11. သင်တို့သည်အပြစ်သားများပင်ဖြစ်သော်လည်း မိမိတို့၏သားသမီးများအားကောင်းမွန်သော အရာများကိုပေးတတ်ကြလျှင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည်လည်း မိမိထံတောင်းလျှောက် သူတို့အားကောင်းမွန်သောအရာတို့ကိုသာ၍ ပင်ပေးတော်မူမည်မဟုတ်လော။
12. ``သင်တို့သည်မိမိတို့အားကျေးဇူးပြုစေလိုသည့် အတိုင်း သူတစ်ပါးတို့အားကျေးဇူးပြုကြလော့။ ဤကားပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းများ၏ သွန်သင်ချက်အချုပ်အခြာဖြစ်သတည်း။
13. ``ကျဉ်းမြောင်းသောတံခါးပေါက်ကိုဝင်ကြလော့။ ငရဲသို့ပို့ဆောင်ရာလမ်းနှင့်တံခါးပေါက်သည် ကျယ်ဝန်းသဖြင့် ထိုလမ်းကိုလိုက်သူတို့သည် များကြ၏။-
14. ထာဝရအသက်သို့ပို့ဆောင်ရာလမ်းနှင့်တံခါး ပေါက်သည်ကျဉ်းမြောင်းသောကြောင့် ထိုလမ်းကို တွေ့ရှိသူတို့သည်နည်းကြ၏။
15. ``သိုးရေခြုံဝံပုလွေသားရဲနှင့်တူသောမိစ္ဆာ ပရောဖက်တို့ကိုသတိနှင့်ရှောင်ကြလော့။-
16. သူတို့သည်မိစ္ဆာပရောဖက်များဖြစ်ကြောင်းကို သူတို့၏အပြုအမူအားဖြင့် သင်တို့သိရှိကြ လိမ့်မည်။ စပျစ်သီးကိုဆူးပင်မှလည်းကောင်း၊ သင်္ဘောသဖန်းသီးကိုဆူးချုံမှလည်းကောင်း လူတို့ဆွတ်ခူးကြသလော။-
17. အပင်ကောင်းသည်အသီးကောင်းကိုသီးတတ်၏။ အပင်ညံ့သည်အသီးညံ့ကိုသီးတတ်၏။-
18. အပင်ကောင်းသည်အသီးညံ့မသီးနိုင်။ အပင်ညံ့ သည်လည်း အသီးကောင်းကိုမသီးနိုင်။-
19. လူတို့သည်အသီးကောင်းကိုမသီးသည့်အပင် ရှိသမျှကိုခုတ်လှဲ၍ မီးထဲသို့ပစ်ချတတ်ကြ၏။-
20. သို့ဖြစ်၍မိစ္ဆာပရောဖက်တို့ကိုသူတို့၏အပြု အမူအားဖြင့် သင်တို့သိရှိကြလိမ့်မည်။
21. ``ငါ့ကို `သခင်၊ သခင်' ဟုခေါ်သောသူတိုင်းကောင်း ကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင် ဘုံရှင်ငါ့အဖ၏အလိုတော်အတိုင်းလိုက်လျှောက် သူသာလျှင်ဝင်ရလိမ့်မည်။-
22. တရားစီရင်ရာနေ့ရက်ရောက်သောအခါ `သခင်၊ သခင်၊ အကျွန်ုပ်တို့သည်ကိုယ်တော်၏နာမတော်ကိုအမှီပြု ၍ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောကြားခဲ့ ကြသည်မဟုတ်ပါလော။ ကိုယ်တော်၏နာမတော်ကို အမှီပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်ခဲ့ကြသည် မဟုတ်ပါလော။ ကိုယ်တော်၏နာမတော်ကိုအမှီ ပြု၍ အံ့သြဖွယ်အမှုအရာများကိုပြုခဲ့ကြ သည်မဟုတ်ပါလော' ဟုလူအများပင်ငါ့အား ပြောကြားကြလိမ့်မည်။-
23. ထိုအခါ `ဆိုးသွမ်းသူတို့၊ သင်တို့ကိုအဘယ် အခါကမျှငါမသိ။ ငါ့ထံမှထွက်သွား ကြလော့' ဟုထိုသူတို့အားငါပြောမည်။
24. `ငါဟောပြောသောဤတရားစကားကိုကြား၍ လိုက်လျှောက်သူသည်ကျောက်ပေါ်တွင်အိမ်ဆောက် သည့်ပညာရှိနှင့်တူ၏။-