ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 3:1-15 Common Language Bible (BCL)

1. သို့​ဖြစ်​လျှင်​ယု​ဒ​လူ​မျိုး​သည် လူ​မျိုး​ခြား တို့​ထက်​အ​ဘယ်​သို့​သာ​သ​နည်း။ သူ​တို့ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​သည့်​အ​တွက် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။-

2. အ​ကျိုး​ကား​အ​ဘက်​ဘက်​၌​များ​စွာ​ရှိ​၏။ ပ​ထ​မ​အ​နေ​ဖြင့်​ယု​ဒ​အ​မျိုး​သား​တို့ သည်​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ခံ ယူ​ရ​ရှိ​ကြ​၏။-

3. အ​ကယ်​၍​ထို​သူ​အ​ချို့​တို့​သည်​သစ္စာ​မဲ့​ကြ ခြင်း​ကြောင့် ဘု​ရား​သ​ခင်​သည်​လည်း​သစ္စာ​မဲ့ တော်​မူ​မည်​ဟု​ဆို​ရ​မည်​လော။-

4. မည်​သည့်​နည်း​နှင့်​မျှ​ဤ​သို့​မ​ဆို​နိုင်။ လူ​တိုင်း ပင်​လိမ်​လည်​ကြ​စေ​ကာ​မူ​ဘု​ရား​သ​ခင်​မူ ကား က​တိ​သစ္စာ​တည်​တော်​မူ​မည်​သာ​ဖြစ်​၏။ ကျမ်း​စာ​တော်​က၊``ကိုယ်​တော်​မိန့်​တော်​မူ​သော​စ​ကား​သည် မှန်​ကန်​ရ​မည်။တ​ရား​ဆိုင်​တော်​မူ​ရ​လျှင်​လည်း​ကိုယ်​တော် သာ​လျှင် အ​နိုင်​ရ​မည်''ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်​ဖြစ်​၏။

5. သို့​ရာ​တွင်​လူ​အ​ချို့​က``ငါ​တို့​၏​ဆိုး​ယုတ်​မှု သည်​ဘုရား​သ​ခင်​၏​ကောင်း​မြတ်​မှန်​ကန်​မှု​ကို ပို​မို​ထင်​ရှား​စေ​သည်​မ​ဟုတ်​ပါ​လော'' ဟု မေး​ကြ​လိမ့်​မည်။ ငါ​တို့​မည်​သို့​အ​ဖြေ​ပေး မည်​နည်း။ ``ဘု​ရား​သ​ခင်​သည်​ငါ​တို့​ကို ဒဏ်​ခတ်​တော်​မူ​သည်​မှာ​မ​တ​ရား'' ဟု​ငါ တို့​ဖြေ​ဆို​ကြ​မည်​လော။ (ဤ​သို့​ငါ​ဆို​ရာ ၌​လူ​တို့​ပြော​ဆို​လေ့​ရှိ​သည့်​အ​တိုင်း​ပြော လိုက်​ခြင်း​ဖြစ်​သည်။-)

6. ``ဘု​ရား​သ​ခင်​သည်​မ​တ​ရား'' ဟု​အ​ဘယ် နည်း​နှင့်​မျှ​မ​ဆို​နိုင်။ အ​ကယ်​၍​ကိုယ်​တော် သည်​မ​တ​ရား​ပါ​မူ အ​ဘယ်​သို့​လျှင်​ကမ္ဘာ လော​က​ကို​တ​ရား​စီ​ရင်​တော်​မူ​နိုင်​မည် နည်း။

7. အ​ကယ်​၍​ငါ​၏​သစ္စာ​မဲ့​မှု​သည်​ဘု​ရား​သ​ခင် ၏​သစ္စာ​တော်​ကို​ပို​မို​ထင်​ရှား​စေ​သော​အား​ဖြင့် ကိုယ်​တော်​၏​ဂုဏ်​အ​သ​ရေ​တော်​ကို​တောက်​ပ စေ​သည်​ဆို​ပါ​က အ​ဘယ်​ကြောင့်​ငါ​သည် အ​ပြစ်​ကူး​သူ​အ​ဖြစ်​ဖြင့်​အ​ပြစ်​ဒဏ်​စီ​ရင် ခြင်း​ကို​ခံ​ရ​သ​နည်း။-

8. ``အ​ကောင်း​ကို​ဖြစ်​ပွား​စေ​ရန်​အ​ဆိုး​ကို​ငါ တို့​ပြု​ကြ​ကုန်​အံ့'' ဟု​ဆို​ရ​မည်​လော။ ဤ​ကဲ့ သို့​ပင်​ငါ​ပြော​ဆို​သည်​ဟူ​၍​လူ​အ​ချို့​က ပြစ်​တင်​စွပ်​စွဲ​ကာ​ငါ့​အား​စော်​ကား​ကြ​လေ ပြီ။ ထို​သူ​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​သည်​အ​တိုင်း​အ​မှန်​ပင်​ခံ​ရ​ကြ လိမ့်​မည်။

9. သို့​ဖြစ်​ပါ​မူ​ငါ​တို့​ယု​ဒ​လူ​မျိုး​သည်​လူ မျိုး​ခြား​တို့​ထက်​အ​ဘယ်​သို့​လျှင် သာ​လွန် ကောင်း​မွန်​သည့်​အ​ခြေ​အ​နေ​တွင်​ရှိ​ကြ သ​နည်း။ မည်​သို့​မျှ​သာ​လွန်​ကောင်း​မွန်​သည့် အ​ခြေ​အ​နေ​တွင်​မ​ရှိ​ကြ။ ယု​ဒ​လူ​မျိုး ရော​လူ​မျိုး​ခြား​ပါ​အ​ပြစ်​၏​အာ​ဏာ​စက် အောက်​တွင်​ရှိ​ကြ​ကြောင်း​ငါ​အ​ထက်​က ဖော်​ပြ​ခဲ့​ပြီး​ဖြစ်​၏။-

10. ကျမ်း​စာ​တော်​တွင်၊``ဖြောင့်​မတ်​သူ​ဟူ​၍ တစ်​ယောက်​မျှ​မ​ရှိ။

11. ပ​ညာ​ရှိ​သူ​ဟူ​၍​မ​ရှိ။ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သူ တစ်​ယောက်​မျှ​မ​ရှိ။

12. လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို ကျော​ခိုင်း​သွား​ကြ​လေ​ပြီ။သူ​တို့​အား​လုံး​ပင်​လမ်း​လွဲ​ကြ​လေ​ပြီ။အ​မှန်​တ​ရား​ကို​ပြု​ကျင့်​သူ​ဟူ​၍​မ​ရှိ။ တစ်​ယောက်​မျှ​မ​ရှိ။

13. သူ​တို့​သည်​ကြောက်​မက်​ဖွယ်​ကောင်း​သော စ​ကား​များ​ကို​ပြော​ဆို​ကြ​၏။သူ​တို့​သည်​မိ​မိ​တို့​လျှာ​ဖြင့်​လိမ်​လည်​လှည့် စား​ကြ​၏။မြွေ​ဆိုး​ကဲ့​သို့​သူ​တို့​၏​နှုတ်​ခမ်း​တွင် အ​ဆိပ်​အ​တောက်​ရှိ​၏။

14. သူ​တို့​၏​ခံ​တွင်း​သည်​ခါး​သီး​စွာ​ကျိန်​စာ သင့်​သော စ​ကား​နှင့်​ပြည့်​ဝ​လျက်​ရှိ​၏။

15. သူ​တို့​သည်​လူ့​အ​သက်​ကို​သတ်​ရန်​လက်​မ​နှေး ကြ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 3