1. ထိုနောက်မာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကို ခံစေရန် ဝိညာဉ်တော်သည်သခင်ယေရှုကို တောကန္တာရသို့ခေါ်ဆောင်သွားတော်မူ၏။-
2. ကိုယ်တော်သည်ရက်လေးဆယ်ပတ်လုံးအစာ ရှောင်လျက်နေပြီးနောက်မွတ်သိပ်၍လာတော် မူ၏။-
3. ထိုအခါမာရ်နတ်သည်အထံတော်သို့ချဉ်းကပ် ၍ ``အရှင်သည်ဘုရားသခင်၏သားတော်မှန် လျှင်ဤကျောက်ခဲများကိုမုန့်ဖြစ်လာစေရန် အမိန့်ပေးတော်မူပါ'' ဟုလျှောက်၏။
4. သို့ရာတွင်ကိုယ်တော်က ``လူသည်အစားအစာ အားဖြင့်သာအသက်ရှင်ရမည်မဟုတ်။ ဘုရား သခင်၏နှုတ်တော်ထွက်စကားရှိသမျှအား ဖြင့်အသက်ရှင်ရမည်ဟုကျမ်းစာလာ၏'' ဟူ ၍မိန့်တော်မူ၏။
5. ထိုအခါမာရ်နတ်သည်ကိုယ်တော်ကိုသန့်ရှင်း မြင့်မြတ်သောမြို့တော်ရှိဗိမာန်တော်ထိပ်ဖျား သို့ခေါ်ဆောင်သွားပြီးလျှင်၊
6. ``ဘုရားသခင်သည်သင့်အားကာကွယ်စောင့် ရှောက်ရန်ကောင်းကင်တမန်တို့အားအမိန့်ပေးတော်မူမည်ဖြစ်ရာ၊သူတို့သည်သင်၏ခြေကိုကျောက်ခဲများနှင့်မထိမခိုက်မိ စေရန်၊သင့်အားချီပင့်ကြလိမ့်မည်ဟုကျမ်းစာတော်တွင် ပါရှိပါ၏။သို့ဖြစ်၍အရှင်သည်ထာဝရဘုရား၏ သားတော်မှန်လျှင်အောက်သို့ခုန်ချပါလော့''ဟုလျှောက်၏။
7. သခင်ယေရှုကလည်း ``သင်၏ဘုရားသခင် ထာဝရဘုရားကိုအစုံအစမ်းမပြုရဟူ ၍လည်းကျမ်းစာတော်တွင်ပါရှိ၏'' ဟုမိန့် တော်မူ၏။
8. ထိုမှတစ်ဖန်မာရ်နတ်သည်ကိုယ်တော်အားမြင့် သောတောင်ပေါ်သို့ခေါ်ဆောင်သွားပြီးလျှင် လောက နိုင်ငံရှိသမျှနှင့်ထိုနိုင်ငံတို့၏ဘုန်းစည်းစိမ် ကိုညွှန်ပြ၏။-
9. ထိုနောက် ``ကိုယ်တော်သည်ငါ့အားဦးညွှတ်ရှိခိုး မည်ဆိုပါကဤအရာအလုံးစုံကိုငါပေး မည်'' ဟုဆို၏။
10. ထိုအခါသခင်ယေရှုက ``အချင်းမာရ်နတ်၊ ငါ့ထံမှထွက်ခွာသွားလော့။ သင်၏ဘုရားသခင် ထာဝရဘုရားကိုသာလျှင်ဝတ်ပြုရှိခိုးရမည်။ ထိုအရှင်၏အစေကိုသာလျှင်ခံရမည်ဟု ကျမ်းစာလာသည်'' ဟုမိန့်တော်မူ၏။
11. ထိုအခါမာရ်နတ်သည်အထံတော်မှထွက်ခွာ သွားလေသည်။ ထိုနောက်ကောင်းကင်တမန်တို့ သည်ကိုယ်တော်ထံသို့ချဉ်းကပ်ပြီးလျှင်လုပ် ကျွေးပြုစုကြ၏။
12. သခင်ယေရှုသည်ယောဟန်အဖမ်းခံရကြောင်း ကိုကြားသောအခါဂါလိလဲပြည်သို့ထွက်ခွာ သွားတော်မူ၏။-
13. ကိုယ်တော်သည်နာဇရက်မြို့တွင်နေထိုင်တော် မမူဘဲဇာဗုလုန်နယ်နှင့်နဿလိနယ်စပ်ကြား၊ ဂါလိလဲအိုင်အနီးရှိကပေရနောင်မြို့သို့ သွားရောက်နေထိုင်တော်မူ၏။-
14. ဤသို့ပြုတော်မူရခြင်းမှာပရောဖက်ဟေ ရှာယ၏ဟောကြားချက်မှန်ကန်လာစေရန် ပင်ဖြစ်သတည်း။ ပရောဖက်ဟေရှာယက၊