ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 8:19-33 Common Language Bible (BCL)

19. ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​သည်​လာ​၍​ကိုယ် တော်​အား ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​သည်​အ​ရှင် ကြွ​တော်​မူ​ရာ​သို့​လိုက်​ပါ​မည်'' ဟု​လျှောက် ထား​၏။

20. သ​ခင်​ယေ​ရှု​က ``မြေ​ခွေး​မှာ​တွင်း​ရှိ​၏။ ငှက်​မှာ အ​သိုက်​ရှိ​၏။ လူ​သား​မှာ​မူ​ကား​ခေါင်း​ချ​စ​ရာ နေ​ရာ​မျှ​မ​ရှိ'' ဟု​မိန့်​တော်​မူ​၏။

21. အ​ခြား​တ​ပည့်​တော်​တစ်​ဦး​က ``အ​ရှင်၊ အ​ကျွန်ုပ် အား​အ​ဖ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ရန်​ခွင့်​ပြု​တော် မူ​ပါ'' ဟု​လျှောက်​ထား​၏။

22. သို့​သော်​ကိုယ်​တော်​က ``သင်​သည်​ငါ​နောက်​ကို လိုက်​လော့။ သူ​သေ​တို့​အား​သူ​သေ​တို့​ပင်​သင်္ဂြိုဟ် ကြ​ပါ​လေ​စေ'' ဟု​မိန့်​တော်​မူ​၏။

23. ကိုယ်​တော်​သည်​လှေ​ပေါ်​သို့​တက်​တော်​မူ​၏။ တ​ပည့် တော်​တို့​သည်​လည်း​ကိုယ်​တော်​နှင့်​အ​တူ​လိုက်​သွား ကြ​၏။-

24. အိုင်​ထဲ​တွင်​ရုတ်​တ​ရက်​လေ​မုန်​တိုင်း​ကျ​လာ​သ​ဖြင့် လှေ​သည်​လှိုင်း​တံ​ပိုး​များ​ထဲ​တွင်​နစ်​လု​မ​တတ် ရှိ​တော့​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ကား​အိပ်​စက် လျက်​နေ​တော်​မူ​၏။-

25. တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​ကို​နှိုး​၍ ``အ​ရှင်၊ ကယ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သေ​ဆုံး​ရ​ကြ​ပါ တော့​မည်'' ဟု​လျှောက်​ကြ​၏။

26. ကိုယ်​တော်​က ``ယုံ​ကြည်​မှု​နည်း​သူ​တို့၊ သင်​တို့ အ​ဘယ်​ကြောင့်​ကြောက်​လန့်​သ​နည်း'' ဟု​မိန့်​တော် မူ​ပြီး​နောက် အိပ်​စက်​ရာ​မှ​ထ​တော်​မူ​၍​လေ​နှင့် လှိုင်း​များ​ကို​ဆုံး​မ​တော်​မူ​၏။ လေ​နှင့်​လှိုင်း​တို့ သည်​ငြိမ်​သက်​သွား​ကြ​၏။

27. တ​ပည့်​တော်​တို့​သည်​အံ့​သြ​၍ ``ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့်​လှိုင်း​များ​ပင် လျှင်​သူ​၏​အ​မိန့်​ကို​လိုက်​နာ​ကြ​ပါ​တ​ကား'' ဟု​ဆို​ကြ​၏။

28. ကိုယ်​တော်​သည်​အိုင်​တစ်​ဖက်​ကမ်း​ရှိ​ဂါ​ဒ​ရ​နယ် သို့​ကြွ​လာ​တော်​မူ​၏။ ထို​အ​ခါ​နတ်​မိစ္ဆာ​ပူး​ဝင် သူ​လူ​နှစ်​ယောက်​သည် သင်္ချိုင်း​ဂူ​များ​အ​ကြား​မှ ထွက်​လာ​ပြီး​လျှင်​ကိုယ်​တော်​နှင့်​တွေ့​ဆုံ​ကြ​၏။ ထို​သူ​တို့​သည်​လွန်​စွာ​ဆိုး​သွမ်း​သ​ဖြင့် မည်​သူ မျှ​ထို​လမ်း​ကို​မ​သွား​ဝံ့​ကြ။-

29. ထို​သူ​တို့​က ``ဘု​ရား​သ​ခင်​၏​သား​တော်၊ အ​ရှင် သည်​အ​ကျွန်ုပ်​တို့​ကို​မည်​သို့​ပြု​လို​တော်​မူ​ပါ သ​နည်း။ အ​ချိန်​မ​ကျ​မီ​အ​ကျွန်ုပ်​တို့​အား​ဒဏ် ခတ်​ရန်​ဤ​အ​ရပ်​သို့​ကြွ​လာ​တော်​မူ​ပါ​သ​လော'' ဟု​ဟစ်​အော်​လျှောက်​ထား​ကြ​၏။

30. ထို​သူ​တို့​နှင့်​အ​နည်း​ငယ်​မျှ​ဝေး​သော​နေ​ရာ​တွင် ဝက်​အုပ်​ကြီး​တစ်​အုပ်​သည်​အ​စာ​စား​လျက်​ရှိ​၏။-

31. နတ်​မိစ္ဆာ​တို့​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​ကို​နှင်​ထုတ်​မည် ဆို​ပါ​က​အ​ကျွန်ုပ်​တို့​အား​ထို​ဝက်​များ​ကို​ပူး​ဝင် ခွင့်​ပြု​တော်​မူ​ပါ'' ဟု​တောင်း​ပန်​ကြ​၏။

32. ကိုယ်​တော်​က​လည်း ``သွား​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ နတ်​မိစ္ဆာ​တို့​သည်​ထို​သူ​တို့​ထံ​မှ​ထွက်​ခွာ​၍ ဝက်​များ ကို​ပူး​ဝင်​ကြ​သ​ဖြင့်​ဝက်​အုပ်​တစ်​အုပ်​လုံး​ပင် ချောက် ကမ်း​ပါး​အ​တိုင်း​ပြေး​ဆင်း​ကာ​အိုင်​ထဲ​တွင်​နစ်​မြုပ် သေ​ဆုံး​ကြ​၏။

33. ဝက်​ထိန်း​များ​သည်​မြို့​သို့​ထွက်​ပြေး​ပြီး​နောက် နတ်​မိစ္ဆာ​ပူး​ဝင်​သူ​လူ​နှစ်​ယောက်​အ​ကြောင်း​နှင့် မိ​မိ တို့​တွေ့​ကြုံ​ရ​သည့်​အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ ကို​ပြော​ကြား​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 8