ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 2:12-29 Common Language Bible (BCL)

12. လူ​မျိုး​ခြား​တို့​၌​မော​ရှေ​၏​ပ​ညတ်​တ​ရား မ​ရှိ။ သူ​တို့​အ​ပြစ်​ကူး​ကြ​သော​အ​ခါ​ဆုံး ပါး​ပျက်​စီး​ရ​ကြ​မည်​သာ​ဖြစ်​၏။ ပ​ညတ် တ​ရား​ရှိ​သော​ယု​ဒ​အ​မျိုး​သား​တို့​အ​ပြစ် ကူး​လွန်​သည့်​အ​ခါ သူ​တို့​သည်​ပ​ညတ်​တ​ရား ပြ​ဋ္ဌာန်း​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​၏။-

13. လူ​သည်​ပ​ညတ်​တ​ရား​ကို​ကြား​နာ​ရုံ​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​သူ မ​ဖြစ်​နိုင်။ ပ​ညတ်​တ​ရား​ပြ​ဋ္ဌာန်း​သည့်​အ​တိုင်း ပြု​ကျင့်​မှ​သာ​လျှင် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန် စွာ​ဆက်​သွယ်​သူ​ဖြစ်​နိုင်​၏။-

14. လူ​မျိုး​ခြား​တို့​သည်​မော​ရှေ​၏​ပ​ညတ်​တ​ရား ကို​မ​ခံ​ယူ​မ​ရ​ရှိ​ကြ​သော်​လည်း​ပ​ညတ် တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​ကို မိ​မိ​တို့​အ​လို ဆန္ဒ​အ​လျောက်​ပြု​ကျင့်​ကြ​သော​အ​ခါ​ယင်း တို့​သည်​မိ​မိ​တို့​အ​ဖို့​ပ​ညတ်​တ​ရား​ဖြစ် လာ​၏။-

15. ပ​ညတ်​တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​သည်​ထို သူ​တို့​၏​နှ​လုံး​သား​တွင်​ရေး​သား​ထား​လျက် ရှိ​ကြောင်း သူ​တို့​၏​အ​ပြု​အ​မူ​များ​က​ထောက် ခံ​၏။ သူ​တို့​၏​သြတ္တပ္ပ​စိတ်​က​လည်း​ထောက်​ခံ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​၏​စိတ်​နှ​လုံး သည် တစ်​ခါ​တစ်​ရံ​သူ​တို့​ကို​ပြစ်​တင်​၍ တစ်​ခါ တစ်​ရံ​လည်း​သူ​တို့​ကို​ထောက်​ခံ​သော​ကြောင့် ဖြစ်​၏။-

16. သို့​ဖြစ်​၍​ငါ​ဟော​ပြော​ကြေ​ညာ​သည့်​သ​တင်း ကောင်း​အ​ရ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ ဘု​ရား သ​ခင်​သည်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​လူ​ခပ်​သိမ်း တို့​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည်​များ​ကို ထို သို့​စစ်​ဆေး​စီ​ရင်​တော်​မူ​ပေ​အံ့။

17. သို့​ရာ​တွင်​အ​ချင်း​မိတ်​ဆွေ၊ သင်​သည်​မိ​မိ​ကိုယ် ကို​ယု​ဒ​အ​မျိုး​သား​ဖြစ်​သည်​ဟု​ဆို​ကာ ပ​ညတ် တ​ရား​ကို​အား​ကိုး​လျက်​ဘု​ရား​သ​ခင်​အ​ကြောင်း ကို​ကြွား​ဝါ​၏။-

18. သင်​သည်​ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​သိ​မြင် သူ​ဖြစ်​သည်။ ပ​ညတ်​တ​ရား​၏​သွန်​သင်​မှု​အား ဖြင့်​အ​မှန်​ကို​သိ​မြင်​လာ​သူ​ဖြစ်​၏။-

19-20. မိ​မိ​သည်​မျက်​မ​မြင်​တို့​၏​လမ်း​ပြ၊ အ​မှောင် တွင်​ရှိ​သူ​တို့​၏​အ​လင်း၊ လူ​မိုက်​တို့​၏​နည်း​ပြ၊ မ​သိ​နား​မ​လည်​သူ​တို့​၏​ဆ​ရာ​ဖြစ်​သည်​ဟု အ​မှန်​ပင်​သင်​ယုံ​ကြည်​၏။ ပ​ညတ်​တ​ရား​သည် အ​သိ​ပ​ညာ​နှင့်​သမ္မာ​တ​ရား​အ​စုံ​အ​လင် ကိန်း​အောင်း​ရာ​ဖြစ်​သည်​ကို​လည်း​သေ​ချာ စွာ​သိ​၏။-

21. သင်​သည်​သူ​တစ်​ပါး​တို့​အား​သွန်​သင်​ဆုံး​မ သူ​ဖြစ်​ပါ​လျက် အ​ဘယ်​ကြောင့်​မိ​မိ​ကိုယ်​ကို မ​သွန်​သင်​မ​ဆုံး​မ​ပါ​သ​နည်း။ သင်​သည်​သူ တစ်​ပါး​တို့​အား​မ​ခိုး​မ​ဝှက်​ရန် သွန်​သင် ဆုံး​မ​ပါ​လျက်​အ​ဘယ်​ကြောင့်​သင်​ကိုယ်​တိုင် က​ခိုး​ဝှက်​ပါ​သ​နည်း။-

