ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 28:9-18 Common Language Bible (BCL)

9. ထို​အ​ချိန်​၌​သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​ထံ​သို့ ရောက်​ရှိ​လာ​ကာ ``သင်​တို့​သည်​မင်္ဂ​လာ​ရှိ​ပါ​စေ သော'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​မျိုး​သ​မီး​တို့ သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍​ခြေ​တော်​ကို ဖက်​ယမ်း​လျက်​ပျပ်​ဝပ်​ရှိ​ခိုး​ကြ​၏။-

10. ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``မ​ကြောက်​ကြ​နှင့်။ သွား​၍​ငါ​၏​ညီ​အစ်​ကို​များ​အား​ဂါ​လိ​လဲ ပြည်​သို့​သွား​ရန်​ပြော​ကြား​ကြ​လော့။ သူ​တို့ သည်​ထို​ပြည်​တွင်​ငါ့​ကို​မြင်​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

11. အ​မျိုး​သ​မီး​တို့​ထွက်​ခွာ​သွား​ကြ​စဉ်​အ​စောင့် တပ်​သား​အ​ချို့​တို့​သည်​မြို့​ထဲ​သို့​ဝင်​၍ ယဇ်​ပု​ရော ဟိတ်​ကြီး​များ​အား​ဖြစ်​ပျက်​သည့်​အ​ကြောင်း အ​ရာ​အ​လုံး​စုံ​ကို​ကြား​ပြော​ကြ​၏။-

12. ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း ဆောင်​များ​သည်​စု​ရုံး​တိုင်​ပင်​ကြ​ပြီး​နောက်​စစ် သား​များ​အား​ငွေ​အ​မြောက်​အ​မြား​ပေး​၍၊-

13. ``ညဥ့်​အ​ခါ​ငါ​တို့​အိပ်​ပျော်​နေ​ခိုက်​ထို​သူ​၏ တ​ပည့်​တို့​သည်​လာ​၍​အ​လောင်း​ကို​ခိုး​ယူ​သွား ကြ​ပါ​သည်'' ဟု​ပြော​ကြ​လော့။-

14. အ​ကယ်​၍​ထို​သ​တင်း​ကို​ဘု​ရင်​ခံ​မင်း​ကြား​သိ သွား​ပါ​လျှင် သင်​တို့​အ​ပေါ်​တွင်​အ​မှု​မ​ပတ်​စေ​ရန် သူ့​အား​ငါ​တို့​ဖျောင်း​ဖျ​ပေး​မည်'' ဟု​ဆို​ကြ​၏။

15. စစ်​သား​တို့​သည်​ငွေ​ကို​ယူ​၍​ယဇ်​ပု​ရော​ဟိတ်​ကြီး များ​သင်​ကြား​ပေး​လိုက်​သည့်​အ​တိုင်း​ပြော​ကြ​၏။ စစ်​သား​တို့​ပြော​ကြား​သည့်​သ​တင်း​ကို​ယ​နေ့​တိုင် အောင်​ယု​ဒ​အ​မျိုး​သား​တို့​သည်​အနှံ့​အြုပား​ပြော​ဆို ကြ​၏။

16. တ​ပည့်​တော်​တစ်​ဆယ့်​တစ်​ဦး​တို့​သည်​သ​ခင်​ယေ​ရှု မှာ​ကြား​တော်​မူ​သည့်​အ​တိုင်း​ဂါ​လိ​လဲ​ပြည် တောင်​ပေါ်​သို့​သွား​ကြ​၏။-

17. သူ​တို့​သည်​ကိုယ်​တော်​ကို​တွေ့​မြင်​သော​အ​ခါ ပျပ်​ဝပ်​ရှိ​ခိုး​ကြ​၏။ သို့​ရာ​တွင်​ထို​သူ​တို့​အ​နက် အ​ချို့​သော​သူ​တို့​သည်​ယုံ​မှား​သံ​သ​ယ​ဖြစ် ကြ​၏။-

18. သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အ​နီး​သို့​ကြွ​လာ တော်​မူ​လျက် ``ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ ကမ္ဘာ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း​ရှိ​သ​မျှ​သော​တန်​ခိုး အာ​ဏာ​တို့​ကို​ငါ​ခံ​ယူ​ရ​ရှိ​ထား​လေ​ပြီ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 28