ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 4:15-24 Common Language Bible (BCL)

15. ``အို ဇာ​ဗု​လုန်​နယ်​နှင့်​န​ဿ​လိ​နယ်၊ယော်​ဒန်​မြစ် တစ်​ဖက်​ကမ်း၊အိုင်​လမ်း​တစ်​လျှောက်၊လူ​မျိုး​ခြား​တို့​နေ​ထိုင်​ရာ​ဂါ​လိ​လဲ​ပြည်၊

16. အ​မှောင်​တွင်​နေ​ထိုင်​ကြ​သော​သူ​တို့​သည် အ​လင်း​ရောင်​ကြီး​ကို​မြင်​ရ​လေ​ပြီ။သေ​မင်း​အ​ရိပ်​တွင်​နေ​ထိုင်​ကြ​သူ​တို့​၏​အ​ပေါ်​သို့ အ​လင်း​ရောင်​သက်​ရောက်​လိမ့်​မည်''ဟု​ဟော​ကြား​ခဲ့​၏။

17. ထို​အ​ခါ​မှ​စ​၍​သ​ခင်​ယေ​ရှု​သည် ``နောင်​တ​ရ ကြ​လော့။ ကောင်း​ကင်​နိုင်​ငံ​တော်​တည်​လု​နီး​ပြီ'' ဟု​ဟော​ကြား​တော်​မူ​၏။

18. သ​ခင်​ယေ​ရှု​သည်​ဂါ​လိ​လဲ​အိုင်​အ​နီး​တွင်​လျှောက် သွား​တော်​မူ​စဉ် တံ​ငါ​သည်​ညီ​အစ်​ကို​နှစ်​ယောက်​ကို မြင်​တော်​မူ​၏။ သူ​တို့​ကား​ပေ​တ​ရု​ခေါ်​ရှိ​မုန်​နှင့် သူ​၏​ညီ​အန္ဒြေ-တို့​ပင်​ဖြစ်​၏။ သူ​တို့​သည်​အိုင်​ထဲ တွင်​ကွန်​ပစ်​လျက်​နေ​ကြ​၏။-

19. သ​ခင်​ယေ​ရှု​က ``လာ​ကြ။ ငါ့​နောက်​သို့​လိုက်​ကြ။ သင်​တို့​ကို​လူ​ဖမ်း​တံ​ငါ​များ​ဖြစ်​စေ​မည်'' ဟု သူ​တို့​အား​မိန့်​တော်​မူ​၏။-

20. သူ​တို့​သည်​ချက်​ချင်း​ပင်​မိ​မိ​တို့​၏​ပိုက်​ကွန် များ​ကို​စွန့်​ပစ်​၍​နောက်​တော်​သို့​လိုက်​ကြ​၏။

21. ကိုယ်​တော်​သည်​ထို​အ​ရပ်​မှ​ဆက်​လက်​၍​လျှောက် သွား​တော်​မူ​သော​အ​ခါ အ​ခြား​ညီ​အစ်​ကို​နှစ် ယောက်​ဖြစ်​သော​ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​ကို မြင်​တော်​မူ​၏။ သူ​တို့​သည်​ဇေ​ဗေ​ဒဲ​၏​သား​များ ဖြစ်​၍ မိ​မိ​တို့​ဖ​ခင်​နှင့်​အ​တူ​လှေ​ထဲ​တွင်​ပိုက် ကွန်​များ​ကို​အ​သင့်​ပြင်​လျက်​ရှိ​နေ​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​နောက်​တော်​သို့ လိုက်​ရန်​ခေါ်​ယူ​တော်​မူ​သော​အ​ခါ၊-

22. သူ​တို့​သည်​ချက်​ချင်း​ပင်​လှေ​နှင့်​ဖ​ခင်​ကို ထား​ခဲ့​၍​နောက်​တော်​သို့​လိုက်​ကြ​၏။

23. ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်​တစ်​လျှောက်​လုံး ကြွ​တော်​မူ​လျက်​တ​ရား​ဇ​ရပ်​များ​တွင်​သွန် သင်​တော်​မူ​၏။ နိုင်​ငံ​တော်​အ​ကြောင်း​သ​တင်း ကောင်း​ကို​ဟော​ပြော​တော်​မူ​၏။-

24. ကိုယ်​တော်​၏​သ​တင်း​သည်​ရှု​ရိ​ပြည်​တစ်​ဝှမ်း​လုံး တွင်​ပျံ့​နှံ့​၍​သွား​သ​ဖြင့်​လူ​တို့​သည်​နတ်​ပူး​ဝင် သူ၊ ဝက်​ရူး​နာ​စွဲ​ကပ်​သူ၊ ခြေ​လက်​သေ​သူ​မှ​စ​၍ အ​မျိုး​မျိုး​သော​အ​နာ​ရောဂါ​စွဲ​ကပ်​သူ​ဝေ​ဒ​နာ ရှင်​များ​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​အ​ပေါင်း​တို့​အား​ရော​ဂါ ပျောက်​ကင်း​စေ​တော်​မူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 4