်​သတ်​မှတ်​တော်​မူ​ရ​ခြင်း​မှာ ကိုယ် တော်​သည်​ဖြောင့်​မတ်​တော်​မူ​သော​အ​ရှင်​ဖြစ် ကြောင်း​ကို​ပြ​သ​ရန်​ဖြစ်​၏။ ယ​ခု​ခေတ် ကာ​လ​အ​ထိ​ဘု​ရား​သ​ခင်​သည်​စိတ်​ရှည် သည်း​ခံ​တော်​မူ​ပြီး​လျှင် လူ​တို့​ကူး​လွန်​ခဲ့ သည့်​အ​ပြစ်​များ​ကို​အ​ရေး​ယူ​တော်​မ​မူ။ သို့​ရာ​တွင်​ယ​ခု​ခေတ်​ကာ​လ​၌​ကိုယ်​တော် သည် မိ​မိ​၏​ဖြောင့်​မတ်​ခြင်း​ကို​ပြ​သ​ရန် လူ​တို့​၏​အ​ပြစ်​များ​ကို​အ​ရေး​ယူ​တော် မူ​၏။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​သည် မိ​မိ​ကိုယ်​တိုင်​ပင်​ဖြောင့်​မတ်​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​အား​ယုံ​ကြည်​သူ​အ​ပေါင်း​တို့ ကို မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ​တော်​မူ ကြောင်း​ကို​လည်း​ကောင်း​ဖော်​ပြ​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 3