ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 14:6-20 Common Language Bible (BCL)

6. နေ့​ထူး​နေ့​မြတ်​ကို​စောင့်​ထိန်း​သူ​သည်​သ​ခင် ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​အ​တွက် စောင့်​ထိန်း​ခြင်း​ဖြစ်​၏။ မည်​သည့်​အ​စား​အ​စာ များ​ကို​မ​ဆို​စား​တတ်​သူ​သည်​လည်း သ​ခင် ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​အ​တွက် စား​ခြင်း​ဖြစ်​သည်။ သူ​သည်​လည်း​ထို​အ​စား အ​စာ​အ​တွက်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​သည်။ အ​ချို့​သော​အ​စား အ​စာ​ကို​ရှောင်​ကြဉ်​သော​သူ​သည်​လည်း သ​ခင် ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​အ​တွက် ရှောင်​ကြဉ်​ခြင်း​ဖြစ်​၏။ သူ​သည်​လည်း​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း သည်။-

7. ငါ​တို့​အ​နက်​အ​ဘယ်​သူ​မျှ​တစ်​ကိုယ်​တည်း အ​တွက်​သာ​အ​သက်​မ​ရှင်။ တစ်​ကိုယ်​တည်း အ​တွက်​သာ​မ​သေ။-

8. ငါ​တို့​အ​သက်​ရှင်​လျှင်​သ​ခင်​ဘု​ရား​၏ အ​တွက်​ဖြစ်​၍​သေ​လျှင်​လည်း သ​ခင်​ဘု​ရား ၏​အ​တွက်​ဖြစ်​၏။ ထို့​ကြောင့်​ငါ​တို့​သည် အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ သ​ခင်​ဘု​ရား​ပိုင်​ဆိုင်​ရာ​ဖြစ်​၏။-

9. အ​ဘယ်​ကြောင့်​ဆို​သော်​ခ​ရစ်​တော်​သည်​သေ သူ၊ ရှင်​သူ​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​အံ့​သော​ငှာ အ​သေ​ခံ​၍​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော ကြောင့်​ဖြစ်​၏။-

10. ထို့​ကြောင့်​သင်​တို့​သည်​အ​ဘယ်​ကြောင့်​မိ​မိ တို့​၏​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​ကို​စစ်​ကြော စီ​ရင်​ကြ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ​တို့​အား အ​ထင်​သေး​ကြ​သ​နည်း။ ငါ​တို့​အား​လုံး​ပင် တ​ရား​စီ​ရင်​ခံ​ရ​ရန်​ဘု​ရား​သ​ခင်​၏​တ​ရား ပလ္လင်​တော်​ရှေ့​သို့​ရောက်​ကြ​ရ​မည်။-

11. ကျမ်း​စာ​တော်​တွင်၊``ဘု​ရား​ရှင်​မိန့်​တော်​မူ​သည်​ကား`ငါ​သည် အ​သက်​ရှင်​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​အ​တိုင်းငါ​၏​ရှေ့​၌​လူ​တိုင်း​ပျပ်​ဝပ်​ရ​လိမ့်​မည်။ငါ​သည်​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​လူ​တိုင်း ဝန်​ခံ​ရ​လိမ့်​မည်' ''ဟူ​၍​ဆို​သည်။-

12. သို့​ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​မိ​မိ​တို့​ပြု​ခဲ့ သ​မျှ​ကို ဘု​ရား​သ​ခင်​အား​အ​စီ​ရင်​ခံ​ကြ ရ​မည်။

13. ထို့​ကြောင့်​ငါ​တို့​သည်​အ​ချင်း​ချင်း​အား စစ်​ကြော​စီ​ရင်​မှု​မ​ပြု​ဘဲ​နေ​ကြ​ကုန်​အံ့။ ညီ​အစ်​ကို​ချင်း​တို့​အား​တိုက်​လဲ​မှောက်​မှား​စေ မည့်​အ​ပြု​အ​မူ​များ​ကို​ရှောင်​ကြဉ်​ကြ​ကုန် အံ့။-

