69. ပေတရုသည်အပြင်ဖက်ကျောင်းတော်ဝင်းအတွင်း ၌ထိုင်လျက်နေစဉ်အစေခံမကလေးတစ်ယောက် သည်ရောက်လာ၍ `သင်သည်လည်းဂါလိလဲပြည်သား ယေရှုနှင့်ပေါင်းဖော်သူဖြစ်သည်'' ဟုဆို၏။
70. သို့သော်ပေတရုက ``သင်ပြောသည့်အရာကိုငါ မသိ'' ဟုလူအပေါင်းတို့ရှေ့တွင်ငြင်းဆိုပြီး လျှင်အိမ်တော်ဝင်းတံခါးဝသို့ထသွားလေ၏။-
71. အခြားအစေခံမကလေးတစ်ယောက်သည်သူ့ ကိုမြင်လျှင်ထိုနေရာတွင်ရှိသောသူတို့အား ``ဤ သူသည်နာဇရက်မြို့သားယေရှုနှင့်ပေါင်းဖော် သူဖြစ်၏'' ဟုဆို၏။
72. ပေတရုက ``ထိုသူကိုငါမသိ'' ဟုကျိန်ဆိုပြန်၏။
73. ထိုနောက်အချိန်အနည်းငယ်ကြာသောအခါအနီး တွင်ရပ်နေသောသူများသည်ပေတရုထံလာ၍ ``သင် သည်အမှန်ပင်ထိုသူနှင့်အပေါင်းပါဖြစ်ကြောင်းသင် ပြောပုံဆိုပုံအားဖြင့်သိသာ၏'' ဟုဆိုကြ၏။
74. ပေတရုက ``ထိုသူကိုငါမသိ'' ဟုဘုရားသခင် ကိုတိုင်တည်၍ကျိန်ဆိုလေ၏။ထိုခဏ၌ကြက်တွန်လေ၏။-