ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 1:9-10-25 Common Language Bible (BCL)

9-10. သား​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို ကြေ​ညာ​ခြင်း​အား​ဖြင့် ငါ​သည်​ဘု​ရား​သ​ခင် ၏​အ​မှု​တော်​ကို​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ထမ်း ဆောင်​လျက်​ရှိ​၏။ ငါ​သည်​ဆု​တောင်း​ပတ္ထ​နာ ပြု​သည့်​အ​ခါ​တိုင်း သင်​တို့​အား​အ​စဉ်​သ​တိ ရ​ကြောင်း​ကို​ဘု​ရား​သ​ခင်​သည်​သက်​သေ ဖြစ်​တော်​မူ​၏။ ဘု​ရား​သ​ခင်​အ​လို​တော် ရှိ​ပါ​က​မ​ကြာ​မီ​သင်​တို့​ထံ​သို့​ငါ​လာ နိုင်​ရန်​လမ်း​ဖွင့်​ပေး​တော်​မူ​ရန်​ဆု​တောင်း​၏။-

11. သင်​တို့​သည်​တည်​ကြည်​ကြံ့​ခိုင်​စေ​ရန်​သင် တို့​အား​ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို​ဝေ​မျှ​လို သ​ဖြင့် ငါ​သည်​သင်​တို့​နှင့်​အ​လွန်​တွေ့​လို ၏။-

12. တစ်​နည်း​ကား​ယင်း​သို့​တွေ့​ဆုံ​မိ​ကြ​သော အ​ခါ​သင်​တို့​နှင့်​ငါ​သည် မိ​မိ​တို့​အ​သီး သီး​၏​ယုံ​ကြည်​ခြင်း​ကို​ဝေ​မျှ​၍​အ​ပြန် အ​လှန်​အား​ပေး​နိုင်​လိမ့်​မည်​ဖြစ်​သည်။

13. ညီ​အစ်​ကို​တို့၊ ယု​ဒ​လူ​မျိုး​မ​ဟုတ်​သူ​လူ မျိုး​ခြား​ထံ​တွင်​အ​မှု​တော်​ဆောင်​ရာ​၌ အောင် မြင်​ခဲ့​သည့်​နည်း​တူ​သင်​တို့​ထံ​တွင်​လည်း​အောင် မြင်​နိုင်​ရန် ငါ​သည်​သင်​တို့​ထံ​သို့​လာ​ရန်​အ​ဖန်​ဖန် ကြံ​စည်​ခဲ့​၏။ သို့​သော်​လည်း​အ​ကြောင်း​မ​ညီ ညွတ်​သ​ဖြင့်​မ​လာ​ဖြစ်​ခဲ့​ကြောင်း​ကို​သင်​တို့ အား​သိ​စေ​လို​၏။-

14. လူ​ယဉ်၊ လူ​ရိုင်း၊ ပ​ညာ​ရှိ၊ ပ​ညာ​မဲ့၊ ရှိ​ရှိ​သ​မျှ သော​သူ​တို့​အ​တွက်​ငါ့​မှာ​တာ​ဝန်​ရှိ​သ​ဖြင့်၊-

15. သ​တင်း​ကောင်း​ကို​ရော​မ​မြို့​ရှိ​သင်​တို့​အား လည်း​ကြေ​ညာ​ရန် ငါ​သည်​စိတ်​အား​ထက် သန်​လျက်​ရှိ​၏။

16. ငါ​သည်​သ​တင်း​ကောင်း​ကို​လုံး​ဝ​ယုံ​ကြည် စိတ်​ချ​၏။ ထို​သ​တင်း​ကောင်း​သည်​ဦး​စွာ​ယု​ဒ လူ​မျိုး၊ ထို့​နောက်​လူ​မျိုး​ခြား​တို့​တွင်​ယုံ​ကြည် သူ​အ​ပေါင်း​တို့​အား​ကယ်​တင်​သော​ဘု​ရား သ​ခင်​၏​တန်​ခိုး​တော်​ဖြစ်​၏။-

17. ဘု​ရား​သ​ခင်​သည်​လူ​တို့​အား​အ​ဘယ်​သို့ သော​နည်း​ဖြင့် မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ တော်​မူ​သည်​ကို​သ​တင်း​ကောင်း​က​ပေါ်​လွင် ထင်​ရှား​စေ​၏။ ထို​နည်း​မှာ​အ​စ​မှ​အ​ဆုံး တိုင်​အောင်​ယုံ​ကြည်​ခြင်း​အ​ပေါ်​တွင်​အ​ခြေ ခံ​သည့်​နည်း​ဖြစ်​၏။ ထို့​ကြောင့်​ကျမ်း​စာ​တွင် ``ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင်​နှင့် မှန်​ကန်​စွာ​ဆက်​ဆံ​သူ​သည်​အ​သက်​ရှင်​လိမ့် မည်'' ဟု​လာ​သ​တည်း။

