ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 16:1-14 Common Language Bible (BCL)

1. ကင်​ခြေ​မြို့​အ​သင်း​တော်​တွင်​ကူ​ညီ​မ​စ​သူ၊ ငါ တို့​၏​ညီ​မ​ဖြစ်​သူ​ဖိ​ဗေ​၏​အ​ကြောင်း​ကို​ငါ ထောက်​ခံ​ပြော​ဆို​လို​၏။-

2. သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင် အ​ချင်း​ချင်း​အား​လက်​ခံ​သင့်​သည်​အ​တိုင်း​သ​ခင် ဘု​ရား​ကို​ထောက်​၍​သူ့​အား​လက်​ခံ​ကြ​လော့။ အ​ကူ​အ​ညီ​လို​အပ်​သည့်​အ​မှု​ကိစ္စ​၌​သူ့​အား ကူ​ညီ​မ​စ​ကြ​လော့။ သူ​သည်​လူ​အ​မြောက်​အ​မြား ကို​ကူ​ညီ​မ​စ​ခဲ့​သူ​ဖြစ်​ပေ​သည်။ ငါ့​ကို​လည်း ကူ​ညီ​မ​စ​ခဲ့​၏။

3. ခ​ရစ်​တော်​ယေ​ရှု​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ရာ​တွင် ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်​ဖြစ်​သူ​ပြစ်​ကိ​လ​နှင့် အာ​ကု​လ​တို့​အား​နှုတ်​ဆက်​ကြ​လော့။-

4. သူ​တို့​သည်​ငါ​၏​အ​တွက်​သက်​စွန့်​ကြိုး​ပမ်း ဆောင်​ရွက်​ခဲ့​ကြ​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​အား ငါ​တစ်​ဦး​တည်း​သာ​မ​က​လူ​မျိုး​ခြား​တို့​၏ အ​သင်း​တော်​အ​ပေါင်း​တို့​က​လည်း​ကျေး​ဇူး​တင် ကြ​၏။-

5. သူ​တို့​အိမ်​၌​စု​ဝေး​ဝတ်​ပြု​သည့်​အ​သင်း​တော်​ကို လည်း​ငါ​နှုတ်​ဆက်​ကြောင်း​ပြော​ကြား​ကြ​လော့။အာ​ရှ​ပြည်​တွင်​ပ​ထ​မ​ဆုံး​ခ​ရစ်​တော်​ကို​ယုံ​ကြည် လက်​ခံ​လာ​သူ ငါ​၏​ရင်း​နှီး​သော​မိတ်​ဆွေ​ဧ​ပဲ​နက် ကို​နှုတ်​ဆက်​ကြ​လော့။-

6. သင်​တို့​အ​တွက်​အ​လုပ်​ကို​ကြိုး​စား​လုပ်​ဆောင်​သူ မာ​ရိ​ကို​နှုတ်​ဆက်​ကြ​လော့။-

7. အန္ဒြော​နိတ်​နှင့်​ယု​နိ​တို့​ကို​နှုတ်​ဆက်​ကြ​လော့။ သူ​တို့ သည်​ငါ​နှင့်​အ​တူ​အ​ကျဉ်း​ခံ​ခဲ့​သော​ယု​ဒ​အ​မျိုး​သား များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​တ​မန်​တော်​များ​အ​ဖြစ် ဖြင့်​ထင်​ပေါ်​ကျော်​ကြား​သူ​များ၊ ငါ​၏​အ​လျင် ခ​ရစ်​တော်​ကို​သိ​ကြ​သူ​များ​တည်း။

8. သ​ခင်​ဘု​ရား​၌​ငါ​၏​ရင်း​နှီး​သော​မိတ်​ဆွေ၊ အမ္ပလိ ကို​နှုတ်​ဆက်​ကြ​လော့။-

9. ခ​ရစ်​တော်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ရာ​တွင်​ငါ​၏ လုပ်​ဖော်​ဆောင်​ဘက်​ဖြစ်​သူ​ဥ​ရ​ဗန်​နှင့်​ငါ​၏​ရင်း​နှီး သော​မိတ်​ဆွေ သ​တာ​ခု​ကို​နှုတ်​ဆက်​ကြ​လော့။-

10. အ​ပေ​လေ​ကို​နှုတ်​ဆက်​ကြ​လော့။ သူ​သည်​ခ​ရစ် တော်​အား​သစ္စာ​ရှိ​သူ​ဖြစ်​ပေ​သည်။ အာ​ရိတ္တော​ဗု​လု ၏​အိမ်​သူ​အိမ်​သား​တို့​ကို​နှုတ်​ဆက်​ကြ​လော့။-

11. ယု​ဒ​အ​မျိုး​သား​ချင်း​ဖြစ်​သူ​ဟေ​ရော​ဒျုန်​ကို နှုတ်​ဆက်​ကြ​လော့။ ညီ​အစ်​ကို​များ​ဖြစ်​သော နာ​ကိ​သု​၏​အိမ်​သူ​အိမ်​သား​တို့​ကို​နှုတ်​ဆက် ကြ​လော့။

12. သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သူ တ​ရု​ဖဲ​န​နှင့်​တ​ရု​ဖော​သ​ကို​နှုတ်​ဆက်​လိုက်​၏။ ငါ​၏​ရင်း​နှီး​သော​မိတ်​ဆွေ​ပေ​ရ​သိ​ကို​နှုတ်​ဆက် ကြ​လော့။ သူ​သည်​သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို အ​လွန်​ကြိုး​စား​ဆောင်​ရွက်​သူ​ဖြစ်​ပေ​သည်။-

13. သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ထူး​ချွန်​စွာ ဆောင်​ရွက်​သူ​ရု​ဖု​နှင့် ငါ​၏​အ​မိ​သ​ဖွယ် ဖြစ်​သော​သူ​၏​အ​မိ​ကို​နှုတ်​ဆက်​လိုက်​၏။-

14. အ​သုံ​ကြိတ်၊ ဖ​လေ​ကုန်၊ ဟေ​ရ​မ၊ ပတ်​ရော​ဘ၊ ဟေ​ရ​မေ​မှ​စ​၍​သူ​တို့​နှင့်​ပေါင်း​ဖော်​ကြ​သော ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို​နှုတ်​ဆက်​ကြ​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 16