ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 12:1-5 Common Language Bible (BCL)

1. သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည်​ငါ တို့​အား​လွန်​စွာ​က​ရု​ဏာ​ထား​တော်​မူ​သော ကြောင့် သင်​တို့​အား​ငါ​တိုက်​တွန်း​နှိုး​ဆော်​လို သည်​မှာ​ကိုယ်​တော်​၏​အ​မှု​တော်​ကို​ဆောင်​ရွက် ရန်​နှင့် ကိုယ်​တော်​နှစ်​သက်​သော​သက်​ရှိ​ယဇ်​ကောင် သ​ဖွယ်​ဖြစ်​ရန်​သင်​တို့​၏​ကိုယ်​ကို​ဆက်​ကပ် ကြ​လော့။ ဤ​သည်​ကား​သင်​တို့​သည်​ကိုယ်​တော် အား​မှန်​ကန်​စွာ​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​ဖြစ်​သည်။-

2. သင်​တို့​သည်​လော​ကီ​စံ​နှုန်း​ကို​လိုက်​၍​မ​ကျင့် ကြ​နှင့်။ သင်​တို့​သည်​မိ​မိ​တို့​၏​စိတ်​နှ​လုံး​ကို ဘု​ရား​သ​ခင်​လုံး​ဝ​ပြောင်း​လဲ​စေ​သော​အား ဖြင့် စိတ်​သ​ဘော​သစ်​ကို​ခံ​ယူ​လျက်​ပုံ​သဏ္ဌာန် ပြောင်း​လဲ​ကြ​လော့။ သို့​ပြု​လျှင်​ကောင်း​မြတ် သော​အ​ရာ၊ ကိုယ်​တော်​နှစ်​သက်​ဖွယ်​သော​အ​ရာ၊ အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ​သော​အ​ရာ သည်​အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​သင်​တို့​သိ ရှိ​ကြ​လိမ့်​မည်။

3. သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ထင်​သင့်​သည် ထက်​ပို​၍​အ​ထင်​မ​ကြီး​ကြ​စေ​ရန် ငါ​ခံ​စား ရ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် သင်​တို့​အ​ပေါင်း​အား​ငါ​မှာ​ကြား​လို​၏။ သင် တို့​အ​သီး​သီး​တို့​အား​ဘု​ရား​သ​ခင်​ချ ပေး​တော်​မူ​သော​ယုံ​ကြည်​ခြင်း​ပ​မာ​ဏ အ​တိုင်း​မိ​မိ​တို့​ကိုယ်​ကို​သင့်​လျော်​စွာ​ထင် ကြ​လော့။-

4. ငါ​တို့​ခန္ဓာ​ကိုယ်​တွင်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ ရှိ​၍ ထို​အင်္ဂါ​အ​စိတ်​အ​ပိုင်း​အား​လုံး​တွင် အ​လုပ်​တာ​ဝန်​အ​သီး​သီး​ရှိ​ကြ​၏။-

5. ထို​နည်း​တူ​စွာ​ငါ​တို့​သည်​အ​ရေ​အ​တွက် အား​ဖြင့်​များ​သော်​လည်း ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ကြ​သ​ဖြင့်​ကိုယ်​ခန္ဓာ​တစ်​ခု တည်း​၌​တည်​လျက်​ရှိ​ကြ​၏။ ငါ​တို့​အ​သီး​သီး သည်​အ​ချင်း​ချင်း​ဆက်​စပ်​လျက်​ရှိ​သော​ကိုယ် အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ဖြစ်​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 12