18. အ​မှန်​တ​ရား​ကို​လူ​တို့​မ​သိ​စေ​ရန်​ဆီး​တား ပိတ်​ပင်​သော၊ ဆိုး​ညစ်​မှု​ကို​ပြု​ကျင့်​သော​ဘု​ရား မဲ့​သူ​တို့​၏​အ​ပြစ်​နှင့်​ဆိုး​ညစ်​မှု​အ​ပေါင်း​တို့ အ​ပေါ်​သို့ ကောင်း​ကင်​မှ​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​သည်​သက်​ရောက်​လျက်​ရှိ​ကြောင်း​ပေါ်​လွင် ထင်​ရှား​လာ​ပြီ။-

19. ထို​သူ​တို့​အား​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ရှင်း​လင်း​စွာ​ဖော်​ပြ​တော်​မူ​သ​ဖြင့် ကိုယ်​တော် ၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍​သိ​နိုင်​ခွင့်​ရှိ​သ​မျှ သော​အ​ကြောင်း​အ​ရာ​တို့​ကို​ရှင်း​လင်း​စွာ​သိ​ရ ကြ​၏။ ဤ​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင် သည်​သူ​တို့​အား​ဒဏ်​ခတ်​တော်​မူ​ခြင်း​ဖြစ်​၏။-

20. ကမ္ဘာ​လော​က​ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ ချိန်​မှ​စ​၍ လူ​တို့​သည်​ကိုယ်​တော်​၏​ထာ​ဝ​ရ တန်​ခိုး​တော်​နှင့် ဘု​ရား​သ​ခင်​၏​အ​ဖြစ်​တော် တည်း​ဟူ​သော​မျက်​မြင်​မ​ရ​သော​ဂုဏ်​အင်္ဂါ များ​ကို​ကောင်း​စွာ​သိ​နား​လည်​နိုင်​လေ​သည်။ သူ​တို့​သည်​ဤ​သို့​သော​ကိုယ်​တော်​၏​ဂုဏ်​အင်္ဂါ လက္ခ​ဏာ​များ​ကို​မ​မြင်​နိုင်​သော်​လည်း​သိ နိုင်​ကြ​၏။ ယင်း​သို့​သိ​နိုင်​ခြင်း​မှာ​သူ​တို့ သည်​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ များ​ကို​တွေ့​မြင်​နိုင်​သော​ကြောင့်​ဖြစ်​၏။ ထို့ ကြောင့်​ထို​သူ​တို့​မှာ​မိမိ​တို့​ကူး​လွန်​သည့် အ​ပြစ်​များ​အ​တွက်​ဆင်​ခြေ​ပေး​စ​ရာ မ​ရှိ​တော့​ပေ။-

21. သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ကြ​သော် လည်း ကိုယ်​တော်​၏​ဂုဏ်​တော်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သင့်​လျက်​နှင့်​မ​ချီး​မွမ်း​ကြ။ ချီး​မွမ်း မည့်​အ​စား​အ​ကျိုး​မဲ့​သည့်​အ​ရာ​များ​ကို သာ တွေး​တော​ဆင်​ခြင်​လျက်​နေ​ကြ​၏။ သူ​တို့ ၏​အ​သိ​ဉာဏ်​ကင်း​မဲ့​သည့်​စိတ်​နှ​လုံး​များ သည်​လည်း​အ​မှောင်​ဖုံး​၍​နေ​၏။-

22. သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ပ​ညာ​ရှိ​ဟု​ဆို သော်​လည်း​အ​မှန်​မှာ​ပ​ညာ​မဲ့​သူ​များ​ဖြစ် ကြ​၏။-

23. သေ​ခြင်း​တ​ရား​ကင်း​သည့်​ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​ကိုး​ကွယ်​မည့်​အ​စား​သေ​မျိုး​ဖြစ်​သည့် လူ၊ ငှက်၊ ခြေ​လေး​ချောင်း​သတ္တ​ဝါ၊ သို့​မ​ဟုတ်​တွား တတ်​သော​သတ္တ​ဝါ​၏​ပုံ​သဏ္ဌာန်​ကို​ဆောင်​သော ရုပ်​တု​များ​ကို​ကိုး​ကွယ်​ဝတ်​ပြု​ကြ​လေ သည်။

24. ထို​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​သည်​ထို​သူ တို့​အား မိ​မိ​တို့​၏​ကိ​လေ​သာ​စိတ်​ဆွဲ​ဆောင်​ရာ သို့​လိုက်​ပါ​စေ​ရန်​လည်း​ကောင်း၊ အ​ချင်း​ချင်း အား​ကိုယ်​ခန္ဓာ​အ​သ​ရေ​ပျက်​စေ​ရန်​လည်း ကောင်း​စွန့်​ပစ်​၍​ထား​တော်​မူ​၏။-

25. သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​တ​ရား​မှန်​ကို အ​မှား​နှင့်​လဲ​လှယ်​ကြ​၏။ ဖန်​ဆင်း​တော်​မူ သော​အ​ရှင်​အ​စား​အ​ဖန်​ဆင်း​ခံ​အ​ရာ​ကို ကိုး​ကွယ်​ဝတ်​ပြု​ကြ​၏။ ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​၏​ဂုဏ်​တော်​ကို​ထာ​ဝ​စဉ်​ချီး​မွမ်း ထော​မ​နာ​ပြု​ကြ​စေ​သ​တည်း။ အာ​မင်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 1