36. ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့နှင့် အတူဂေသရှေမန်နာမည်ရှိသောအရပ်သို့ ရောက်ရှိတော်မူ၏။ ကိုယ်တော်က ``ငါသည်ထို နေရာသို့သွား၍ဆုတောင်းနေစဉ်သင်တို့ ဤနေရာတွင်စောင့်နေကြလော့'' ဟုတပည့် တော်တို့အားမှာကြားတော်မူပြီးလျှင်၊-
37. ပေတရုနှင့်ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွားတော်မူ၏။ ကိုယ်တော်သည်စိတ်မချမ်း မသာဖြစ်တော်မူလျက်လွန်စွာသောကရောက် တော်မူသဖြင့်၊-
38. ``ငါသည်သေလုအောင်စိတ်ဒုက္ခရောက်လှ၏။ သင်တို့သည်ဤနေရာတွင်ငါနှင့်အတူစောင့် နေကြလော့'' ဟုတပည့်တော်သုံးဦးအား မိန့်တော်မူ၏။-
39. ထိုနောက်ရှေ့သို့အနည်းငယ်ကြွတော်မူ၍မြေ ပေါ်တွင်ပျပ်ဝပ်တော်မူပြီးလျှင် ``အို အကျွန်ုပ် ၏အဖ၊ ဖြစ်နိုင်ပါကဤဒုက္ခဝေဒနာခွက်ကို အကျွန်ုပ်ထံမှလွှဲဖယ်ပေးတော်မူပါ။ သို့ရာတွင် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ပါ။ ကိုယ်တော် ၏အလိုတော်အတိုင်းသာဖြစ်စေတော်မူပါ'' ဟုဆုတောင်းတော်မူ၏။
40. ထိုနောက်ကိုယ်တော်သည်တပည့်တော်သုံးဦးတို့ ထံသို့ပြန်လာတော်မူရာ၊ အိပ်ပျော်လျက်နေ ကြသည်ကိုတွေ့တော်မူသဖြင့် ``သင်တို့သုံး ယောက်သည်တစ်နာရီမျှပင်စောင့်၍မနေ နိုင်ကြသလော။-
41. စုံစမ်းသွေးဆောင်ခြင်းကိုခံရပ်နိုင်မည့်အကြောင်း ဆုတောင်း၍စောင့်နေကြလော့။ စိတ်ဆန္ဒရှိသော်လည်း ကိုယ်ခန္ဓာကားအားနည်း၏'' ဟုပေတရုအား မိန့်တော်မူ၏။
42. ထိုနောက်ကိုယ်တော်သည်ဒုတိယအကြိမ်ကြွ သွားတော်မူပြန်၍ ``အကျွန်ုပ်၏အဖ၊ ဤဒုက္ခ ဝေဒနာခွက်ကိုအကျွန်ုပ်ထံမှလွှဲဖယ်၍ မဖြစ်ပါကကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ'' ဟုဆုတောင်းတော်မူ၏။-
43. ကိုယ်တော်နောက်တစ်ကြိမ်ပြန်လာတော်မူသော အခါတပည့်တော်တို့သည်မျက်စိလေးလံ သဖြင့်အိပ်ပျော်လျက်နေကြသည်ကိုတွေ့ တော်မူ၏။
44. ကိုယ်တော်သည်သူတို့ထံမှတစ်ဖန်ကြွသွား တော်မူပြီးလျှင်ယခင်ကမြွက်ဆိုသည် အတိုင်းတတိယအကြိမ်ဆုတောင်းတော်မူ၏။-