8. ငါတို့အသက်ရှင်လျှင်သခင်ဘုရား၏ အတွက်ဖြစ်၍သေလျှင်လည်း သခင်ဘုရား ၏အတွက်ဖြစ်၏။ ထို့ကြောင့်ငါတို့သည် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သခင်ဘုရားပိုင်ဆိုင်ရာဖြစ်၏။-
9. အဘယ်ကြောင့်ဆိုသော်ခရစ်တော်သည်သေ သူ၊ ရှင်သူတို့၏အရှင်သခင်ဖြစ်အံ့သောငှာ အသေခံ၍ရှင်ပြန်ထမြောက်တော်မူသော ကြောင့်ဖြစ်၏။-
10. ထို့ကြောင့်သင်တို့သည်အဘယ်ကြောင့်မိမိ တို့၏ခရစ်ယာန်ညီအစ်ကိုများကိုစစ်ကြော စီရင်ကြသနည်း။ အဘယ်ကြောင့်သူတို့အား အထင်သေးကြသနည်း။ ငါတို့အားလုံးပင် တရားစီရင်ခံရရန်ဘုရားသခင်၏တရား ပလ္လင်တော်ရှေ့သို့ရောက်ကြရမည်။-
11. ကျမ်းစာတော်တွင်၊``ဘုရားရှင်မိန့်တော်မူသည်ကား`ငါသည် အသက်ရှင်သောဘုရားဖြစ်တော်မူသည်အတိုင်းငါ၏ရှေ့၌လူတိုင်းပျပ်ဝပ်ရလိမ့်မည်။ငါသည်ဘုရားဖြစ်တော်မူကြောင်းလူတိုင်း ဝန်ခံရလိမ့်မည်' ''ဟူ၍ဆိုသည်။-
12. သို့ဖြစ်၍ငါတို့အားလုံးသည်မိမိတို့ပြုခဲ့ သမျှကို ဘုရားသခင်အားအစီရင်ခံကြ ရမည်။
13. ထို့ကြောင့်ငါတို့သည်အချင်းချင်းအား စစ်ကြောစီရင်မှုမပြုဘဲနေကြကုန်အံ့။ ညီအစ်ကိုချင်းတို့အားတိုက်လဲမှောက်မှားစေ မည့်အပြုအမူများကိုရှောင်ကြဉ်ကြကုန် အံ့။-
14. အဘယ်အစားအစာမျှပကတိအားဖြင့် မညစ်ညမ်းကြောင်းကိုငါသည်သခင်ယေရှု ကိုအမှီပြုလျက်အသေအချာသိ၏။ သို့ သော်လည်းအစားအစာသည်ညစ်ညမ်းသည် ဟုယုံကြည်လျှင်ယုံကြည်သူအဖို့သာညစ် ညမ်း၏။-
15. အကယ်၍သင်သည်မိမိစားသောအစား အစာအားဖြင့်ညီအစ်ကိုတစ်စုံတစ်ယောက် အားစိတ်အနှောင့်အယှက်ဖြစ်စေပါမူ ထို သူ၏အပေါ်တွင်မေတ္တာတရားကင်းမဲ့စွာ ပြုကျင့်ရာရောက်၏။ ထိုသူ၏အတွက်ခရစ် တော်သည်အသေခံတော်မူခဲ့သည်ဖြစ်ရာ တစ်စုံတစ်ခုသောအစားအစာကိုသင် စားခြင်းကြောင့်ထိုသူအားအကျိုးမနည်း စေနှင့်။-
16. သင်တို့ကောင်းသည်ဟုထင်မြင်ယူဆမှုသည် ကဲ့ရဲ့စရာမဖြစ်စေနှင့်။-
17. ငါတို့ကိုဘုရားသခင်အုပ်စိုးတော်မူခြင်း ဆိုသည်မှာအစားအသောက်နှင့်မစပ်ဆိုင်။ သန့်ရှင်းသောဝိညာဉ်တော်မှရရှိသောငြိမ် သက်ခြင်း၊ ဝမ်းမြောက်ခြင်းတို့နှင့်သာစပ် ဆိုင်၏။-
18. ဤနည်းအားဖြင့်ခရစ်တော်၏အမှုတော် ကိုဆောင်ရွက်သူအားဘုရားသခင်နှစ်သက် တော်မူ၏။ လူတို့လည်းချီးမွမ်းကြ၏။