ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 2:11-16 Common Language Bible (BCL)

11. ဘု​ရား​သ​ခင်​သည်​မျက်​နှာ​ကြီး​ငယ်​မ​လိုက် ဘဲ​တ​ရား​စီ​ရင်​တော်​မူ​သ​တည်း။

12. လူ​မျိုး​ခြား​တို့​၌​မော​ရှေ​၏​ပ​ညတ်​တ​ရား မ​ရှိ။ သူ​တို့​အ​ပြစ်​ကူး​ကြ​သော​အ​ခါ​ဆုံး ပါး​ပျက်​စီး​ရ​ကြ​မည်​သာ​ဖြစ်​၏။ ပ​ညတ် တ​ရား​ရှိ​သော​ယု​ဒ​အ​မျိုး​သား​တို့​အ​ပြစ် ကူး​လွန်​သည့်​အ​ခါ သူ​တို့​သည်​ပ​ညတ်​တ​ရား ပြ​ဋ္ဌာန်း​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​၏။-

13. လူ​သည်​ပ​ညတ်​တ​ရား​ကို​ကြား​နာ​ရုံ​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​သူ မ​ဖြစ်​နိုင်။ ပ​ညတ်​တ​ရား​ပြ​ဋ္ဌာန်း​သည့်​အ​တိုင်း ပြု​ကျင့်​မှ​သာ​လျှင် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန် စွာ​ဆက်​သွယ်​သူ​ဖြစ်​နိုင်​၏။-

14. လူ​မျိုး​ခြား​တို့​သည်​မော​ရှေ​၏​ပ​ညတ်​တ​ရား ကို​မ​ခံ​ယူ​မ​ရ​ရှိ​ကြ​သော်​လည်း​ပ​ညတ် တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​ကို မိ​မိ​တို့​အ​လို ဆန္ဒ​အ​လျောက်​ပြု​ကျင့်​ကြ​သော​အ​ခါ​ယင်း တို့​သည်​မိ​မိ​တို့​အ​ဖို့​ပ​ညတ်​တ​ရား​ဖြစ် လာ​၏။-

15. ပ​ညတ်​တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​သည်​ထို သူ​တို့​၏​နှ​လုံး​သား​တွင်​ရေး​သား​ထား​လျက် ရှိ​ကြောင်း သူ​တို့​၏​အ​ပြု​အ​မူ​များ​က​ထောက် ခံ​၏။ သူ​တို့​၏​သြတ္တပ္ပ​စိတ်​က​လည်း​ထောက်​ခံ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​၏​စိတ်​နှ​လုံး သည် တစ်​ခါ​တစ်​ရံ​သူ​တို့​ကို​ပြစ်​တင်​၍ တစ်​ခါ တစ်​ရံ​လည်း​သူ​တို့​ကို​ထောက်​ခံ​သော​ကြောင့် ဖြစ်​၏။-

16. သို့​ဖြစ်​၍​ငါ​ဟော​ပြော​ကြေ​ညာ​သည့်​သ​တင်း ကောင်း​အ​ရ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ ဘု​ရား သ​ခင်​သည်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​လူ​ခပ်​သိမ်း တို့​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည်​များ​ကို ထို သို့​စစ်​ဆေး​စီ​ရင်​တော်​မူ​ပေ​အံ့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 2