ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 3:9-15 Common Language Bible (BCL)

9. အာ​ဗြ​ဟံ​သည်​ငါ​တို့​၏​အ​ဖ​ဖြစ်​သည်​ဟူ​၍ ပြော​ဆို​ရုံ​မျှ​ဖြင့် သင်​တို့​သည်​အ​ပြစ်​မှ​လွတ်​ငြိမ်း ခွင့်​ကို​ရ​ရှိ​လိမ့်​မည်​ဟု​မ​ထင်​ကြ​နှင့်။ ဘု​ရား​သ​ခင် သည်​ဤ​ကျောက်​ခဲ​များ​မှ အာ​ဗြ​ဟံ​၏​သား​များ ကို​ဖန်​ဆင်း​တော်​မူ​နိုင်​သည်​ဟု​သင်​တို့​အား ငါ​ဆို​၏။-

10. သစ်​ပင်​များ​အား​အ​မြစ်​ရင်း​မှ​ခုတ်​လှဲ​ပစ်​ရန် ပု​ဆိန်​ကို​အ​သင့်​ထား​ရှိ​ပြီ​ဖြစ်​၍ အ​သီး​ကောင်း ကို​မ​သီး​သည့်​အ​ပင်​ဟူ​သ​မျှ​သည်​ခုတ်​လှဲ​၍ မီး​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​လိမ့်​မည်။-

11. သင်​တို့​နောင်​တ​ရ​သည့်​အ​တွက် ငါ​သည်​သင်​တို့ အား​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​၏။ ငါ​၏​နောက် တွင်​ကြွ​လာ​မည့်​အ​ရှင်​သည်​ကား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖြင့်​လည်း​ကောင်း၊ မီး​ဖြင့်​လည်း​ကောင်း၊ ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​တော်​မူ​လတ္တံ့။ ထို​အ​ရှင်​သည် ငါ့​ထက်​ကြီး​မြတ်​၏။ ငါ​သည်​ထို​အ​ရှင်​၏​ဖိ​နပ် ကို​မျှ​မ​ကိုင်​ဆောင်​ထိုက်။-

12. လက်​တော်​တွင်​စ​ပါး​လှေ့​ရန်​ဆန်​ကော​ကို​ကိုင်​၍ ထား​တော်​မူ​၏။ မိ​မိ​၏​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​ပြီး​နောက် ဂျုံ​စ​ပါး​ကို​ကျီ​တွင်​စု​သိမ်း ထား​တော်​မူ​လိမ့်​မည်။ အ​ဖျင်း​များ​ကို​မူ​ငြိမ်း သတ်​၍​မ​ရ​နိုင်​သော​မီး​နှင့်​ရှို့​တော်​မူ​လိမ့်​မည်'' ဟု​ဟော​ပြော​၏။

13. ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​ယော​ဟန်​ထံ​တွင် ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ရန်​ဂါ​လိ​လဲ​ပြည်​မှ ယော်​ဒန်​မြစ်​သို့​ကြွ​လာ​တော်​မူ​၏။-

14. သို့​ရာ​တွင်​ယော​ဟန်​က ``အ​ကျွန်ုပ်​သည်​အ​ရှင်​၏ ထံ​တွင် ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​သင့်​သူ​ဖြစ်​ပါ လျက် အ​ရှင်​သည်​အ​ကျွန်ုပ်​၏​ထံ​သို့​ကြွ​လာ​တော် မူ​ပါ​သ​လော'' ဟု​ဆို​၍​ဆီး​တား​လေ​၏။

15. သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​တော်​မူ သ​မျှ​သော​အ​မှု​တို့​ကို​လိုက်​နာ​ဆောင်​ရွက်​သင့် သည်​ဖြစ်​၍ ယ​ခု​ငါ့​အား​ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​ပါ လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​ယော​ဟန်​သည် သ​ဘော​တူ​လေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 3