ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 4:1-16 Common Language Bible (BCL)

1. ထို​နောက်​မာရ်​နတ်​၏​စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို ခံ​စေ​ရန် ဝိ​ညာဉ်​တော်​သည်​သ​ခင်​ယေ​ရှု​ကို တော​ကန္တာ​ရ​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။-

2. ကိုယ်​တော်​သည်​ရက်​လေး​ဆယ်​ပတ်​လုံး​အ​စာ ရှောင်​လျက်​နေ​ပြီး​နောက်​မွတ်​သိပ်​၍​လာ​တော် မူ​၏။-

3. ထို​အ​ခါ​မာရ်​နတ်​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``အ​ရှင်​သည်​ဘု​ရား​သ​ခင်​၏​သား​တော်​မှန် လျှင်​ဤ​ကျောက်​ခဲ​များ​ကို​မုန့်​ဖြစ်​လာ​စေ​ရန် အ​မိန့်​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။

4. သို့​ရာ​တွင်​ကိုယ်​တော်​က ``လူ​သည်​အ​စား​အ​စာ အား​ဖြင့်​သာ​အ​သက်​ရှင်​ရ​မည်​မ​ဟုတ်။ ဘု​ရား သ​ခင်​၏​နှုတ်​တော်​ထွက်​စ​ကား​ရှိ​သ​မျှ​အား ဖြင့်​အ​သက်​ရှင်​ရ​မည်​ဟု​ကျမ်း​စာ​လာ​၏'' ဟူ ၍​မိန့်​တော်​မူ​၏။

5. ထို​အ​ခါ​မာရ်​နတ်​သည်​ကိုယ်​တော်​ကို​သန့်​ရှင်း မြင့်​မြတ်​သော​မြို့​တော်​ရှိ​ဗိ​မာန်​တော်​ထိပ်​ဖျား သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင်၊

6. ``ဘု​ရား​သ​ခင်​သည်​သင့်​အား​ကာ​ကွယ်​စောင့် ရှောက်​ရန်​ကောင်း​ကင်​တ​မန်​တို့​အားအ​မိန့်​ပေး​တော်​မူ​မည်​ဖြစ်​ရာ၊သူ​တို့​သည်သင်​၏​ခြေ​ကို​ကျောက်​ခဲ​များ​နှင့်​မ​ထိ​မ​ခိုက်​မိ စေ​ရန်၊သင့်​အား​ချီ​ပင့်​ကြ​လိမ့်​မည်​ဟု​ကျမ်း​စာ​တော်​တွင် ပါ​ရှိ​ပါ​၏။သို့​ဖြစ်​၍​အ​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏ သား​တော်​မှန်​လျှင်​အောက်​သို့​ခုန်​ချ​ပါ​လော့''ဟု​လျှောက်​၏။

7. သ​ခင်​ယေ​ရှု​က​လည်း ``သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​အ​စုံ​အ​စမ်း​မ​ပြု​ရ​ဟူ ၍​လည်း​ကျမ်း​စာ​တော်​တွင်​ပါ​ရှိ​၏'' ဟု​မိန့် တော်​မူ​၏။

8. ထို​မှ​တစ်​ဖန်​မာရ်​နတ်​သည်​ကိုယ်​တော်​အား​မြင့် သော​တောင်​ပေါ်​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် လော​က နိုင်​ငံ​ရှိ​သ​မျှ​နှင့်​ထို​နိုင်​ငံ​တို့​၏​ဘုန်း​စည်း​စိမ် ကို​ညွှန်​ပြ​၏။-

9. ထို​နောက် ``ကိုယ်​တော်​သည်​ငါ့​အား​ဦး​ညွှတ်​ရှိ​ခိုး မည်​ဆို​ပါ​က​ဤ​အ​ရာ​အ​လုံး​စုံ​ကို​ငါ​ပေး မည်'' ဟု​ဆို​၏။

10. ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``အ​ချင်း​မာရ်​နတ်၊ ငါ့​ထံ​မှ​ထွက်​ခွာ​သွား​လော့။ သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ​လျှင်​ဝတ်​ပြု​ရှိ​ခိုး​ရ​မည်။ ထို​အ​ရှင်​၏​အ​စေ​ကို​သာ​လျှင်​ခံ​ရ​မည်​ဟု ကျမ်း​စာ​လာ​သည်'' ဟု​မိန့်​တော်​မူ​၏။

11. ထို​အ​ခါ​မာရ်​နတ်​သည်​အ​ထံ​တော်​မှ​ထွက်​ခွာ သွား​လေ​သည်။ ထို​နောက်​ကောင်း​ကင်​တ​မန်​တို့ သည်​ကိုယ်​တော်​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင်​လုပ် ကျွေး​ပြု​စု​ကြ​၏။

12. သ​ခင်​ယေ​ရှု​သည်​ယော​ဟန်​အ​ဖမ်း​ခံ​ရ​ကြောင်း ကို​ကြား​သော​အ​ခါ​ဂါ​လိ​လဲ​ပြည်​သို့​ထွက်​ခွာ သွား​တော်​မူ​၏။-

13. ကိုယ်​တော်​သည်​နာ​ဇ​ရက်​မြို့​တွင်​နေ​ထိုင်​တော် မ​မူ​ဘဲ​ဇာ​ဗု​လုန်​နယ်​နှင့်​န​ဿ​လိ​နယ်​စပ်​ကြား၊ ဂါ​လိ​လဲ​အိုင်​အ​နီး​ရှိ​က​ပေ​ရ​နောင်​မြို့​သို့ သွား​ရောက်​နေ​ထိုင်​တော်​မူ​၏။-

14. ဤ​သို့​ပြု​တော်​မူ​ရ​ခြင်း​မှာ​ပ​ရော​ဖက်​ဟေ ရှာ​ယ​၏​ဟော​ကြား​ချက်​မှန်​ကန်​လာ​စေ​ရန် ပင်​ဖြစ်​သ​တည်း။ ပ​ရော​ဖက်​ဟေ​ရှာ​ယ​က၊

15. ``အို ဇာ​ဗု​လုန်​နယ်​နှင့်​န​ဿ​လိ​နယ်၊ယော်​ဒန်​မြစ် တစ်​ဖက်​ကမ်း၊အိုင်​လမ်း​တစ်​လျှောက်၊လူ​မျိုး​ခြား​တို့​နေ​ထိုင်​ရာ​ဂါ​လိ​လဲ​ပြည်၊

16. အ​မှောင်​တွင်​နေ​ထိုင်​ကြ​သော​သူ​တို့​သည် အ​လင်း​ရောင်​ကြီး​ကို​မြင်​ရ​လေ​ပြီ။သေ​မင်း​အ​ရိပ်​တွင်​နေ​ထိုင်​ကြ​သူ​တို့​၏​အ​ပေါ်​သို့ အ​လင်း​ရောင်​သက်​ရောက်​လိမ့်​မည်''ဟု​ဟော​ကြား​ခဲ့​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 4