ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 11:32-36 Common Language Bible (BCL)

32. လူ​သား​အ​ပေါင်း​တို့​သည်​မ​နာ​ခံ​ကြ​သည့် အ​တွက် ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​ကျဉ်း သား​များ​သ​ဖွယ်​ဖြစ်​စေ​တော်​မူ​၏။ ဤ​သို့ ကိုယ်​တော်​ပြု​တော်​မူ​ရ​ခြင်း​မှာ​သူ​တို့​အား က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​လို​သော​ကြောင့် ပင်​ဖြစ်​ပေ​သည်။

33. ဘု​ရား​သ​ခင်​၏​ကြွယ်​ဝ​သော​ဉာဏ်​ပ​ညာ တော်​နှင့်​အ​သိ​ပ​ညာ​တော်​သည် လွန်​စွာ​နက်​နဲ လှ​ပါ​တ​ကား။ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ချက် များ​ကို​အ​ဘယ်​သူ​ရှင်း​ပြ​နိုင်​သ​နည်း။ နည်း လမ်း​တော်​များ​ကို​အ​ဘယ်​သူ​နား​လည် နိုင်​သ​နည်း။-

34. ကျမ်း​စာ​တော်​က၊``အ​ဘယ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ရှင် အ​ဘယ်​သို့ စဉ်း​စား​ဆင်​ခြင်​တော်​မူ​သည်​ကို​သိ​သ​နည်း။အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​အ​ကြံ​ဉာဏ် ပေး​နိုင်​သ​နည်း။

35. ကိုယ်​တော်​က​ကျေး​ဇူး​ဆပ်​တော်​မူ​ရ​အောင်အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​ကျေး​ဇူး​ပြု​ဖူး သ​နည်း''ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။-

36. ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့ သည်​ကိုယ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ် တော်​၏​အ​တွက်​လည်း​ကောင်း​တည်​လျက် ရှိ​ကြ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​စဉ်​ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 11