ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 15:1-7 Common Language Bible (BCL)

1. ယုံ​ကြည်​ခြင်း​ခိုင်​မာ​သူ​ငါ​တို့​သည် ယုံ​ကြည် ခြင်း​အား​နည်း​သူ​တို့​၏​ဝန်​များ​ကို​ကူ​ညီ ထမ်း​သင့်​၏။ ငါ​တို့​သည်​ကိုယ့်​အ​လို​ကို​လိုက် ၍​မ​လုပ်​ဆောင်​ရ။-

2. ငါ​တို့​ရှိ​သ​မျှ​သည်​ယုံ​ကြည်​ခြင်း​မ​ခိုင်​မာ​သေး သော​ညီ​အစ်​ကို​များ​၏​ယုံ​ကြည်​ခြင်း​ခိုင်​မာ​လာ စေ​ရန် သူ​တို့​၏​အ​ကျိုး​ကို​ထောက်​၍​သူ​တို့​၏ အ​လို​ကို​လိုက်​သင့်​၏။-

3. ``ကိုယ်​တော်​အား​လူ​တို့​စော်​ကား​ပြော​ဆို​ခြင်း သည်​အ​ကယ်​ပင်​အ​ကျွန်ုပ်​အား​စော်​ကား​ပြော​ဆို ခြင်း​ဖြစ်​ပါ​၏'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော်​ပြ ထား​သည့်​အ​တိုင်း​ခ​ရစ်​တော်​သည်​မိ​မိ​၏ အ​လို​တော်​ကို​လိုက်​တော်​မ​မူ။-

4. ကျမ်း​စာ​တော်​တွင်​ရေး​သား​ဖော်​ပြ​ထား​သ​မျှ သော​အ​ရာ​တို့​သည် ငါ​တို့​အား​သွန်​သင်​ဆုံး​မ​ရန် အ​တွက်​ဖြစ်​၏။ ယင်း​သို့​ရေး​သား​ဖော်​ပြ​ရ​ခြင်း မှာ​ငါ​တို့​သည်​ကျမ်း​စာ​တော်​မှ​ရ​ရှိ​သည့် သည်း​ခံ မှု​နှင့်​နှစ်​သိမ့်​မှု​တို့​အား​ဖြင့်​မိ​မိ​တို့​၌​မျှော်​လင့် ခြင်း​ရ​ရှိ​နိုင်​ကြ​စေ​ရန်​ပင်​ဖြစ်​၏။-

5. သင်​တို့​အ​ပေါင်း​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​စံ​န မူ​နာ​ကို​လိုက်​၍​တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​ကြ စေ​ရန် သည်း​ခံ​မှု​နှင့်​နှစ်​သိမ့်​မှု​၏​အ​ရှင်​ဘု​ရား သ​ခင်​သည်​သင်​တို့​အား​ကူ​မ​တော်​မူ​ပါ​စေ သော။-

6. သို့​မှ​သာ​သင်​တို့​အ​ပေါင်း​သည်​တ​ညီ​တ​ညွတ် တည်း​ဖြင့်​ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​၏​ခ​မည်း တော်​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး နိုင်​ကြ​လိမ့်​မည်။

7. ထို့​ကြောင့်​ခ​ရစ်​တော်​သည် သင်​တို့​ကို​လက်​ခံ သ​ကဲ့​သို့​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန် သင်​တို့​သည်​လည်း​အ​ချင်း ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​လက်​ခံ​ကြ​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 15