1. ဘုရားသခင်အားယုံကြည်ကိုးစားမှုအား နည်းသူကိုလက်ခံကြလော့။ သို့ရာတွင်သူ ၏ထင်မြင်ယူဆချက်များနှင့်ပတ်သက်၍ သူနှင့်အငြင်းအခုံမပြုကြနှင့်။-
2. ယုံကြည်ခြင်းခိုင်မာသူသည်မည်သည့်အစား အစာကိုမဆိုစားနိုင်၏။ ယုံကြည်ခြင်းမခိုင် မာသူသည်ဟင်းရွက်ဟင်းသီးများကိုသာ လျှင်စားတတ်၏။-
3. မည်သည့်အစားအစာကိုမဆိုစားတတ်သော သူသည် ထိုသို့မစားတတ်သူအားအထင်မသေး နှင့်။ ဟင်းသီးဟင်းရွက်သာစားတတ်သူကလည်း မည်သည့်အစားအစာကိုမဆိုစားတတ်သူ ကိုပြစ်တင်ဝေဖန်မှုမပြုနှင့်။ အဘယ်ကြောင့် ဆိုသော်မည်သည့်အစားအစာကိုမဆိုစား တတ်သူအား ဘုရားသခင်လက်ခံတော်မူ ပြီးဖြစ်သောကြောင့်တည်း။-
4. သင်သည်အဘယ်သူဖြစ်၍သူတစ်ပါး၏ အစေခံကိုစစ်ကြောစီရင်နိုင်သနည်း။ ထို အစေခံ၏အလုပ်သည်ကျေနပ်ဖွယ်ဖြစ်သည် မဖြစ်သည်ကိုသူ၏သခင်ကဆုံးဖြတ်လိမ့် မည်။ သူ၏အလုပ်ကျေနပ်ဖွယ်ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သခင်ဘုရားသည် သူ့အားကူမတော်မူနိုင်သောကြောင့်တည်း။
5. လူအချို့တို့ကနေ့ရက်တစ်ရက်သည်အခြား နေ့ရက်ထက်ပို၍အရေးကြီးသည်ဟုယူဆ ကြ၏။ အချို့သောသူတို့ကမူနေ့ရက်များ အားလုံးပင်အတူတူဖြစ်သည်ဟုယူဆ ကြသည်။ သူတို့သည်မည်သို့ပင်ယူဆစေ ကာမူ မိမိတို့မှန်ကန်သည်ဟုစိတ်ချယုံ ကြည်စိတ်ရှိကြရမည်။-
6. နေ့ထူးနေ့မြတ်ကိုစောင့်ထိန်းသူသည်သခင် ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန်အတွက် စောင့်ထိန်းခြင်းဖြစ်၏။ မည်သည့်အစားအစာ များကိုမဆိုစားတတ်သူသည်လည်း သခင် ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန်အတွက် စားခြင်းဖြစ်သည်။ သူသည်လည်းထိုအစား အစာအတွက်ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်းသည်။ အချို့သောအစား အစာကိုရှောင်ကြဉ်သောသူသည်လည်း သခင် ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန်အတွက် ရှောင်ကြဉ်ခြင်းဖြစ်၏။ သူသည်လည်းဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်း သည်။-
7. ငါတို့အနက်အဘယ်သူမျှတစ်ကိုယ်တည်း အတွက်သာအသက်မရှင်။ တစ်ကိုယ်တည်း အတွက်သာမသေ။-
8. ငါတို့အသက်ရှင်လျှင်သခင်ဘုရား၏ အတွက်ဖြစ်၍သေလျှင်လည်း သခင်ဘုရား ၏အတွက်ဖြစ်၏။ ထို့ကြောင့်ငါတို့သည် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သခင်ဘုရားပိုင်ဆိုင်ရာဖြစ်၏။-
9. အဘယ်ကြောင့်ဆိုသော်ခရစ်တော်သည်သေ သူ၊ ရှင်သူတို့၏အရှင်သခင်ဖြစ်အံ့သောငှာ အသေခံ၍ရှင်ပြန်ထမြောက်တော်မူသော ကြောင့်ဖြစ်၏။-
10. ထို့ကြောင့်သင်တို့သည်အဘယ်ကြောင့်မိမိ တို့၏ခရစ်ယာန်ညီအစ်ကိုများကိုစစ်ကြော စီရင်ကြသနည်း။ အဘယ်ကြောင့်သူတို့အား အထင်သေးကြသနည်း။ ငါတို့အားလုံးပင် တရားစီရင်ခံရရန်ဘုရားသခင်၏တရား ပလ္လင်တော်ရှေ့သို့ရောက်ကြရမည်။-
11. ကျမ်းစာတော်တွင်၊``ဘုရားရှင်မိန့်တော်မူသည်ကား`ငါသည် အသက်ရှင်သောဘုရားဖြစ်တော်မူသည်အတိုင်းငါ၏ရှေ့၌လူတိုင်းပျပ်ဝပ်ရလိမ့်မည်။ငါသည်ဘုရားဖြစ်တော်မူကြောင်းလူတိုင်း ဝန်ခံရလိမ့်မည်' ''ဟူ၍ဆိုသည်။-
12. သို့ဖြစ်၍ငါတို့အားလုံးသည်မိမိတို့ပြုခဲ့ သမျှကို ဘုရားသခင်အားအစီရင်ခံကြ ရမည်။