ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယာ​ကုပ် 1:19-25 Common Language Bible (BCL)

19. ချစ်​သော​ညီ​အစ်​ကို​တို့၊ ဤ​အ​ချက်​ကို​မှတ် သား​ထား​ကြ​လော့။ သင်​တို့​အား​လုံး​သည် ကြား​နာ​မှု​တွင်​လျင်​မြန်​ကြ​စေ။ ပြော​ဆို မှု​နှင့်​အ​မျက်​ထွက်​မှု​တွင်​မူ​နှေး​ကြ​စေ။-

20. လူ​၏​အ​မျက်​ဒေါ​သ​သည်​ဘု​ရား​သ​ခင်​၏ ဖြောင့်​မတ်​သော​အ​ကြံ​အ​စည်​တော်​ကို​မ​ပြု စု​တတ်။-

21. သို့​ဖြစ်​၍​သင်​တို့​သည်​ညစ်​ညမ်း​သည့်​အ​လေ့ အ​ထ​နှင့်​ဆိုး​ယုတ်​သည့်​အ​ကျင့်​မှန်​သ​မျှ​တို့ ကို​ပယ်​ရှား​ကြ​လော့။ သင်​တို့​၏​စိတ်​အ​တွင်း ၌​ဘု​ရား​သ​ခင်​သွင်း​ပေး​တော်​မူ​သော​တ​ရား တော်​သည် သင်​တို့​ကို​ကယ်​တင်​နိုင်​၏။ တ​ရား တော်​ကို​သိမ်​မွေ့​စွာ​ခံ​ယူ​ကြ​လော့။

22. တ​ရား​တော်​ကို​ကြား​နာ​ရုံ​မျှ​သာ​ကြား​နာ ခြင်း​အား​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​မ​လှည့်​စား ကြ​နှင့်။ တ​ရား​တော်​ကို​လက်​တွေ့​ကျင့်​သုံး ကြ​လော့။-

23. တ​ရား​တော်​ကို​လက်​တွေ့​မ​ကျင့်​သုံး​ဘဲ ကြား​နာ​ရုံ​မျှ​သာ​ကြား​နာ​သော​သူ​သည် မိ​မိ​ပ​က​တိ​မျက်​နှာ​ကို​မှန်​တွင်​ကြည့်​သူ နှင့်​တူ​၏။-

24. သူ​သည်​ယင်း​သို့​ကြည့်​၍​ထွက်​ခွာ​သွား​သည်​နှင့် တစ်​ပြိုင်​နက်​မိ​မိ​ပုံ​သ​ဏ္ဌာန်​ကို​မေ့​ပျောက်​၍ သွား​တတ်​လေ​သည်။-

25. သို့​ရာ​တွင်​လူ​တို့​အား​အ​ပြစ်​အ​နှောင်​အ​ဖွဲ့​မှ လွတ်​မြောက်​စေ​သော​စုံ​လင်​သည့်​တ​ရား​ကို သေ​ချာ​စွာ​လေ့​လာ​ကြည့်​ရှု​သော​သူ​ကား တ​ရား​နာ​ရုံ​သာ​နာ​၍​မေ့​လျော့​သော​သူ မ​ဟုတ်​ဘဲ​ဆက်​လက်​အာ​ရုံ​ပြု​ကာ​လက်​တွေ့ ကျင့်​သုံး​သော​သူ​ဖြစ်​သ​ဖြင့် အ​ဘယ်​အ​မှု မျိုး​ကို​ပြု​သည်​မ​ဆို​ဘု​ရား​သ​ခင်​၏ ကောင်း​ချီး​မင်္ဂလာ​ကို​ခံ​စား​ရ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယာ​ကုပ် 1