22. သင်​သည်​အ​ခြား​သူ​တို့​အား​သူ​တစ်​ပါး​၏ အိမ်​ရာ​ကို​မ​ပြစ်​မှား​ရန်​တား​မြစ်​ပါ​လျက် အ​ဘယ်​ကြောင့်​သင်​ကိုယ်​တိုင်​ပြစ်​မှား​ပါ သ​နည်း။ သင်​သည်​ရုပ်​တု​ကို​ရွံ​ရှာ​ပါ​လျက် အ​ဘယ်​ကြောင့် သင်​ကိုယ်​တိုင်​ရုပ်​တု​တည်​ရာ ဗိ​မာန်​ကို​လု​ယက်​ပါ​သ​နည်း။-

23. သင်​သည်​ပ​ညတ်​တ​ရား​ကို​အ​မှီ​ပြု​၍​ဂုဏ် ယူ​ဝါ​ကြွား​ပါ​လျက် အ​ဘယ်​ကြောင့်​ထို​ပ​ညတ် တ​ရား​ကို​ချိုး​ဖောက်​ခြင်း​အား​ဖြင့် ဘု​ရား သ​ခင်​၏​အ​သ​ရေ​တော်​ကို​ဖျက်​နေ​ပါ​သ​နည်း။-

24. ကျမ်း​စာ​တော်​တွင်``ယု​ဒ​အ​မျိုး​သား​တို့​ကြောင့် လူ​မျိုး​ခြား​တို့​သည်​ဘု​ရား​သ​ခင်​၏​နာ​မ တော်​ကို​ကဲ့​ရဲ့​ကြ​၏'' ဟု​ဖော်​ပြ​ပါ​ရှိ သည်။

25. သင်​သည်​ပညတ်​တ​ရား​ကို​စောင့်​ထိန်း​သူ​ဖြစ် ပါ​မူ သင်​၏​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​သည် အ​ဋ္ဌိပ္ပါယ်​ရှိ​၏။ သို့​ရာ​တွင်​အ​ကယ်​၍​ပ​ညတ် တ​ရား​ကို​ချိုး​ဖောက်​သူ​ဖြစ်​ပါ​က အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂလာ​မ​ခံ​ခဲ့​လျှင်​ပို​၍​ကောင်း​လိမ့် မည်။-

26. အ​ကယ်​၍​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​မ​ခံ​သူ လူ​မျိုး​ခြား​တစ်​ယောက်​သည် ပ​ညတ်​တ​ရား ပြ​ဋ္ဌာန်း​ချက်​များ​ကို​ထိန်း​သိမ်း​လိုက်​လျှောက် ပါ​မူ ထို​သူ​အား​ဘု​ရား​သ​ခင်​သည်​အ​ရေ ဖျား​လှီး​မင်္ဂလာ​ခံ​သူ​ကဲ့​သို့​မှတ်​ယူ​တော်​မူ မည်​မ​ဟုတ်​လော။-

27. သင်​သည်​အက္ခ​ရာ​တင်​ထား​သည့်​ပ​ညတ်​တ​ရား နှင့် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ခံ​ယူ​ရ​ရှိ​သူ​ဖြစ် ပါ​လျက်​ပညတ်​တော်​ကို​ချိုး​ဖောက်​ပေ​သည်။ ထို့ ကြောင့်​လူ​မျိုး​ခြား​တို့​သည်​သင်​တို့​ယု​ဒ​အ​မျိုး သား​အား​ပြစ်​ဒဏ်​စီ​ရင်​ကြ​လိမ့်​မည်။ သူ​တို့ သည်​ကာ​ယ​နှင့်​ဆိုင်​သော​အ​ရေ​ဖျား​လှီး​မင်္ဂ လာ​ကို​မ​ခံ​ကြ​သော်​လည်း​ပ​ညတ်​တော်​ကို စောင့်​ထိန်း​ကြ​၏။-

28. နိ​ဂုံး​ချုပ်​ရ​သော်​ယု​ဒ​အ​မျိုး​သား​ဟူ​၍​ထင် မှတ်​ခြင်း​ခံ​ရ​သူ​တိုင်း​သည် ယု​ဒ​အ​မျိုး​သား အ​စစ်​အ​မှန်​မ​ဟုတ်။ လူ​တစ်​ဦး​တစ်​ယောက် သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကို​ခံ​ခြင်း​အား ဖြင့်​ယု​ဒ​အ​မျိုး​သား​ဖြစ်​၍​မ​လာ။-

29. ယု​ဒ​အ​မျိုး​သား​အ​စစ်​အမှန်​ကား​စိတ်​နှ​လုံး တွင် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို​ခံ​သူ​သာ လျှင်​ဖြစ်​ပေ​သည်။ ထို​သူ​ကို​ယု​ဒ​အ​မျိုး​သား ဖြစ်​စေ​သော​အ​ရာ​မှာ​အက္ခ​ရာ​တင်​ထား​သည့် ပ​ညတ်​တ​ရား​မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ် တော်​က​သာ​လူ​ကို​အ​တွင်း​စိတ်​သ​ဘော​အား ဖြင့် ယု​ဒ​အ​မျိုး​သား​ဖြစ်​စေ​တော်​မူ​၏။ ထို သို့​သော​သူ​သည်​လူ​တို့​ထံ​မှ​မ​ဟုတ်၊ ဘု​ရား သ​ခင်​၏​ထံ​တော်​မှ​အ​ချီး​အ​မွမ်း​ကို​ခံ​ရ သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 2