ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 26:56-65 Common Language Bible (BCL)

56. သို့​သော်​ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ရ​ခြင်း​မှာ ကျမ်း​စာ​တော်​တွင်​ပ​ရော​ဖက်​များ​ဟော​ကြား​ခဲ့ သ​မျှ​အ​တိုင်း အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန် ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ထို​အခါ​တပည့်​တော်​အပေါင်း​တို့​သည် ကိုယ်​တော် ကို​စွန့်​ပစ်​၍​ပြေး​ကြ​၏။

57. သ​ခင်​ယေ​ရှု​ကို​ဖမ်း​ဆီး​ကြ​သော​သူ​တို့​သည် ကိုယ်​တော်​အား​ယဇ်​ပု​ရော​ဟိတ်​မင်း​က​ယာ​ဖ​၏ ကျောင်း​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ကျမ်း​တတ် ဆ​ရာ​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည် ထို​အ​ရပ်​တွင်​စု​ရုံး​လျက်​နေ​ကြ​၏။-

58. ပေ​တ​ရု​သည်​ခပ်​လှမ်း​လှမ်း​က​နေ​၍​ယဇ်​ပု​ရော ဟိတ်​မင်း​၏​ကျောင်း​တော်​ဝင်း​တိုင်​အောင်​ကိုယ်​တော် ၏​နောက်​က​လိုက်​လာ​ခဲ့​၏။ ထို​နောက်​ဝင်း​ထဲ​သို့ ဝင်​၍​ကိုယ်​တော်​၏​အ​မှု​မည်​သို့​အ​ဆုံး​သတ်​မည် ကို​သိ​ရှိ​နိုင်​ရန် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော် တပ်​သား​များ​နှင့်​အ​တူ​ထိုင်​လျက်​နေ​၏။-

59. ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​တ​ကွ​ယု​ဒ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​သည်​သ​ခင်​ယေ​ရှု အား သေ​ဒဏ်​ပေး​နိုင်​ရန်​မ​ဟုတ်​မ​မှန်​သော​သက်​သေ ကို​ရှာ​ကြ​၏။-

60. သို့​ရာ​တွင်​မ​တွေ့​ကြ။ မု​သား​သက်​သေ​ကား​အ​များ ပင်​ရှိ​၏။ နောက်​ဆုံး​၌​လူ​နှစ်​ယောက်​သည်​ရှေ့​သို့​ထွက် လာ​ပြီး​လျှင်၊-

61. ``ဤ​သူ​က `ငါ​သည်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို ဖြို​ဖျက်​၍​သုံး​ရက်​အ​တွင်း​ပြန်​လည်​ဆောက်​နိုင်​သည်' ဟု​ပြော​ဆို​ပါ​သည်'' ဟူ​၍​သက်​သေ​ခံ​ကြ​၏။

62. ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​နေ​ရာ​မှ​ထ​၍ ``သင့်​အား ထို​သူ​တို့​မည်​သို့​စွပ်​စွဲ​ထွက်​ဆို​ကြ​ပါ​သ​နည်း။ သင့်​မှာ​မည်​သို့​မျှ​ဖြေ​ကြား​စ​ရာ​မ​ရှိ​ပါ​သ​လော'' ဟု​ကိုယ်​တော်​အား​မေး​၏။-

63. သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​ဆိတ်​ဆိတ်​နေ​တော် မူ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က ``သင်​သည်​ဘု​ရား သ​ခင်​၏​သား​တော်​မေ​ရှိ​ယ​လော။ ငါ့​အား​ဖြေ ကြား​လော့။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​ကို​တိုင်​တည်​၍​သင့်​အား​ငါ​မေး​၏'' ဟု ဆို​၏။

64. သ​ခင်​ယေ​ရှု​က ``သင်​ဆို​သည်​အ​တိုင်း​မှန်​၏။ သို့ ရာ​တွင်​သင်​တို့​အား​ငါ​ဆို​သည်​ကား​နောင်​အ​ခါ တွင်​လူ​သား​သည်​အ​နန္တ​တန်​ခိုး​ရှင်​၏​လက်​ယာ ဘက်​တွင်​ထိုင်​လျက်​နေ​သည်​ကို​လည်း​ကောင်း၊ မိုး တိမ်​ကို​စီး​၍​ကြွ​လာ​တော်​မူ​သည်​ကို​လည်း​ကောင်း သင်​တို့​မြင်​ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။

65. ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​မိ​မိ​၏​အ​ဝတ် ကို​ဆွဲ​ဆုတ်​ပြီး​လျှင် ``ထို​သူ​သည်​ဘု​ရား​သ​ခင်​ကို ပြစ်​မှား​ပြော​ဆို​ချေ​ပြီ။ ငါ​တို့​သက်​သေ​များ​ထပ်​၍ မ​လို​တော့​ပြီ။ ဘု​ရား​သ​ခင်​အား​သူ​ပြစ်​မှား​ပြော ဆို​သည်​ကို​သင်​တို့​ယ​ခု​ကြား​ရ​ကြ​ပြီ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 26