ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 11:10-22 Common Language Bible (BCL)

10. သူ​တို့​သည်​ကြည့်​၍​မ​မြင်​နိုင်​စေ​ရန် မျက်​စိ​မှုန်​ပါ​စေ​သော။သူ​တို့​၏​ခါး​သည်​လည်း​ထမ်း​ရ​သော​ဝန်​ထုပ် ကြောင့် အ​စဉ်​ကုန်း​ပါ​စေ​သော''ဟု​မြွက်​ဆို​တော်​မူ​၏။

11. သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား​တို့​သည်​ခ​လုတ် တိုက်​၍​လဲ​ပြီ​လော​ဟု​မေး​သော် အ​ဘယ်​နည်း နှင့်​မျှ​လဲ​၍​မ​နေ​ရ​ပါ။ သူ​တို့​အ​ပြစ်​ကူး ခြင်း​ကြောင့်​လူ​မျိုး​ခြား​တို့​သည်​ကယ်​တင်​ခြင်း ကို​ရ​ရှိ​လာ​ကြ​သ​ဖြင့် ယု​ဒ​အ​မျိုး​သား တို့​သည်​လူ​မျိုး​ခြား​တို့​အား​မ​နာ​လို​စိတ် ရှိ​လာ​ကြ​သည်။-

12. ယု​ဒ​အ​မျိုး​သား​တို့​အ​ပြစ်​ကူး​မှု​သည်​ကမ္ဘာ အား ကြွယ်​ဝ​စွာ​ကောင်း​ချီး​ခံ​စား​စေ​သည်။ သူ တို့​၏​ဆုံး​ရှုံး​မှု​သည်​လူ​မျိုး​ခြား​တို့​အား​ကောင်း ချီး​များ​စွာ​ခံ​စား​စေ​ပါ​လျှင် ယု​ဒ​အ​မျိုး​သား တစ်​ရပ်​လုံး​က​ခ​ရစ်​တော်​ကို​ယုံ​ကြည်​လက်​ခံ လာ​ကြ​သော​အ​ခါ​ပို​၍​ပင်​ကောင်း​ချီး​ခံ​စား ရ​ကြ​လိမ့်​မည်။

13. လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​အား​ယ​ခု​ငါ​ပြော လို​၏။ ငါ​သည်​လူ​မျိုး​ခြား​တို့​နှင့်​ဆိုင်​သော တ​မန်​တော်​ဖြစ်​သည့်​ကာ​လ​ပတ်​လုံး​မိ​မိ ၏​အ​လုပ်​တွင်​ဂုဏ်​ယူ​ဝါ​ကြွား​မည်။-

14. ငါ​သည်​မိ​မိ​၏​အ​မျိုး​သား​များ​အား​မ​နာ လို​စိတ်​ကို​ရှိ​စေ​ခြင်း​အား​ဖြင့် ၎င်း​တို့​အ​ထဲ မှ​အ​ချို့​တို့​သည်​ကယ်​တင်​ခြင်း​ကို​ရ​ကောင်း ရ​လိမ့်​မည်။-

15. ဘု​ရား​သ​ခင်​သည်​ငါ​၏​အ​မျိုး​သား​တို့​အား ပစ်​ပယ်​တော်​မူ​သော​အ​ခါ​၌​ကမ္ဘာ​သူ​ကမ္ဘာ​သား တို့​အား မိ​မိ​ရန်​သူ​များ​ဖြစ်​ရာ​မှ​မိတ်​ဆွေ​များ ဖြစ်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား တို့​အား​ဘုရား​သ​ခင်​ပြန်​လည်​လက်​ခံ​တော်​မူ သော​အ​ခါ​၌​အ​ဘယ်​သို့​ဖြစ်​လိမ့်​မည်​နည်း။ သူ​သေ​တို့​အား​အ​သက်​ပြန်​၍​ရှင်​စေ​သ​ကဲ့ သို့​ဖြစ်​လိမ့်​မည်။

16. မိ​မိ​၌​ရှိ​သော​မုန့်​ညက်​မှ​အ​နည်း​ငယ်​ကို ယူ​၍​ဘု​ရား​သ​ခင်​အား​ဦး​စွာ​ဆက်​ကပ်​လျှင် မုန့်​ညက်​အား​လုံး​ကို​ပင်​လျှင်​ဆက်​ကပ်​ရာ ရောက်​၏။ သစ်​ပင်​၏​အ​မြစ်​ကို​ဘု​ရား​သ​ခင် အား​ဆက်​ကပ်​လျှင်​အ​ကိုင်း​အ​ခက်​များ​ကို လည်း​ဆက်​ကပ်​ရာ​ရောက်​၏။-

