2. ထိုအခါအရေပြားရောဂါစွဲကပ်သူလူတစ် ယောက်သည်ကိုယ်တော်၏ရှေ့မှောက်သို့လာရောက် ဒူးထောက်လျက် ``အရှင်၊ အရှင်အလိုတော်ရှိ လျှင်အကျွန်ုပ်အား ဤရောဂါမှသန့်စင်စေနိုင် ပါသည်'' ဟုလျှောက်ထားတောင်းပန်၏။
3. သခင်ယေရှုသည်လက်တော်ကိုဆန့်၍ ``ငါအလို ရှိ၏။ သန့်စင်စေ'' ဟုမိန့်တော်မူပြီးလျှင်ထိုသူ ကိုတို့တော်မူ၏။ ချက်ချင်းထိုသူသည်အရေ ပြားရောဂါမှသန့်စင်၍သွားလေသည်။-
4. သခင်ယေရှုက ``ဤအကြောင်းကိုမည်သူ့အားမျှ မပြောမိစေရန်သတိပြုလော့။ ယဇ်ပုရောဟိတ်ထံ ကိုသွား၍သင်၏ကိုယ်ကိုပြလော့။ ထိုနောက်လူတို့ ရှေ့တွင်သက်သေခံအထောက်အထားဖြစ်စေရန် မောရှေမိန့်မှာခဲ့သည့်ပူဇော်သကာကိုဆက်သလော့'' ဟုမိန့်တော်မူ၏။
5. ကပေရနောင်မြို့ကိုကိုယ်တော်ဝင်တော်မူသော အခါ ရောမစစ်ဗိုလ်တစ်ယောက်သည်အထံတော် သို့လာ၍၊-
6. ``အရှင်၊ အကျွန်ုပ်၏အစေခံတစ်ယောက်သည်ပြင်း စွာသောဝေဒနာဖြင့်အိမ်တွင်လဲ၍နေပါသည်'' ဟုလျှောက်ထား၏။
7. ကိုယ်တော်က ``ငါလာ၍သူ့ရောဂါကိုပျောက်ကင်း စေမည်'' ဟုမိန့်တော်မူလျှင်၊
8. စစ်ဗိုလ်က ``အရှင်၊ အကျွန်ုပ်သည်မထိုက်မတန်သူ ဖြစ်သဖြင့်အကျွန်ုပ်၏အိမ်မိုးအောက်သို့အရှင် ဝင်တော်မူရန်မသင့်လျော်ပါ။ အမိန့်တော်သာ ပေးတော်မူပါလျှင်အကျွန်ုပ်၏အစေခံသည် ကျန်းမာလာပါလိမ့်မည်။-
9. အကျွန်ုပ်သည်အထက်အာဏာကိုနာခံရသူ ဖြစ်ပါ၏။ အကျွန်ုပ်၏လက်အောက်တွင်လည်းစစ် သားများရှိပါ၏။ စစ်သားတစ်ယောက်ကိုသွား ချေဟုအကျွန်ုပ်ဆိုလျှင်သူသည်သွားပါ၏။ အခြားတစ်ယောက်ကိုလာခဲ့ဟုဆိုလျှင်လာ ပါ၏။ ထို့အပြင်အကျွန်ုပ်၏ကျွန်အားဤအမှု ကိုပြုလော့ဟုဆိုလျှင်သူသည်ပြုပါ၏'' ဟု လျှောက်၏။