ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 7:22-29 Common Language Bible (BCL)

22. တ​ရား​စီ​ရင်​ရာ​နေ့​ရက်​ရောက်​သော​အ​ခါ `သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု ၍ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို​ဟော​ကြား​ခဲ့ ကြ​သည်​မ​ဟုတ်​ပါ​လော။ ကိုယ်​တော်​၏​နာ​မ​တော်​ကို အ​မှီ​ပြု​၍ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ခဲ့​ကြ​သည် မ​ဟုတ်​ပါ​လော။ ကိုယ်​တော်​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​များ​ကို​ပြု​ခဲ့​ကြ သည်​မ​ဟုတ်​ပါ​လော' ဟု​လူ​အ​များ​ပင်​ငါ့​အား ပြော​ကြား​ကြ​လိမ့်​မည်။-

23. ထို​အ​ခါ `ဆိုး​သွမ်း​သူ​တို့၊ သင်​တို့​ကို​အ​ဘယ် အ​ခါ​က​မျှ​ငါ​မ​သိ။ ငါ့​ထံ​မှ​ထွက်​သွား ကြ​လော့' ဟု​ထို​သူ​တို့​အား​ငါ​ပြော​မည်။

24. `ငါ​ဟော​ပြော​သော​ဤ​တ​ရား​စ​ကား​ကို​ကြား​၍ လိုက်​လျှောက်​သူ​သည်​ကျောက်​ပေါ်​တွင်​အိမ်​ဆောက် သည့်​ပ​ညာ​ရှိ​နှင့်​တူ​၏။-

25. မိုး​သည်း​ထန်​စွာ​ရွာ​၍​မြစ်​ရေ​လျှံ​ကာ​မုန်​တိုင်း​ထန် လျက် ထို​အိမ်​ကို​တိုက်​ခတ်​သော်​လည်း​ထို​အိမ်​သည် ကျောက်​ပေါ်​မှာ​တည်​သော​ကြောင့်​မ​ပြို​မ​လဲ​ချေ။-

26. ငါ​ဟော​ပြော​သော​ဤ​တ​ရား​စ​ကား​ကို​ကြား ပြီး​နောက် မ​လိုက်​မ​လျှောက်​သူ​သည်​သဲ​ပေါ်​မှာ အိမ်​ဆောက်​သော​လူ​မိုက်​နှင့်​တူ​၏။-

27. မိုး​သည်း​ထန်​စွာ​ရွာ​၍​မြစ်​ရေ​လျှံ​ကာ​မုန်​တိုင်း​ထန် လျက် ထို​အိမ်​ကို​တိုက်​ခတ်​သည်​ရှိ​သော်​ထို​အိမ်​သည် ပြို​လဲ​၍​သွား​၏။ ထို​အိမ်​၏​အ​ပျက်​အ​စီး​မှာ ကြီး​လှ​စွာ​တ​ကား။''

28. သ​ခင်​ယေ​ရှု​ဤ​သို့​ဟော​ပြော​ပြီး​သည့်​အ​ဆုံး​၌ လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​၏​သွန်​သင်​ပုံ​ကို လွန်​စွာ​အံ့​သြ​ကြ​ကုန်​၏။-

29. အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည်​ကျမ်း​တတ် ဆ​ရာ​တို့​ကဲ့​သို့​မ​ဟုတ်​ဘဲ အာ​ဏာ​ရှိ​ကဲ့​သို့​ဟော ပြော​သွန်​သင်​တော်​မူ​သော​ကြောင့်​ဖြစ်​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 7