ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 13:5-9 Common Language Bible (BCL)

5. သို့​ဖြစ်​၍​သင်​သည်​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​မည်​ကို​ကြောက်​သော​ကြောင့်​သာ မ​က မိ​မိ​သြတ္တ​ပ္ပ​စိတ်​ကြည်​လင်​မှု​ကို​ထောက် ၍​လည်း​အ​စိုး​ရ​မင်း​၏​အ​မိန့်​အာ​ဏာ​ကို လိုက်​နာ​ရ​မည်။

6. ဤ​အ​ကြောင်း​ကြောင့်​သင်​တို့​သည်​အ​ခွန်​ကို​ပေး ရ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​စိုး​ရ​မင်း​သည် မိ​မိ​၏​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​သော အ​ခါ​၌ ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ထမ်း ဆောင်​သော​ကြောင့်​တည်း။-

7. သို့​ဖြစ်​၍​အ​စိုး​ရ​မင်း​အား​သင်​တို့​ပေး​ဆောင် ထိုက်​သည်​ကို​ပေး​ဆောင်​ကြ​လော့။ ပေး​ဆောင်​စ​ရာ ရှိ​သ​မျှ​သော​အ​ခွန်​များ​ကို​ပေး​ဆောင်​ကြ​လော့။ အာ​ဏာ​ပိုင်​ရှိ​သ​မျှ​တို့​အား​ရို​သေ​လေး​စား ကြ​လော့။

8. အ​ချင်း​ချင်း​ထံ​မေတ္တာ​ကြွေး​မှ​တစ်​ပါး​အ​ဘယ် ကြွေး​မျှ​မ​တင်​စေ​နှင့်။ သူ​တစ်​ပါး​အား​ချစ် သော​သူ​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သူ​ဖြစ်​၏။-

9. အ​ဘယ်​ကြောင့်​ဆို​သော် ``အိမ်​နီး​ချင်း​ကို​ကိုယ် နှင့်​အ​မျှ​ချစ်​လော့'' ဟူ​သော​ပ​ညတ်​သည် ``သူ့ အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်၊ လူ့​အ​သက်​ကို​မ သတ်​နှင့်၊ သူ့​ဥစ္စာ​ကို​မ​ခိုး​နှင့်၊ သူ့​ဥစ္စာ​ကို​တပ် မက်​လို​ချင်​သော​စိတ်​မ​ရှိ​နှင့်'' ဟူ​သော​ပ​ညတ် များ​နှင့်​အ​ခြား​ပ​ညတ်​ရှိ​သ​မျှ​၏​အ​ချုပ် ဖြစ်​သော​ကြောင့်​တည်း။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 13