ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 7:1-14 Common Language Bible (BCL)

1. ``သူ​တစ်​ပါး​အား​မ​စစ်​ကြော​မ​စီ​ရင်​ကြ​နှင့်။ သို့ မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​စစ်​ကြော စီ​ရင်​တော်​မူ​မည်​မ​ဟုတ်။-

2. သူ​တစ်​ပါး​အား​သင်​တို့​စစ်​ကြော​စီ​ရင်​သ​ကဲ့​သို့ ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​စစ်​ကြော​စီ​ရင် တော်​မူ​မည်။ သူ​တစ်​ပါး​တို့​အား​စီ​ရင်​ရာ​တွင် သင်​တို့​အ​သုံး​ပြု​သည့်​နည်း​အ​တိုင်း သင်​တို့ အား​စီ​ရင်​တော်​မူ​မည်။-

3. သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ်​ကြောင့်​ကိုယ့် မျက်​စိ​ထဲ​က​သစ်​တုံး​ကို​မ​မြင်​ဘဲ ညီ​အစ် ကို​၏​မျက်​စိ​ထဲ​က​ငြောင့်​ငယ်​ကို​မြင်​သ​နည်း။-

4. သင်​၏​မျက်​စိ​ထဲ​က​သစ်​တုံး​ရှိ​နေ​ပါ​လျက် အ​ဘယ်​ကြောင့်​ညီ​အစ်​ကို​အား `သင်​၏​မျက်​စိ ထဲ​က​ငြောင့်​ငယ်​ကို​ထုတ်​ပေး​ပါ​ရ​စေ' ဟု​ပြော သ​နည်း။-

5. အ​ချင်း​ကြောင်​သူ​တော်၊ သင်​၏​မျက်​စိ​ထဲ​က သစ်​တုံး​ကို​ဦး​စွာ​ထုတ်​ပစ်​လော့။ သို့​မှ​သာ​သင့် ညီ​အစ်​ကို​၏​မျက်​စိ​ထဲ​က​ငြောင့်​ငယ်​ကို ကောင်း​စွာ​မြင်​၍​ထုတ်​ယူ​နိုင်​လိမ့်​မည်။

6. ``မွန်​မြတ်​သော​အ​ရာ​ကို​ခွေး​တို့​အား​မ​ပေး​ကြ​နှင့်။ သို့​ပြု​ပါ​မူ​သူ​တို့​သည်​လှည့်​၍​သင်​တို့​အား​ကိုက် လိမ့်​မည်။ ပု​လဲ​ရ​တ​နာ​များ​ကို​ဝက်​တို့​ရှေ့​မှာ မ​ချ​ထား​ကြ​နှင့်။ သို့​ပြု​ပါ​မူ​သူ​တို့​သည် ထို အ​ရာ​တို့​ကို​ကျော်​နင်း​သွား​ကြ​လိမ့်​မည်။

7. ``တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​ကြ​လိမ့်​မည်။ ရှာ ကြ​လော့။ ရှာ​လျှင်​တွေ့​ကြ​လိမ့်​မည်။ တံ​ခါး​ကို ခေါက်​ကြ​လော့။ ခေါက်​လျှင်​တံ​ခါး​ကို​ဖွင့်​ပေး လိမ့်​မည်။-

8. တောင်း​သော​သူ​သည်​ရ​၏။ ရှာ​သော​သူ​သည်​တွေ့​၏။ တံ​ခါး​ခေါက်​သူ​အား တံ​ခါး​ကို​ဖွင့်​၍​ပေး​လိမ့်​မည်။-

9. သင်​တို့​တွင်​မိ​မိ​၏​သား​က​မုန့်​ကို​တောင်း​လျှင် ကျောက်​ခဲ​ကို​ပေး​မည့်​သူ၊-

10. ငါး​ကို​တောင်း​လျှင်​မြွေ​ကို​ပေး​မည့်​သူ​တစ်​စုံ တစ်​ယောက်​ရှိ​ပါ​သ​လော။-

11. သင်​တို့​သည်​အ​ပြစ်​သား​များ​ပင်​ဖြစ်​သော်​လည်း မိ​မိ​တို့​၏​သား​သ​မီး​များ​အား​ကောင်း​မွန်​သော အ​ရာ​များ​ကို​ပေး​တတ်​ကြ​လျှင် ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​၏​အ​ဖ​သည်​လည်း မိ​မိ​ထံ​တောင်း​လျှောက် သူ​တို့​အား​ကောင်း​မွန်​သော​အ​ရာ​တို့​ကို​သာ​၍ ပင်​ပေး​တော်​မူ​မည်​မ​ဟုတ်​လော။

12. ``သင်​တို့​သည်​မိ​မိ​တို့​အား​ကျေး​ဇူး​ပြု​စေ​လို​သည့် အ​တိုင်း သူ​တစ်​ပါး​တို့​အား​ကျေး​ဇူး​ပြု​ကြ​လော့။ ဤ​ကား​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း​များ​၏ သွန်​သင်​ချက်​အ​ချုပ်​အ​ခြာ​ဖြစ်​သ​တည်း။

13. ``ကျဉ်း​မြောင်း​သော​တံ​ခါး​ပေါက်​ကို​ဝင်​ကြ​လော့။ င​ရဲ​သို့​ပို့​ဆောင်​ရာ​လမ်း​နှင့်​တံ​ခါး​ပေါက်​သည် ကျယ်​ဝန်း​သ​ဖြင့် ထို​လမ်း​ကို​လိုက်​သူ​တို့​သည် များ​ကြ​၏။-

14. ထာ​ဝ​ရ​အ​သက်​သို့​ပို့​ဆောင်​ရာ​လမ်း​နှင့်​တံ​ခါး ပေါက်​သည်​ကျဉ်း​မြောင်း​သော​ကြောင့် ထို​လမ်း​ကို တွေ့​ရှိ​သူ​တို့​သည်​နည်း​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 7