ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 6:24-34 Common Language Bible (BCL)

24. ``မည်​သူ​မျှ​သ​ခင်​နှစ်​ဦး​၏​အ​စေ​ကို​မ​ခံ​နိုင်။ သ​ခင် တစ်​ဦး​ကို​မုန်း​၍​တစ်​ဦး​ကို​ချစ်​လိမ့်​မည်။ သ​ခင်​တစ်​ဦး ကို​သစ္စာ​စောင့်​၍​တစ်​ဦး​ကို​မ​လေး​မ​ခန့်​ပြု​လိမ့်​မည်။ သင်​တို့​သည်​တစ်​ချိန်​တည်း​၌​ဘု​ရား​သ​ခင်​၏ အ​စေ​နှင့်​လော​က​စည်း​စိမ်​၏​အ​စေ​ကို​မ​ခံ​နိုင်​ကြ။

25. ``ထို​ကြောင့်​သင်​တို့​အား​ငါ​ဆို​သည်​ကား​သင်​တို့ သည်​အ​ဘယ်​အ​ရာ​ကို​စား​သောက်​ရ​ပါ​မည်​နည်း ဟု အ​သက်​ရှင်​ရေး​အ​တွက်​မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ် အ​ရာ​ကို​ဝတ်​ရ​ပါ​မည်​နည်း​ဟု​ကိုယ်​ခန္ဓာ​အ​တွက် မ​စိုး​ရိမ်​ကြ​နှင့်။ အ​သက်​သည်​အ​စား​အ​သောက် ထက်​လည်း​ကောင်း၊ ကိုယ်​ခန္ဓာ​သည်​အ​ဝတ်​ထက်​လည်း ကောင်း​ပို​၍​အ​ရေး​ကြီး​သည်​မ​ဟုတ်​လော။-

26. မိုး​ကောင်း​ကင်​တွင်​ကျင်​လည်​သော​ငှက်​များ​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ သူ​တို့​သည်​မျိုး​ကို​မ​ကြဲ၊ ကောက်​နှံ​များ​ကို​မ​ရိတ်​မ​သိမ်း၊ ကျီ​များ​တွင်​လည်း သို​လှောင်​မှု​ကို​မ​ပြု။ သို့​ရာ​တွင်​ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​အ​ဖ​သည်​ထို​ငှက်​တို့​အား​ကျွေး​မွေး​တော် မူ​၏။ သင်​တို့​သည်​ကား​ငှက်​များ​ထက်​များ​စွာ​ပို ၍​မြတ်​သည်​မ​ဟုတ်​လော။-

27. သင်​တို့​တွင်​အ​ဘယ်​သူ​သည်​စိုး​ရိမ်​ကြောင့်​ကြ​ခြင်း အား​ဖြင့် မိ​မိ​၏​အ​သက်​ကို​နှစ်​အ​နည်း​ငယ်​မျှ​ပို ၍​ရှည်​စေ​နိုင်​သ​နည်း။

28. ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​အ​ဝတ်​အ​တွက်​စိုး​ရိမ် ကြောင့်​ကြ​သ​နည်း။ တော​နှင်း​ပန်း​များ​အ​ဘယ်​သို့ ရှင်​သန်​လာ​သည်​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို ပန်း​ပင်​တို့​သည်​အ​လုပ်​လည်း​မ​လုပ်၊ ဗိုင်း​လည်း​မ​ငင်၊-

29. သို့​ရာ​တွင်​အ​လွန်​ချမ်း​သာ​ကြွယ်​ဝ​သည့်​ရှော​လ​မုန် မင်း​ကြီး​ပင်​လျှင်​ထို​ပန်း​ပင်​တစ်​ပင်​ကဲ့​သို့​လှ​ပ အောင်​မ​ဝတ်​မ​ဆင်​နိုင်​ဟု​သင်​တို့​အား​ငါ​ဆို​၏။-

30. ဘု​ရား​သ​ခင်​အ​ပေါ်​ယုံ​ကြည်​ကိုး​စား​မှု​နည်း သူ​တို့၊ ယ​နေ့​တော​ထဲ​တွင်​ရှိ​၍​နက်​ဖြန်​မီး​ထဲ​သို့ ရောက်​ရ​သော​တော​မြက်​မျိုး​ကို​ဘု​ရား​သ​ခင်​သည် ဤ​သို့​ဆင်​ယင်​ပေး​ပါ​လျှင်​သင်​တို့​အား​ထို​ထက် မ​က​ဆင်​ယင်​ပေး​တော်​မူ​မည်​မ​ဟုတ်​လော။

31. ``ထို့​ကြောင့်​အ​ဘယ်​သို့​စား​သောက်​ရ​မည်​နည်း၊ အ​ဘယ်​သို့​ဝတ်​ရ​မည်​နည်း​ဟု​မ​စိုး​ရိမ်​ကြ​နှင့်။-

32. (ဘု​ရား​သ​ခင်​ကို​မ​ယုံ​ကြည်​မ​ကိုး​စား​သူ​တို့ သည်​ထို​သို့​စိုး​ရိမ်​တတ်​ကြ​သည်) ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​၏​အ​ဖ​သည်​ထို​အ​ရာ​အား​လုံး​ကို​သင် တို့​လို​ကြောင်း​သိ​တော်​မူ​၏။-

33. ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​အ​လို​တော်​ကို ပ​ထ​မ​ဦး​စွာ​ရှာ​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော် သည်​သင်​တို့​အား​အ​ခြား​လို​အပ်​သော​အ​ရာ​များ ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။-

34. ထို့​ကြောင့်​နက်​ဖြန်​နေ့​အ​ဖို့​မ​စိုး​ရိမ်​ကြ​နှင့်။ နက်​ဖြန် နေ့​နှင့်​သက်​ဆိုင်​သည့်​စိုး​ရိမ်​စ​ရာ​များ​ကို​ထို​နေ့​၌ ကြုံ​တွေ့​ဖြေ​ရှင်း​ရ​လိမ့်​မည်။ ယ​နေ့​ကြုံ​တွေ့​ရ​သည့် စိုး​ရိမ်​စ​ရာ​များ​သည်​ယ​နေ့​အ​တွက်​တော်​လောက် ပေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 6