ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 7:13-21 Common Language Bible (BCL)

13. ``ကျဉ်း​မြောင်း​သော​တံ​ခါး​ပေါက်​ကို​ဝင်​ကြ​လော့။ င​ရဲ​သို့​ပို့​ဆောင်​ရာ​လမ်း​နှင့်​တံ​ခါး​ပေါက်​သည် ကျယ်​ဝန်း​သ​ဖြင့် ထို​လမ်း​ကို​လိုက်​သူ​တို့​သည် များ​ကြ​၏။-

14. ထာ​ဝ​ရ​အ​သက်​သို့​ပို့​ဆောင်​ရာ​လမ်း​နှင့်​တံ​ခါး ပေါက်​သည်​ကျဉ်း​မြောင်း​သော​ကြောင့် ထို​လမ်း​ကို တွေ့​ရှိ​သူ​တို့​သည်​နည်း​ကြ​၏။

15. ``သိုး​ရေ​ခြုံ​ဝံ​ပု​လွေ​သား​ရဲ​နှင့်​တူ​သော​မိစ္ဆာ ပ​ရော​ဖက်​တို့​ကို​သ​တိ​နှင့်​ရှောင်​ကြ​လော့။-

16. သူ​တို့​သည်​မိစ္ဆာ​ပ​ရော​ဖက်​များ​ဖြစ်​ကြောင်း​ကို သူ​တို့​၏​အ​ပြု​အ​မူ​အား​ဖြင့် သင်​တို့​သိ​ရှိ​ကြ လိမ့်​မည်။ စ​ပျစ်​သီး​ကို​ဆူး​ပင်​မှ​လည်း​ကောင်း၊ သင်္ဘော​သ​ဖန်း​သီး​ကို​ဆူး​ချုံ​မှ​လည်း​ကောင်း လူ​တို့​ဆွတ်​ခူး​ကြ​သ​လော။-

17. အပင်​ကောင်း​သည်​အ​သီး​ကောင်း​ကို​သီး​တတ်​၏။ အ​ပင်​ညံ့​သည်​အ​သီး​ညံ့​ကို​သီး​တတ်​၏။-

18. အ​ပင်​ကောင်း​သည်​အ​သီး​ညံ့​မ​သီး​နိုင်။ အ​ပင်​ညံ့ သည်​လည်း အ​သီး​ကောင်း​ကို​မ​သီး​နိုင်။-

19. လူ​တို့​သည်​အ​သီး​ကောင်း​ကို​မ​သီး​သည့်​အ​ပင် ရှိ​သ​မျှ​ကို​ခုတ်​လှဲ​၍ မီး​ထဲ​သို့​ပစ်​ချ​တတ်​ကြ​၏။-

20. သို့​ဖြစ်​၍​မိစ္ဆာ​ပ​ရော​ဖက်​တို့​ကို​သူ​တို့​၏​အ​ပြု အ​မူ​အား​ဖြင့် သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။

21. ``ငါ့​ကို `သ​ခင်၊ သ​ခင်' ဟု​ခေါ်​သော​သူ​တိုင်း​ကောင်း ကင်​နိုင်​ငံ​တော်​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ ကောင်း​ကင် ဘုံ​ရှင်​ငါ့​အ​ဖ​၏​အ​လို​တော်​အ​တိုင်း​လိုက်​လျှောက် သူ​သာ​လျှင်​ဝင်​ရ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 7