ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 5:31-40 Common Language Bible (BCL)

31. ``မိ​မိ​၏​မ​ယား​နှင့်​ကွာ​ရှင်း​လို​သူ​သည်​ဖြတ်​စာ ကို​ပေး​အပ်​ရ​မည်​ဟု​ဆို​ရိုး​စ​ကား​ရှိ​၏။-

32. သို့​ရာ​တွင်​လူ​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​၏​ဇ​နီး အား​အ​ကျင့်​ဖောက်​ပြား​မှု​မ​ရှိ​ဘဲ​ကွာ​ရှင်း​၍ ထို အ​မျိုး​သ​မီး​က​လည်း​နောက်​အိမ်​ထောင်​ပြု​သည် ဆို​ပါ​မူ ထို​သူ​သည်​မိ​မိ​၏​ဇ​နီး​အား​မျောက်​မ ထား​စေ​ရာ​ရောက်​၏။ ထို​အ​မျိုး​သ​မီး​နှင့်​အိမ် ထောင်​ပြု​သူ​သည်​လည်း​သူ​တစ်​ပါး​၏​အိမ်​ရာ ကို​ပြစ်​မှား​ရာ​ရောက်​၏​ဟု​သင်​တို့​အား​ငါ​ဆို​၏။

33. ``ထို့​အ​ပြင်`သင်​သည်​သစ္စာ​က​တိ​ကို​မ​ဖျက်​ရ။ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​သင်​ထား​ရှိ​သည့် သစ္စာ​က​တိ​အ​တိုင်း​ဆောင်​ရွက်​ရ​မည်' ဟူ​သော ပညတ်​ကို​သင်​တို့​ကြား​သိ​ရ​လေ​ပြီ။-

34. သို့​ရာ​တွင်​သင်​တို့​သည်​တစ်​စုံ​တစ်​ခု​ကို​က​တိ​ပြု သော​အ​ခါ​လုံး​ဝ​ကျိန်​ဆို​၍​မ​ပြော​ကြ​နှင့်​ဟု သင်​တို့​အား​ငါ​ဆို​၏။ ကောင်း​ကင်​ဘုံ​ကို​တိုင်​တည် ၍​မ​ကျိန်​ဆို​ကြ​နှင့်။ ကောင်း​ကင်​ဘုံ​သည်​ဘု​ရား သ​ခင်​၏​ပလ္လင်​တော်​ဖြစ်​၏။-

35. ကမ္ဘာ​မြေ​ကြီး​ကို​တိုင်​တည်​၍​မ​ကျိန်​ဆို​ကြ​နှင့်။ ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​၏​ခြေ​တင်​ခုံ​ဖြစ်​၏။ ယေ​ရု​ရှ​လင်​မြို့​ကို​တိုင်​တည်​၍​မ​ကျိန်​ဆို​ကြ​နှင့်။ ယေ​ရု​ရှ​လင်​မြို့​သည်​ဘု​ရင်​မင်း​မြတ်​၏​နေ​ပြည် တော်​ဖြစ်​၏။-

36. မိ​မိ​၏​ဦး​ခေါင်း​ကို​တိုင်​တည်​၍​လည်း​မ​ကျိန်​ဆို ကြ​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​ဆံ​ပင် တစ်​ပင်​မျှ​ကို​ပင်​ဖြူ​အောင်​မ​တတ်​နိုင်​ကြ​သော ကြောင့်​တည်း။-

37. သင်​တို့​သည် `ဟုတ်​ပါ​သည်' သို့​မ​ဟုတ် `မ​ဟုတ်​ပါ' ဟူ​၍​သာ​ပြော​ဆို​ကြ​လော့။ ဤ​ထက်​ပို​သော စ​ကား​သည်​မာရ်​နတ်​၏​ထံ​မှ​ရ​သော​စ​ကား ဖြစ်​၏။

38. ``မျက်​စိ​အ​စား​မျက်​စိ၊ သွား​အ​စား​သွား​ဟူ သော​ပ​ညတ်​ကို​သင်​တို့​ကြား​သိ​ရ​လေ​ပြီ။-

39. သို့​ရာ​တွင်​သင့်​အား​ပြစ်​မှား​သူ​ကို​လက်​စား​မ​ချေ နှင့်​ဟု​ငါ​ဆို​၏။ သင်​၏​လက်​ယာ​ပါး​ကို​ရိုက်​သူ အား​အ​ခြား​ပါး​တစ်​ဖက်​လည်း​ရိုက်​စေ​ဦး​လော့။-

40. သင်​၏​အ​တွင်း​အင်္ကျီ​ကို​ယူ​လို​၍​တ​ရား​တွေ့​သော သူ​အား​သင်​၏​ဝတ်​လုံ​ကို​လည်း​ယူ​ခွင့်​ပြု​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 5