17. လူ​တို့​သည်​သံ​လွင်​ပင်​၏​အ​ကိုင်း​အ​ချို့​ကို ခုတ်​ဖြတ်​လိုက်​ပြီး​နောက်​ကျန်​ရှိ​သည့်​အ​ငုတ် တွင် ရိုင်း​သော​သံ​လွင်​ကိုင်း​ကို​ဆက်​၍​စိုက် တတ်​ကြ​၏။ ထို​ရိုင်း​သော​သံ​လွင်​အ​ကိုင်း​သည် သံ​လွင်​ပင်​၏​အ​မြစ်​နှင့်​ပင်​စည်​မှ​ပင်​ရည် သြ​ဇာ​ကို​မှီ​ဝဲ​ရ​သ​ကဲ့​သို့ လူ​မျိုး​ခြား ဖြစ်​သူ​သင်​တို့​သည်​ယု​ဒ​အ​မျိုး​သား​တို့ ထံ​မှ​အ​ကျိုး​ကျေး​ဇူး​များ​စွာ​ခံ​ယူ​ရ ရှိ​ကြ​၏။-

18. သို့​ဖြစ်​၍​သင်​တို့​သည်​ခုတ်​ဖြတ်​ပစ်​လိုက်​သည့် အ​ကိုင်း​များ​နှင့်​တူ​သော​သူ​တို့​ကို​အ​ထင် မ​သေး​ကြ​နှင့်။ သင်​တို့​သည်​အ​ဘယ်​သို့​လျှင် ဝါ​ကြွား​နိုင်​သ​နည်း။ သင်​တို့​သည်​အ​ကိုင်း အ​ခက်​မျှ​သာ​ဖြစ်​၍​အ​မြစ်​ကို​ထောက်​မ သည်​မ​ဟုတ်။ အ​မြစ်​သည်​သာ​လျှင်​သင်​တို့ ကို​ထောက်​မ​၏။

19. သို့​သော်​သင်​တို့​က ``အ​ကျွန်ုပ်​တို့​အား​နေ​ရာ ပေး​ရန်​သံ​လွင်​ယဉ်​ကိုင်း​များ​ကို​ခုတ်​ဖြတ် သည်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​လိမ့်​မည်။-

20. သင်​တို့​ဆို​သည်​အ​တိုင်း​လည်း​မှန်​၏။ ထို​သူ​တို့ ခုတ်​ဖြတ်​ခြင်း​ခံ​ရ​ကြ​သည်​မှာ​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​မှု​မ​ရှိ​ကြ​သော ကြောင့်​ဖြစ်​၏။ သင်​တို့​မူ​ကား​ကိုယ်​တော်​ကို ယုံ​ကြည်​သ​ဖြင့်​သံ​လွင်​ပင်​၏​တစ်​စိတ်​တစ် ဒေ​သ​ဖြစ်​လာ​ရ​၏။ သို့​သော်​သင်​တို့​ကိုယ်​ကို အ​ထင်​မ​ကြီး​ဘဲ​ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​လော့။-

21. ဘု​ရား​သ​ခင်​သည်​သံ​လွင်​ပင်​မှ​န​ဂို​မူ​ရင်း အ​ကိုင်း​များ​သ​ဖွယ်​ဖြစ်​ကြ​သူ ယု​ဒ​အ​မျိုး သား​တို့​ကို​သက်​ညှာ​တော်​မ​မူ​လျှင် အ​ဘယ် သို့​လျှင်​သင်​တို့​ကို​သက်​ညှာ​တော်​မူ​မည်​နည်း။-

22. ဤ​တွင်​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​မျှ​သ​နား ကြင်​နာ​တော်​မူ​တတ်​ကြောင်း​နှင့်​အ​ဘယ်​မျှ ပြင်း​ထန်​စွာ​စီ​ရင်​တော်​မူ​တတ်​ကြောင်း​ကို​ငါ တို့​တွေ့​မြင်​ကြ​ရ​၏။ ကိုယ်​တော်​သည်​လဲ​သူ တို့​ကို​ပြင်း​စွာ​စီ​ရင်​တော်​မူ​ပေ​သည်။ သို့ သော်​လည်း​သင်​တို့​အား​သ​နား​ကြင်​နာ​တော် မူ​သည်။ တစ်​နည်း​အား​ဖြင့်​သင်​တို့​သည် က​ရု​ဏာ​တော်​ကို​ဆက်​လက်​ခံ​ယူ​ထိုက် အောင်​ပြု​မူ​ကျင့်​ကြံ​ကြ​လျှင် ကိုယ်​တော် သည်​သင်​တို့​အ​ပေါ်​၌​က​ရု​ဏာ​ထား တော်​မူ​မည်။ ထို​က​ရု​ဏာ​တော်​ကို​ခံ​ယူ ထိုက်​အောင်​မ​ပြု​မူ​ပါ​လျှင်​သင်​တို့​ကို လည်း​ဘုရား​သ​ခင်​ခုတ်​ဖြတ်​တော်​မူ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 11