14. အ​ဘယ်​အ​စား​အ​စာ​မျှ​ပ​က​တိ​အား​ဖြင့် မ​ညစ်​ညမ်း​ကြောင်း​ကို​ငါ​သည်​သ​ခင်​ယေ​ရှု ကို​အ​မှီ​ပြု​လျက်​အ​သေ​အ​ချာ​သိ​၏။ သို့ သော်​လည်း​အ​စား​အ​စာ​သည်​ညစ်​ညမ်း​သည် ဟု​ယုံ​ကြည်​လျှင်​ယုံ​ကြည်​သူ​အ​ဖို့​သာ​ညစ် ညမ်း​၏။-

15. အ​ကယ်​၍​သင်​သည်​မိ​မိ​စား​သော​အ​စား အ​စာ​အား​ဖြင့်​ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက် အား​စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​စေ​ပါ​မူ ထို သူ​၏​အ​ပေါ်​တွင်​မေတ္တာ​တ​ရား​ကင်း​မဲ့​စွာ ပြု​ကျင့်​ရာ​ရောက်​၏။ ထို​သူ​၏​အ​တွက်​ခ​ရစ် တော်​သည်​အ​သေ​ခံ​တော်​မူ​ခဲ့​သည်​ဖြစ်​ရာ တစ်​စုံ​တစ်​ခု​သော​အ​စား​အ​စာ​ကို​သင် စား​ခြင်း​ကြောင့်​ထို​သူ​အား​အ​ကျိုး​မ​နည်း စေ​နှင့်။-

16. သင်​တို့​ကောင်း​သည်​ဟု​ထင်​မြင်​ယူ​ဆ​မှု​သည် ကဲ့​ရဲ့​စ​ရာ​မ​ဖြစ်​စေ​နှင့်။-

17. ငါ​တို့​ကို​ဘု​ရား​သ​ခင်​အုပ်​စိုး​တော်​မူ​ခြင်း ဆို​သည်​မှာ​အ​စား​အ​သောက်​နှင့်​မ​စပ်​ဆိုင်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​မှ​ရ​ရှိ​သော​ငြိမ် သက်​ခြင်း၊ ဝမ်း​မြောက်​ခြင်း​တို့​နှင့်​သာ​စပ် ဆိုင်​၏။-

18. ဤ​နည်း​အား​ဖြင့်​ခ​ရစ်​တော်​၏​အ​မှု​တော် ကို​ဆောင်​ရွက်​သူ​အား​ဘု​ရား​သ​ခင်​နှစ်​သက် တော်​မူ​၏။ လူ​တို့​လည်း​ချီး​မွမ်း​ကြ​၏။

19. သို့​ဖြစ်​၍​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​မှု​ကို​ပြု​စု ပေး​မည့်​အ​ရာ​များ​နှင့်​တစ်​ယောက်​ကို​တစ် ယောက် ဝိ​ညာဉ်​ခွန်​အား​ပြည့်​စေ​မည့်​အ​ရာ များ​ကို​အ​မြဲ​ကြိုး​စား​ပြု​လုပ်​ကြ​ရ​မည်။-

20. အ​စား​အ​စာ​တစ်​စုံ​တစ်​ရာ​စား​သောက်​မှု အ​တွက်​ကြောင့်​ယုံ​ကြည်​ခြင်း​မ​ခိုင်​မာ​သေး သူ​ကို​အ​ကျိုး​မ​နည်း​စေ​နှင့်။ အ​စား​အ​စာ မှန်​သ​မျှ​သည်​စား​သင့်​သော​အ​ရာ​ဖြစ်​သော် လည်း​ထို​အ​စား​အ​စာ​များ​ကို​စား​သုံး ခြင်း​ဖြင့်​သူ​တစ်​ပါး​တို့​အား​မှောက်​မှား စေ​သူ​၌​အ​ဆိုး​ဖြစ်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 14