3. ခရစ်တော်ယေရှု၏အမှုတော်ကိုဆောင်ရွက်ရာတွင် ငါ၏လုပ်ဖော်ဆောင်ဘက်ဖြစ်သူပြစ်ကိလနှင့် အာကုလတို့အားနှုတ်ဆက်ကြလော့။-
4. သူတို့သည်ငါ၏အတွက်သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသူများဖြစ်ကြ၏။ သူတို့အား ငါတစ်ဦးတည်းသာမကလူမျိုးခြားတို့၏ အသင်းတော်အပေါင်းတို့ကလည်းကျေးဇူးတင် ကြ၏။-
5. သူတို့အိမ်၌စုဝေးဝတ်ပြုသည့်အသင်းတော်ကို လည်းငါနှုတ်ဆက်ကြောင်းပြောကြားကြလော့။အာရှပြည်တွင်ပထမဆုံးခရစ်တော်ကိုယုံကြည် လက်ခံလာသူ ငါ၏ရင်းနှီးသောမိတ်ဆွေဧပဲနက် ကိုနှုတ်ဆက်ကြလော့။-
6. သင်တို့အတွက်အလုပ်ကိုကြိုးစားလုပ်ဆောင်သူ မာရိကိုနှုတ်ဆက်ကြလော့။-
7. အန္ဒြောနိတ်နှင့်ယုနိတို့ကိုနှုတ်ဆက်ကြလော့။ သူတို့ သည်ငါနှင့်အတူအကျဉ်းခံခဲ့သောယုဒအမျိုးသား များဖြစ်ကြ၏။ သူတို့သည်တမန်တော်များအဖြစ် ဖြင့်ထင်ပေါ်ကျော်ကြားသူများ၊ ငါ၏အလျင် ခရစ်တော်ကိုသိကြသူများတည်း။
8. သခင်ဘုရား၌ငါ၏ရင်းနှီးသောမိတ်ဆွေ၊ အမ္ပလိ ကိုနှုတ်ဆက်ကြလော့။-
9. ခရစ်တော်၏အမှုတော်ကိုဆောင်ရွက်ရာတွင်ငါ၏ လုပ်ဖော်ဆောင်ဘက်ဖြစ်သူဥရဗန်နှင့်ငါ၏ရင်းနှီး သောမိတ်ဆွေ သတာခုကိုနှုတ်ဆက်ကြလော့။-
10. အပေလေကိုနှုတ်ဆက်ကြလော့။ သူသည်ခရစ် တော်အားသစ္စာရှိသူဖြစ်ပေသည်။ အာရိတ္တောဗုလု ၏အိမ်သူအိမ်သားတို့ကိုနှုတ်ဆက်ကြလော့။-
11. ယုဒအမျိုးသားချင်းဖြစ်သူဟေရောဒျုန်ကို နှုတ်ဆက်ကြလော့။ ညီအစ်ကိုများဖြစ်သော နာကိသု၏အိမ်သူအိမ်သားတို့ကိုနှုတ်ဆက် ကြလော့။
12. သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်သူ တရုဖဲနနှင့်တရုဖောသကိုနှုတ်ဆက်လိုက်၏။ ငါ၏ရင်းနှီးသောမိတ်ဆွေပေရသိကိုနှုတ်ဆက် ကြလော့။ သူသည်သခင်ဘုရား၏အမှုတော်ကို အလွန်ကြိုးစားဆောင်ရွက်သူဖြစ်ပေသည်။-
13. သခင်ဘုရား၏အမှုတော်ကိုထူးချွန်စွာ ဆောင်ရွက်သူရုဖုနှင့် ငါ၏အမိသဖွယ် ဖြစ်သောသူ၏အမိကိုနှုတ်ဆက်လိုက်၏။-
14. အသုံကြိတ်၊ ဖလေကုန်၊ ဟေရမ၊ ပတ်ရောဘ၊ ဟေရမေမှစ၍သူတို့နှင့်ပေါင်းဖော်ကြသော ညီအစ်ကိုအပေါင်းတို့ကိုနှုတ်ဆက်ကြလော့။-
15. ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရု၏နှမသြလုမ္ပမှ စ၍သူတို့နှင့်ပေါင်းဖော်သောဘုရားသခင်၏ လူစုတော်ဝင်အပေါင်းတို့ကိုနှုတ်ဆက်လိုက်သည်။
16. သင်တို့အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သန့်ရှင်းသောနမ်းခြင်းဖြင့်နှုတ်ဆက်ကြလော့။ ခရစ်တော်အသင်းတော်အပေါင်းကသင်တို့ အားနှုတ်ဆက်လိုက်၏။
17. ညီအစ်ကိုတို့၊ သင်တို့ခံယူရရှိသည့်သြဝါဒ များကိုဆန့်ကျင်လျက်လူတို့အားစိတ်ဝမ်းကွဲ စေခြင်း၊ လူတို့၏ယုံကြည်ခြင်းကိုမှောက်မှား လမ်းလွဲစေခြင်းကိုပြုသောသူတို့အားသတိ ပြုကြလော့။ ထိုသူတို့ကိုရှောင်ရှားကြလော့။-