ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 16:9-23 Common Language Bible (BCL)

9. ခ​ရစ်​တော်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ရာ​တွင်​ငါ​၏ လုပ်​ဖော်​ဆောင်​ဘက်​ဖြစ်​သူ​ဥ​ရ​ဗန်​နှင့်​ငါ​၏​ရင်း​နှီး သော​မိတ်​ဆွေ သ​တာ​ခု​ကို​နှုတ်​ဆက်​ကြ​လော့။-

10. အ​ပေ​လေ​ကို​နှုတ်​ဆက်​ကြ​လော့။ သူ​သည်​ခ​ရစ် တော်​အား​သစ္စာ​ရှိ​သူ​ဖြစ်​ပေ​သည်။ အာ​ရိတ္တော​ဗု​လု ၏​အိမ်​သူ​အိမ်​သား​တို့​ကို​နှုတ်​ဆက်​ကြ​လော့။-

11. ယု​ဒ​အ​မျိုး​သား​ချင်း​ဖြစ်​သူ​ဟေ​ရော​ဒျုန်​ကို နှုတ်​ဆက်​ကြ​လော့။ ညီ​အစ်​ကို​များ​ဖြစ်​သော နာ​ကိ​သု​၏​အိမ်​သူ​အိမ်​သား​တို့​ကို​နှုတ်​ဆက် ကြ​လော့။

12. သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သူ တ​ရု​ဖဲ​န​နှင့်​တ​ရု​ဖော​သ​ကို​နှုတ်​ဆက်​လိုက်​၏။ ငါ​၏​ရင်း​နှီး​သော​မိတ်​ဆွေ​ပေ​ရ​သိ​ကို​နှုတ်​ဆက် ကြ​လော့။ သူ​သည်​သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို အ​လွန်​ကြိုး​စား​ဆောင်​ရွက်​သူ​ဖြစ်​ပေ​သည်။-

13. သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ထူး​ချွန်​စွာ ဆောင်​ရွက်​သူ​ရု​ဖု​နှင့် ငါ​၏​အ​မိ​သ​ဖွယ် ဖြစ်​သော​သူ​၏​အ​မိ​ကို​နှုတ်​ဆက်​လိုက်​၏။-

14. အ​သုံ​ကြိတ်၊ ဖ​လေ​ကုန်၊ ဟေ​ရ​မ၊ ပတ်​ရော​ဘ၊ ဟေ​ရ​မေ​မှ​စ​၍​သူ​တို့​နှင့်​ပေါင်း​ဖော်​ကြ​သော ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို​နှုတ်​ဆက်​ကြ​လော့။-

15. ဖိ​လော​လုပ်၊ ယု​လိ၊ နေ​ရု၊ နေ​ရု​၏​နှ​မ​သြ​လုမ္ပ​မှ စ​၍​သူ​တို့​နှင့်​ပေါင်း​ဖော်​သော​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​ကို​နှုတ်​ဆက်​လိုက်​သည်။

16. သင်​တို့​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် သန့်​ရှင်း​သော​နမ်း​ခြင်း​ဖြင့်​နှုတ်​ဆက်​ကြ​လော့။ ခ​ရစ်​တော်​အ​သင်း​တော်​အ​ပေါင်း​က​သင်​တို့ အား​နှုတ်​ဆက်​လိုက်​၏။

17. ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ယူ​ရ​ရှိ​သည့်​သြ​ဝါ​ဒ များ​ကို​ဆန့်​ကျင်​လျက်​လူ​တို့​အား​စိတ်​ဝမ်း​ကွဲ စေ​ခြင်း၊ လူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​မှောက်​မှား လမ်း​လွဲ​စေ​ခြင်း​ကို​ပြု​သော​သူ​တို့​အား​သ​တိ ပြု​ကြ​လော့။ ထို​သူ​တို့​ကို​ရှောင်​ရှား​ကြ​လော့။-

18. သူ​တို့​သည်​ငါ​တို့​၏​အ​ရှင်​ခ​ရစ်​တော်​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​သူ​များ​မ​ဟုတ်။ မိ​မိ​တို့​၏​အ​မှု​ကို သာ​စိတ်​ဝင်​စား​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​နူး​ညံ့ ချို​သာ​သော​စ​ကား​များ၊ မြှောက်​ပင့်​သော​စ​ကား​များ ဖြင့်​ရိုး​သား​သူ​တို့​၏​စိတ်​ကို​လှည့်​စား​တတ်​ကြ​၏။-

19. သင်​တို့​သည်​သ​တင်း​ကောင်း​ကို​အ​ဘယ်​မျှ​စွဲ​မြဲ​စွာ ယုံ​ကြည်​ကြ​ကြောင်း​ကို​လူ​တိုင်း​ပင်​ကြား​သိ​ရ​၏။ သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​အ​တွက်​ဝမ်း​မြောက်​၏။ သင်​တို့​သည်​ကောင်း​မြတ်​သော​အ​မှု​အ​ဘယ်​အ​ရာ ဖြစ်​သည်​ကို​သိ​သော​ပ​ညာ​ရှိ​များ​ဖြစ်​ပြီး​လျှင် ညစ်​ညမ်း​သော​အ​မှု​နှင့်​ပတ်​သက်​၍​အ​ပြစ်​ကင်း သူ​များ​ဖြစ်​ကြ​စေ​လို​၏။-

20. ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည်​စာ​တန် အား သင်​တို့​၏​ခြေ​အောက်​တွင်​မ​ကြာ​မီ​ချေ​မှုန်း တော်​မူ​လိမ့်​မည်။ငါ​တို့​သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​ကို​သင်​တို့ ခံ​စား​ကြ​ရ​ပါ​စေ​သော။

21. ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်​တိ​မော​သေ​နှင့်​ယု​ဒ အ​မျိုး​သား​ဖြစ်​ကြ​သူ​လု​ကိ၊ ယာ​သုန်​နှင့်​သော သိ​ပ​တ​ရု​တို့​က​သင်​တို့​အား​နှုတ်​ဆက်​လိုက် ကြ​၏။

22. ကျွန်ုပ်​တေ​ရ​တိ​သည်​ဤ​စာ​ကို​နှုတ်​တိုက်​လိုက်​၍ ရေး​သား​ခဲ့​ပါ​၏။ ကျွန်ုပ်​က​လည်း​ခ​ရစ်​တော်​အား ဖြင့်​သင်​တို့​အား​နှုတ်​ဆက်​လိုက်​ပါ​၏။

23. ငါ့​အား​ဧည့်​ဝတ်​ပြု​သူ၊ အ​သင်း​တော်​ဝင်​အ​ပေါင်း တို့​ဝတ်​ပြု​ရာ​အိမ်​ရှင်​ဂါ​ယု​က​လည်း​သင်​တို့​အား နှုတ်​ဆက်​လိုက်​၏။ မြို့​တော်​ဘဏ္ဍာ​ထိန်း​ဧရတ္တု​က လည်း​ကောင်း၊ ငါ​တို့​၏​ညီ​အစ်​ကို​ကွာ​တု​က လည်း​ကောင်း​သင်​တို့​အား​နှုတ်​ဆက်​လိုက်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 16